နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆော်ဒီရှိမြန်မာအလုပ်သမား ၂၆ ဦးလုံခြုံစွာရှိနေ


ကျော်စွာဝင်း 
RB News 
11.1.2013 

ဂျဒ္ဒား ။ ။ ဆော်ဒီအာရေဗျာနိုင်ငံသို့ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အလုပ်လုပ် ရန်ရောက်ရှိ သွားသော မြန်မာအလုပ်သမား ၂၆ ဦးမှ ဗုဒ္ဓဘာသာဝင် ၁၂ ဦးသည်ဆော်ဒီအာရေ ဗျာနိုင်ငံ တွင်နေ ထိုင်နေ ကြသော မြန်မာနိုင်ငံဖွားအစ္စလာမ်ဘာသာဝင်မွတ်စလင်များ၏ ခြိမ်းခြောက်ခြင်းကို ခံနေရသည်ဟု သတင်းများလွန်ခဲ့ သည့် ဇန်န၀ါရီလ (၅) ရက်နေ့မှစ၍ မီဒီယာအချို့နှင့် အင်တာနက် စာမျက်နှာ များပေါ်တွင်ပျံ့နှံ့လျက် ရှိသည်။ 

ထိုနေ့တွင်ပင် RB News မှအခြေအနေမှန်ကို စုံစမ်းသိရှိရသော်လည်း RVision မှတင်ဆက်မည့် ဗီဒီယို အင်တာဗျူး အတွက် စောင့်နေခြင်းကြောင့် သတင်းမှန်တင်ပြရ ရန်နှောင့်နှေး ရခြင်းဖြစ်သည်။ 

“ကျွန်တော်တို့ လူတွေအသတ်ခံနေရ တာကြားတော့ ကျွန်တော်တို့ အရမ်းခံစားတယ်။ အဲဒီတော့ ခံနိုင်ရည် မရှိတဲ့လူတချို့က ခြိမ်းခြောက်တာပါ။ တကယ်ကိုယ် ထိလက်ရောက် ဘာမှမလုပ်ခဲ့ဘူး။ အဲဒါ ဇွန်လတုန်းက ပါ။ ရက်ပိုင်းလောက် ပါဘဲ။ အခု ခြိမ်းခြောက်နေတယ်ဆို တာတော့လုံးဝ မဟုတ်ဘူး။ အဲဒီ လူတွေကိုဖုန်း ဆက်မေးလို့ရတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာတွေက ကိုယ့်နိုင်ငံက လူတွေဆိုပြီး တတ်နိုင် သလောက်ကူညီ ခဲ့တယ်” ဟုဂျဒ္ဒားမြို့တွင် အလုပ်လုပ်ကိုင်လျက်ရှိသော ရိုဟင်ဂျာ တစ်ဦးမှ RB News သို့ ဇန်န၀ါရီလ (၆) ရက်နေ့ တွင်ပြောခဲ့ပါသည်။ 

ဇန်န၀ါရီလ (၅) ရက်နေ့မှ စ၍ မီဒီယာအချို့မှဖြန့်ခဲ့သည့် ကောလဟလသတင်းကို RVision မှတင်ဆက် ထားသောအောက်ပါ ဗီဒီယိုအင်တာဗျူးကို ကြည့်၍ လူကြီးမင်းကိုယ်တိုင်ဆုံးဖြတ်ပါ။

Comment ရေးရန်

Rohingya Exodus