နေ့စဉ်နှင့်အမျှတိုးပွားလာသောရခိုင်ပြည်နယ်အာဏာပိုင်များ၏ဒုက္ခပေးမှုများ
Qutub Shah
RB News
14.1.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိရိုဟင်ဂျာလူမျိုးများသည် အာဏာပိုင်များမှငွေ ညှစ်ခြင်း၊ အမျိုးသမီးများအားနှောက်ယှက်ခြင်း၊ မဟုတ်မမှန်စွပ်စွဲ၍ဖမ်းဆီးခြင်း၊ အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲညှင်းပန်းနှိပ်စက်ခြင်း၊ ပိုင်ဆိုင်သည့်ပစ္စည်းများကို လုယက်ခြင်းများကြောင့် နေ့စဉ်ဒုက္ခရောက်လျက်ရှိသည်။ ထို့အပြင်အစာရေစာချို့တဲ့မှု၊ ဆေးဝါးနည်းပါးမှုတို့ကိုလည်း ကြုံတွေ့နေရသည်။
ဇန်န၀ါရီလ (၁၁) ရက်နေ့ည ၉ နာရီတွင် ဇင်ပိုင်ည (ဇမ်ဘွိုင်နား) စခန်းမှနစက ၅ ဦးသည် ဇင်ပိုင်ညရွာမှ ဦးဇာဟီဒ်ဟူစိန်း (ဘ) ဦးအဒူအာမီးန်၏နေအိမ်သို့ လက်ကိုင်ဖုန်းနှင့် ဘင်္ဂ လားဒေ့ရှ်မှလက်ကိုင်ဖုန်းဆီးမ်ကဒ်ရှာရန်အကြောင်းပြ၍၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ အကြောင်းပြ၍၀င်ရောက်ခဲ့သော်လည်း အိမ်သို့ဝင်ရောက်ပြီးနောက် ဦးဇာဟီဒ်ဟူစိန်း၏ ညီမဖြစ်သူ ဒေါ်ဆလီမာခါတွန်အားသားမယားအဖြစ်မုဒိန်းကျင့်ရန်ကြိုးစားခဲ့ကြသည်။ ဒေါ် ဆလီမာခါတွန်မှထွက်ပြေးရန်ကြိုးစားသော်အခါ နစကတစ်ဦးမှ သူမအားခြေထောက်ဖြင့် ကန်လိုက်ရာထိုနေရာတွင်လဲကျခဲ့သည်။ ထို့နောက်သူမမှအော်ဟစ်၍အကူအညီတောင်း ရာ၊ သူမ၏အစ်ကို ၃ ဦးရောက်ပြီး သူမအားလူယုတ်မာများ၏အန္တရာယ်မှကာကွယ်ပေးနိုင် ခဲ့ပြီး နစကများထွက်ပြေးသွားခဲ့ကြသည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင်နစကနယ်မြေ (၆) မှသူမ၏မိသားစုဝင် ၈ ဦးလုံးအားဖမ်းဆီးရန် ရွာအုပ်ချုပ်ရေးမှူးထံသို့ ၀ရမ်းပို့ခဲ့သည်။ ထိုသို့ဖမ်းဆီးရန် ၀ရမ်းထုတ်ခံရသူများမှာ
(၁) ဦးဟမိဒ်ဟူဆောင် (ဘ) ဦးအဒူရှကူရ် (ဒေါ်ဆလီမာခါတွန်၏ခင်ပွန်း)
(၂) ဒေါ်ဇူရာခါတွန် (ဘ) ဦးအိုလီအဟမတ် (ဒေါ်ဆလီမာခါတွန်၏မိခင်)
(၃) ဦးဇာဟီဒ်ဟူစိန်း (ဘ) ဦးအဒူအာမီးန်
(၄) ဦးမုခ်သာဟူစိန်း (ဘ) ဦးအဒူအာမီးန်
(၅) ဦးအက်သာဟူစိန်း (ဘ) ဦးအဒူအာမီးန်
(၆) ဦးဘဲလာလ်ဟူစိန်း (ဘ) ဦးအဒူအာမီးန်
(၇) ဦးဆဒမ်ဟူစိန်း (ဘ) ဦးအဒူအာမီးန်
(၈) ဒေါ်ဆလီမာခါတွန် (ဘ) ဦးအဒူအာမီးန် - တို့ဖြစ်သည်။
ဇန်န၀ါရီလ (၁၀) ရက်နေ့ည ၉း၃၀ နာရီတွင် ဇင်ပိုင်ည (ဇမ်ဘွိုင်နား) ကျေးရွာအုပ်စု၊ သဲချောင်း (ဘလော်ခါလီ) မှ ဦးဘဆီရ်အဟမတ် (ဘ) ဦးဘဂ်ျဂျာသည် ကျောက်လှေခါး (ဒါဂါဖာရာ) သို့သွားရာ လမ်းတွင်နစကနယ်မြေ (၆) မှမဖ်းဆီး၍စခန်းတွင်ထိန်းသိမ်းထား ခဲ့သည်။ ထို့နောက် ဇန်န၀ါရီလ (၁၁) ရက်နေ့တွင်ငွေကျပ် ၆ သိန်းယူ၍ပြန်လည်လွှတ်ပေး ခဲ့ကြောင်းသိရသည်။
ကျောက်တော် ။ ။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် လက်မောင်းကူရီရွာ (ဘာရာဖာရာ)၊ ကျောက်တော်မြို့နယ်တွင် တောင်ပေါက်ကျေးရွာမှ ရခိုင်အစွန်းရောက်များလာရောက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိနေသည့်အချိန်တွင် ရိုဟင်ဂျာရွာသားများထံမှ နွား ၉ ကောင်ကို လုယူသွားခဲ့သည်။ ထိုသို့လုယက်ခံရသည့် နွား ၉ ကောင်၏ပိုင်ရှင်များမှာ -
(၁) ဦးအုမ္မာရ် (ဘ) ဦးနူရူကဘီရ် (နွား ၇ ကောင်ပိုင်ရှင်)
(၂) ဦးဂီယာစ်အုဒ္ဒင်း (ဘ) ဦးဆီရာဂျူလ်ဟောက် (နွား ၂ ကောင်ပိုင်ရှင်) - တို့ဖြစ်သည်။
မင်းပြား ။ ။ အအေးဒဏ်ကိုခါးခါးသီးသီးခံစားနေရပြီး၊ အစာရေစာချို့တဲ့မှု၊ အနွေးထည် နည်းပါးခြင်း၊ ဆေးဝါးမပြည့်စုံခြင်းနှင့် အငတ်ဘေးဒဏ်ကြုံတွေ့မှုများကြောင့်ဒုက္ခသည် စခန်းနှင့်စခန်းပြင်ပတွင်နေထိုင်သူအများအပြားမှာအသက်အန္တရာယ်နှင့်ကြုံတွေ့လျက်ရှိ သည်။ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် ဆန်းဂရီဘောင်း (ဆန်းဂရီဖာရာ)မှ ဦးနူရ်ဟာဘား (ဘ) ဦးဆယာဒ်အဟမတ် (အသက် ၃၇ နှစ်) ကွယ်လွန်သွားကြောင်းသိရသည်။ ထိုကဲ့သို့ ရာပေါင်းများစွာသောဒုက္ခသည်များ၊ အထူးသဖြင့်ကလေးငယ်များ၏အခြေအနေမှာအထူး စိုးရိမ်ဖွယ်ရာရှိကြောင်းသတင်းရရှိပါသည်။