နိုင်ငံသားရပိုင်ခွင့်တောင်းဆိုလျှင် အကြမ်းဖက်ခံရမည်ဟုဆို
Qutub Shah
RB News
14.1.2013
ထို စရဖနှစ်ဦးရောက် ရှိလာသည့်နေ့မှစ၍ အင်းဒင်ရွာသား ၄ ဦးကိုနေ့ပိုင်းခေါ်၍ စရဖစခန်း၌ အလုပ်ခိုင်းပြီး ညဘက်တွင်လည်း လုံခြုံရေးဟုဆို၍ ၄ ဦးကိုခေါ်ပြီး အလုပ်ခိုင်း လျက်ရှိ သည်။ မြန်မာနိုင်ငံတွင် အတင်း အဓမ္မစေခိုင်းခြင်းကို တားမြစ်ထားသော်လည်း အင်းဒင်ရွာ သားရိုဟင်ဂျာ များကိုလုပ်အားခမပေးဘဲ အတင်း အဓမ္မအာဏာဖြင့် ခိုင်းစေလျက်ရှိကြောင်း ဒေသခံတစ်ဦးမှ RB News သို့ပြောသည်။
ယခုလ (၅) ရက်နေ့နံနက် ၉း၃၀ နာရီတွင် မောင်းတောမြို့တောင်ပိုင်း မြ၀တီရခိုင်ရွာရှိ စစ်သားများမှ ချင်းခါ လီရွာမှ ဦးရဟီးမူလ္လာ (ဘ) ဦးဖဇလ်အား ဇွန်လအကြမ်းဖက်မှုတွင်ပါ ၀င်ပတ်သက်ခဲ့သည်ဟု စွပ်စွဲ၍ ရိုက်နှက်ပြီး ဖမ်းဆီးသွားသည်။ မြ၀တီရွာရှိ စခန်းတွင် ယခုအ ချိန်ထိ ချုပ်နှောင်ထားကြောင်း သိရသည်။
ပေါက်တော ။ ။ ဇန်န၀ါရီလ (၈) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးနှင့် အဖွဲ့လာ ရောက်ရန်ရှိ သဖြင့် ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးများနှင့် စစ်တိုင်းမှူး တို့ပေါက်တောမြို့ရှိ ဒုက္ခသည်စခန်း သို့လာရောက် ခဲ့ပြီး ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့သည်။ စစ်တိုင်းမှူးမှဒုက္ခ သည်များ၏ ဆန္ဒကိုမေးမြန်း ရာ - ဒုက္ခသည် များမှအချက် (၃) ချက်ကိုတောင်းဆိုခဲ့သည်။ ထိုအချက်များမှာ -
(၁) နေအိမ်များပြန်လည်ဆောက်မပေးမှီ နိုင်ငံသားအသိအမှတ်ပြုရမည်။
(၂) နေအိမ်များပြန်လည်ဆောက်ပေးရမည်။
(၃) မိုးရာသီမတိုင်မှီမိမိတို့၏မူရင်းရွာများသို့ပြောင်းရွှေ့နေထိုင်ခွင့်ပြုရမည်။
စစ်တိုင်းမှူးမှ ထိုတောင်းဆိုချက်များမှ နံပါတ် (၁) အချက်ကိုမတောင်းဆိုရန်ပြောကြားပြီး၊ အကယ်၍ ထို အချက် ကိုတောင်း ဆိုမည်ဆိုပါက ရခိုင်များမှ မွတ်စလင်များ၏ ရွာများကို ပြန်လည်မီးရှို့၍ တိုက်ခိုက် လိမ့် မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟုသိရသည်။
ကျောက်ဖြူ ။ ။ မွတ်စလင်ဒုက္ခသည်များမှာ စားနပ်ရိက္ခာမလုံလောက်မှု၊ ဆောင်းရာသီတွင် အနွေး ထည်၊ စောင်လုံလုံလောက်လောက်မရှိမှုတို့ကြောင့် အအေးဒဏ်ကိုအလူးအလိမ့် ခံစားနေရသည်။ ထိုသို့ အအေးဒဏ်ကြောင့် ကျောက်ဖြူမြို့ဒုက္ခသည်စခန်းမှ (၃) ဦး ဇန်န၀ါ ရီလ (၈) ရက်နေ့ တွင်သေဆုံး ခဲ့ရ သည်။ သေဆုံးသူများတွင် အသက် (၈၆) နှစ်အရွယ် ရိုဟင်ဂျာအဖွားအိုတစ်ဦး၊ အသက် (၂၁) နှစ်အရွယ် - ရဖိခ် (ဘ) ဦးဂူရာမျာနှင့် အသက် (၂၀) အရွယ် မျိုးမျိုးတို့ဖြစ်သည်။