နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောရှိနစကနယ်မြေ (၈) မှဖမ်းဆီးငွေညှစ်မှုများအဆက်မပြတ်ပြုလုပ်လျက်ရှိ


Qutub Shah 
RB News 
10.1.2013 

မောင်တော ။ ။ မောင်းတောမြို့နယ်၊ ကျောက်ပန်းဒိုကျေးရွာအခြေစိုက် နယ်စပ်ဒေသကွပ်ကွဲရေးနယ်မြေ (၈) မှ အနီးအနားရှိရွာများမှ ဆင်းရဲသည့်ရွာသားများကိုဖမ်းဆီး၍ငွေညှစ်နေသောကြောင့် စားရေး သောက်ရေးပင်အခက် အခဲဖြစ်နေရသည်။ ဇန်န၀ါရီလ (၆) ရက်နေ့ညတွင် သီးနှံကြိတ်ခွဲစက်ပိုင်သည့် မော်လ၀ီဦးဟလီမ် (ဘ) ဦးအဘူလ်ဘော်ရှော်ထံမှ ငွေကျပ် ၃ သောင်းယူသွားပြီး၊ အခြားသီးနှံကြိတ်စက် ပိုင်ဆိုင်သည့် ဦးဖေဒန် (ဘ) ဦးမိုဂူလ်နှင့် ဦးဂျမာလ် (ဘ) ဦးမိုဂူလ်တို့နှစ်ဦးထံမှာ ငွေကျပ် ၂ သောင်းခွဲစီယူ ခဲ့ကြောင်းသိရသည်။ သီးနှံကြိတ်ခွဲစက်နှင့်သီးနှံကြိတ်ခွဲ ရာတွင်ခွင့်ပြုချက်တစ်စုံတစ်ရာတောင်းခံရန်မလို အပ်သော်လည်း ထိုသူများထံမှခွင့်ပြုချက်မယူ၍သီးနှံကြိတ်ခွဲသည်ဟု အကြောင်းပြ၍ ထိုငွေများကိုယူသွား ခြင်းဖြစ်သည်။ 

ညမထွက်ရအမိန့်သည် ည ၁၀ နာရီမှစတင်၍အကျုံးဝင်သောလည်း ဦးမိုဟာမတ်ဟာရွန် (ဘ) ဦးဆယာဒ် အဟမတ်၊ ဦးဟာရှင် (ခ) ဦးအဒူရှကူရ်နှင့် ဦးဇနာလ် (ဘ) ဦးအဒူမိုနာဖ်တို့သည် ည ၉း၂၀ နာရီသို့အိမ်သို့ ပြန်သွားနေရာ နစက နယ်မြေ (၈) မှဖမ်းဆီး၍ တစ်ဦးထံငွေကျပ် တစ်သောင်းစီယူခဲ့ကြောင်းသိရသည်။ 

မြင့်လွတ်ရွာ (မေရူလာ) တွင်အိမ်ထောင်စုစာရင်းနှင့်လူဦးရေစစ်ဆေးခြင်းများကို ဇန်န၀ါရီလ (၃) ရက်နေ့မှ စတင်ခဲ့ရာ လက်မှတ်ထိုးရန်ငြင်းဆန်ခဲ့သည့် အိမ်ထောင်ဦးစီး (၆) ဦးကို နစကနယ်မြေ (၈) စခန်းအမှတ် (၁၇) မှဖမ်းဆီးခေါ်ဆောင် သွားပြီး ယခုအချိန်ထိချုပ်နှောင်ထားကြောင်းသိရသည်။ ထိုသို့ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၆) ဦးမှာမြင့်လွတ်ရွာအုပ်စု၊ ရှရီဒါရွာမှဖြစ်ကြသည်။ ဖမ်းဆီးခံထားရသူများမှာ - 

(၁) ဦးအဲရှာဒုလ္လာ (ဘ) ဦးဇဖရ်အဟမတ် (အသက် ၄၅ နှစ်) 
(၂) ဦးဆယာဒ်အာလမ် (ဘ) ဦးနဇီးရ်ဟူစိန်း (အသက် ၄၀ နှစ်) 
(၃) ဦးအဘူကလာမ် (ဘ) ဦးရှာကဲရ် (အသက် ၃၅ နှစ်) 
(၄) ဦးဟူစိန်းအဟမတ် (ဘ) ဦးဂျလာလ်အဟမတ် (အသက် ၄၇ နှစ်) 
(၅) ဦးယူစွတ် (ဘ) ဦးဂျလာလ်အဟမတ် (အသက် ၄၂ နှစ်) 
(၆) ဦးရှာဘ်မျာ (ဘ) ဦးကဘီရ်အဟမတ် (အသက် ၄၀ နှစ်) 

မြင်လွတ်ရွာအရှေ့ပိုင်းရှိရိုဟင်ဂျာများ၏နေအိမ်များသို့ နစကများသွားရောက်၍ နေအိမ်ရှိပစ္စည်းများဖျက် ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများကိုယူဆောင်သွားခြင်းများကိုပြုလုပ်ခဲ့ကြောင်းဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာဘင်္ဂလီဇတ်သွင်းရာတွင်လက်မှတ်မထိုးနိုင်ဟုငြင်းဆိုသူများကို လက်မှတ်ထိုးလာရစေရန်အတွက် အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။ 

Comment ရေးရန်

Rohingya Exodus