နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေဆေးရုံကြီးတွင်ဆေးကုသရန်မလွယ်ကူသလို ခွဲခြားမှုများကြောင့်ဒုက္ခကြုံတွေ့နေရ


နေမင်းခ
RB News
10.1.2013


စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ရိုဟင်ဂျာလူနာများ အတွင်း လူနာ များအဖြစ် ကုသရန် လွန်စွာခက်ခဲ လျက်ရှိသည်။ ခွဲစိတ်ကုသရန် လိုအပ်သောကိစ္စများ၊ အရေးပေါ် လူနာများ၊ သာမာန် လူနာများ၊ ကလေးလူနာ များနှင့် သေခါနီး လူနာများအားလုံး အခက်အခဲများနှ င့်ကြုံတွေ့လျက်ရှိကြောင်းသိရ သည်။ အချိန်မှီဆေးရုံမရောက်၍ အသက်ဆုံးရှူံး ရခြင်း၊ ဘာသာစကား အခက်အခဲဖြစ်ခြင်း၊ လုံခြုံနွေးထွေးမှု မရှိခြင်း၊ ခွဲခြားနှိမ်ချဆက်ဆံခြင်းတို့နှင့်ကြုံကြိုက်နေရကြောင်း လူနာ အချို့၏ရင်တွင်းခံစားချက်များကို RB News သို့ပြောပါသည်။

လူနာများမှာ ကျန်းမာရေး အတွက်ဆေး ရုံဆေးခန်းများကို အားကိုး အားထားပြု ရသည်မှာ သဘာဝဖြစ် ပါ သည်။ ဆေးခန်းတွင် မကုသနိုင်သော ကိစ္စရပ်များ အားဆေးရုံတွင် ကုသမှ သာပျောက်ကင်း မည်မှာ လည်း အမှန်ပင် ဖြစ်သည်။ ယခုအခါ လူနာများ မှာဆေးရုံတက်ရမည်းကို အထူးစိုးရိမ်ကြောက် ရွှံ့လျက် ရှိကြ သည်။ ဆေးရုံဝန် ထမ်းများ၏ ဆက်ဆံရေးသည် လူမျိုး အပေါ်မူတည်သည်။ ရခိုင် လူမျိုးကို တစ်မျိုး ဆက် ဆံ၍ ဂရုစိုက်ပြီး၊ ရိုဟင်ဂျာ လူမျိုးကို တစ်မျိုးနှိမ်ချဆက်ဆံ၍ ဂရုစိုက်ရန်မလိုသော လူနာများ အဖြစ် သတ် မှတ်ထားကြသည်။

“ဆေးရုံတက်ဖို့ လိုလည်း ကျွန်တော်တို့တိုက်ရိုက် တက်လို့မရဘူး။ ဒီကဆေးခန်းတွေကနေ တဆင့် သူတို့ က နေဆေးရုံတက် ပါဆိုမှ တက်လို့ရတယ်။ ဆေးရုံကို ချက်ချင်း တက်လို့မရဘူး” ဟုဒေသခံ တစ်ဦးမှပြော သည်။

“ဆေးရုံရောက်တော့ ကျွန်တော်တို့ကို အခန်းတစ်ခုမှာ ထားတယ်။ အဲဒီမှာ လူနာတွေ စုထားတယ်။ ဆရာဝန် တွေတော့ လာကြည့်ပါတယ်။ အစားအသောက်အတွက် အရမ်းဒုက္ခရောက်တယ်။ ကျွန်တော် ဆိုထမင်း ၃ နပ်လောက် မစားရဘူး။ ၀ယ်ခိုင်းရင်လည်း ၅၀၀ - ၁၀၀၀ ကျပ်အပိုပေးရတယ်။ လူနာစောင့် လည်း တစ်ယောက်ထဲဆိုတော့ အလှည့်အလဲ လုပ်လို့မရဘူး။ ထမင်းချက်စားလို့ မရဘူး။ မီးမွှေးလို့ မရဘူးလို့ပြော တယ်။ အိမ်နဲ့လည်း အဆက်အသွယ် မရဘူး။ ဒီက အခြေအနေတွေကို သူတို့ ကိုပြောပြလို့ မရဘူး။ ဖုန်းလည်း ယူလာခွင့် မရှိဘူး။ ယူလာရင်လည်း ပိတ်ခိုင်း ထားတယ်။ ဆေးရုံကလည်း မကျွေးဘူး။ လဖက်ရည်တော့ တစ်ရက် ၂ ကြိမ် တိုက်ပါတယ်။ ကျွန်တော်တို့ အရမ်း ဒုက္ခရောက် ရပါတယ်” ဟုဆေးရုံ တက် ခဲ့ ဖူးသောသူ တစ်ဦးမှ ၎င်းကြုံတွေ့ခဲ့သော အခက်အခဲများကို RB News သို့ပြောသည်။

“ဒီကိစ္စကို အဆင်ပြေလွယ်ကူ သွားအောင် အမြန်ဖြေရှင်းပေးစေ လိုပါတယ်။ ကျွန်တော်တို့ဆီမှာ ဥစ္စာ ပစ္စည်းလည်း မရှိတော့ဘူး။ စီးပွားရေးလည်း လုပ်လို့မရတော့ဘူး။ ကျန်နေတဲ့ အသက်လေး တစ်ချောင်း အတွက်   တောင်စိတ်ချမ်းသာ လွတ်လပ်စွာ ကုသလို့ မရဘူး ဆိုရင် ကျွန်တော်တို့ ဘယ်လိုနေ ရတော့ မလဲ”ဟုဒေသခံ တစ်ဦးမှပြောပါသည်။

သွေးများ လိုအပ်သည့် အခါတွင်လည်းဆေးရုံမှ မရဘဲ အပြင်တွင် ရှာဖွေရကြောင်းကို “ကျွန်မ တို့သွေး လို တော့ဆေး ရုံမှာ သွေးမရဘူး။ အပြင် ကပြန်ရှာခိုင်း တယ်။ သွေးကချက်ချင်း မရဘူး။ သွေးသွင်း ကုသ ရတဲ့နေ ရာမှာလည်းအရမ်းကိုခက်ခဲ တယ်” ဟုဆေးရုံတက်ခဲ့ရာ တွင်သွေးကြောင့် အခက်အ ခဲရောက်ခဲ့ ဖူးသောဒေသ ခံအမျိုးသမီး တစ်ဦးမှပြောပါသည်။

“ဆေးရုံ တက်ရတော့ ကြက်ခြေနီ ကားနဲ့ လာခေါ်တယ်။ လူနာစောင့် တစ်ယောက်ဘဲ လိုက်လို့ရတယ်။ ကျွန်မတို့လူနာကဆီးချို တွေတက်ပြီးသတိလစ်နေတော့ အရမ်းစိတ်ပူတယ်။ တခြားလူပိုလည်း လိုက်သွား လို့မရ ဘူး။ ဘာအဆက် အသွယ်မှလည်း မရဘူး။ ကျွန်မတို့ လူနာကသေ လားရှင်လားတောင် မသိရလောက်အောင် အဆက်အသွယ်ပျက်နေပါတယ်” ဟုယခုလက်ရှိ လူနာရှင်တစ်ဦးမှ RB News သို့ပြောသည်။

“ဆေးရုံမှာ ညဘက် နတ်စ်မတွေက ကျွန်မတို့ နားမလည်ဘူးထင်ပြီး ဟိုဘက်က ကုလားမတွေ ဘာရော ဂါလဲ အဲဒီလိုကုလား ဆိုတဲ့ အသုံးအနှုန်းနဲ့ခွဲခြားနှိမ် ချပြီးခေါ်ကြတယ်” ဟုလူနာစောင့်လုပ်ရန် လိုက် သွားသော အမျိုးသမီးတစ်ဦးမှ ၎င်း၏အတွေ့ အကြုံကိုပြောသည်။

Comment ရေးရန်

Rohingya Exodus