March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ငါးခူရမှနစကများက ကြက်ရိုးပြင်ဈေးကိုဝင်ရောက်စီးနင်းပြီးသန်းပေါင်းများစွာယူဆောင်သွား


Qutub Shah 
RB News 
14.1.2013 

မောင်တော ။ ။ ဇန်န၀ါရီလ (၁၃) ရက်နေ့နံနက် ၁၁ နာရီတွင် မောင်တောမြို့မြောက်ပိုင်း လောင်းဒုံးကျေး ရွာအုပ်စု၊ ဆင်းဂရီပါရာ၊ မြဇံကိုနာမှ မော်လ၀ီနူးရ်အဟမတ် (ဘ) ဦးမိုဟာမတ်ရှဖီး (အသက် ၃၀ နှစ်) သည် မောင်တောမြို့နယ်မြို့ပေါ်သို့ ပစ္စည်းဝယ်ရန် သွားခဲ့သည်။ မော်လ ၀ီနူးရ်အဟမတ်အား မောင်တော မြို့နယ်လူကုန်ကူးမှုတားဆီးရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်စံမြင့်မှ လူကုန်ကူးနေသည်ဟု မဟုတ်မမှန်စွပ်စွဲ၍ ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ထိုသို့ ရဲအုပ်စံမြင့်မှ ၎င်းအားဖမ်းဆီးပြီးနောက် ငွေကျပ် ၈ သိန်းမပေး လျှင် ပြင်းပြင်း ထန်ထန်ရိုက်နှက်၍ပြစ်ဒဏ်ပေးခံရမည့်အပြင်ထောင်ဒဏ်လည်းချမည်ဟုခြိမ်းခြောက်ရာ နေ့ လည် ၃ နာရီတွင် ငွေကျပ် ၄ သိန်းပေး၍လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဇန်န၀ါရီလ(၁၂)ရက်နေ့ ည၈း၃၀နာရီတွင် ငါးခူရရှိ နစက နယ်မြေ(၅)မှ ဒုနယ်မြေမှူး ဗိုလ်မှူး ၀င်းလင်း ခေါင်းဆောင်သော နစက တပ်ဖွဲ့ဝင် ၃၀ ဦးသည် မောင်တောမြို့မြောက် ပိုင်းကီယာရီဖာရန် (ကြက်ရိုးပြင်) ရွာရှိဈေးကို ၀င်ရောက်စီးနင်းခဲ့သည်။ ထို့နောက်ေ ဈးအတွင်းရှိ ဆိုင်များမှ သန်းပေါင်း များ စွာ တန်ဖိုး  ရှိသော ပစ္စည်းများကို သယ်ယူသွားကြသည်။ အပြစ်မဲ့ ရိုဟင်ဂျာများမှ မိမိတို့၏ ဆိုင်ခန်း များ၏ အခြေအနေကို ကြည့်ရှူနေရာ၊ ထိုသို့ကြည့်ရှူနေသည့် လူငယ်များကို ဖမ်းဆီး၍ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသည့် အထိ ရိုက်နှက်ညှင်း ပန်း နှိပ်စက်ခဲ့ကြောင်း သိရသည်။ ထိုသို့ရိုက်နှက်နေစဉ် အခြားသော သူများမှာလည်းခြိမ်း ခြောက်ြ ခင်း ခံရသည်။ ဖမ်းဆီးခံရသူများကို ငါးခူရရှိ စခန်းတွင် ချုပ်နှောင် ထားပြီး မ ဟုတ် မမှန်သည့် အမှု များဖြင့် တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

ဖမ်းဆီးခံရသည့်အပြစ်မဲ့ရိုဟင်ဂျာများမှာ - 

(၁) အာဂ်ျမလ်ခန်း (ဘ) ဦးအဒူကာဆင် (အသက် ၂၁ နှစ်) 
(၂) မိုဟာမတ်အလီ (ဘ) ဦးအဒူဟာမိဒ် (အသက် ၂၃ နှစ်) 
(၃) မိုဟာမတ်အာယာစ် (ဘ) ဦးကာလာမျာ (အသက် ၁၈ နှစ်) 
(၄) ယူနုပ်စ် (ဘ) ဦးဆုလ်တာန် (အသက် ၁၅ နှစ်) 
(၅) ရှဖီခ် (ဘ) ဦးနူရ်ဟူစိန်း (အသက် ၁၈ နှစ်) 
(၆) ကမာလ်ဟူစိန်း (ဘ) ဦကာလာမျာ (အသက် ၂၀ နှစ်) 
(၇) အီလီယာစ် (ဘ) ဦးစလင်း (အသက် ၂၃ နှစ်) 
(၈) မိုဟာမတ်ဟာရှင် (ဘ) ဦးဖေဒန် (အသက် ၁၆ နှစ်) 
(၉) မိုဟာမတ်စလင်း (ဘ) ဦးအဒူဂဖာရ် (အသက် ၁၈ နှစ်) 
(၁၀) မိုဟာမတ်ဟာရှင် (ဘ) ဦးလာလူး (အသက် ၁၇ နှစ်) 
(၁၁) နူးရ်ဟာရှင် (ဘ) ဦးနူရ်အုလ္လာ (အသက် ၃၆ နှစ်) 

ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် နစကနယ်မြေ (၈) ကျောက်ပန်းဒိုစခန်းမှ နစကများသည် ကျောက်ပန်းဒို ရွာမှ ရိုဟင်ဂျာလူငယ် ၃ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး သွားခဲ့သည်။ ထိုနေ့မှစ၍ ၃ ရက်တိုင်တိုင် ညှင်းပန်းနှိပ်စက်၍ ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် တစ်ဦး ထံမှ ငွေကျပ် တစ်သိန်းစီ ယူ၍  ပြန်လည်လွှတ်ပေး လိုက်ကြောင်းသိရသည်။

ဖမ်းဆီးခံရပြီးငွေကျပ်တစ်သိန်းစီပေးပြီးလွတ်မြောက်လာသူ ၃ ဦးမှာ - 

(၁) မိုဟာမတ်အာလမ် (ဘ) ဦးဟာမိဒ်ဟူဆောင် (အသက် ၂၂ နှစ်) 
(၂) ဟာလာရာ (ဘ) ဦးမိုဟာမတ်ဟူစိန်း (အသက် ၂၁ နှစ်) 
(၃) မိုဟာမတ်ခန်း (ဘ) ဦးဟူဆောင် (အသက် ၁၈ နှစ်) - တို့ဖြစ်သည်။ 

မြေပုံ ။ ။ ဇန်န၀ါရီလ (၁၃) ရက်နေ့တွင် မြေပုံမြို့နယ်၌ ပြည်နယ်အစိုးရမှ တာဝန်ရှိ သူအချို့နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများမှ ရိုဟင်ဂျာလူမျိုး ငါးဦးနှင့် ရခိုင် လူမျိုးငါးဦး တို့ကို ဆင့်ခေါ်၍ အသင့်ပြင်ဆင် ထားသော ပုံစံတစ်စောင်တွင် လက်မှတ်ရေးထိုး ခိုင်းကြောင်းသိရသည်။ 

ထိုပုံစံတွင်ရေး သားထားသည်မှာ မြေပုံမြို့နယ်တွင် စုံစမ်းစစ်ဆေးပြီးနောက်နိုင်ငံခြားသား များနေ ထိုင် နေခြင်း ကိုရှာဖွေ မတွေ့ခဲ့လျှင် မြေပုံမြို့နယ်တွင်နေ ထိုင်သူများအားလုံး သည် ဒေသခံ များဖြစ်သည် ဟု ရေးသား ထားကြောင်း သတင်းရရှိပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus