နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေါက်တာအေးမောင်ရဲ့အဆိုကို ဘယ်လိုအကြောင်းပြပြီး ဆွေးနွေးဖို့ လက်မခံခဲ့တာလဲ?


ကျော်စွာဝင်း 
RB News 
10.2.2013 

ဖေဖော်ဝါရီလ (၇) ရက်နေ့မှာ ကျင်းပခဲ့သည့် ပထမ အကြိမ် အမျိုးသား လွှတ်တော်၊ ဆဌမအကြိမ် ပုံမှန် အစည်းအဝေး ၁၆ ရက်နေ့မြောက် (ဒုတိယပိုင်း) တွင် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ဥက္ကဌ၊ အမျိုး သား လွှတ်တော် ကိုယ်စားလှယ်  ဒေါက်တာအေးမောင်မှ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ် ၌ ဘင်္ဂလီ ဆူပူမှုကြောင့်ဖြစ်ပွား ခဲ့သည့် ပဋိပက္ခ အပေါ်ဆင်ခြ င်သုံးသပ်ပြီးနိုင်ငံတော်၏ အချုပ်အခြာအာ ဏာ တည်တံ့ခိုင်မြဲရေး အတွက်နယ်စပ် လုံခြုံရေး၊ နယ်မြေ အုပ်ချုပ်ရေးနှင့် လူဝင်လူထွက် စီမံခန့်ခွဲရေး ဆိုင်ရာ မဟာဗျူဟာမြောက်ရေတို ၊ ရေရှည်အထူး အစီအမံတို့ဖြင့် ဦးစားပေးဆောင်ရွက် ရန်တိုက် တွန်း ကြောင်း အဆိုတင်သွင်းခဲ့သည်။ 

တင်သွင်းခဲ့သည့်အဆိုအပြည့်အစုံကို ဤနေရာတွင်ဖတ်ရှူပါ - http://bit.ly/V3I06d

သို့သော် အဆိုပါ အဆိုတင် သွင်းခြင်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးလှဆွေမှ အဆိုတင်သွင်း ရန်စောနေသေးကြောင်းပြောဆို၍ အဆိုတင် သွင်း ရန် သဘော မတူကြောင်းပြောကြခဲ့ သည်။ ထို့အပြင် အမျိုးသား လွှတ်တော်သို့ အဆိုတင်သွင်း ရန်လွှတ်တော် ကိုယ်စားလှယ် ၄၀ ဦး၏ ထောက်ခံမှု လိုအပ်၍ တောင်းခံခဲ့ရာ ၁၈ ဦးသာထောက်ခံခဲ့ ၍ အဆို ပါ အ ဆို ကို ဆွေးနွေးရန်ငြင်း ပယ်ခဲ့သည်။ 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ဦးလှဆွေပြောကြား ခဲ့သည့် အကြောင်းအရာ အပြည့် အစုံမှာ - 

ဥက္ကဌကြီးခင်ဗျား - ဒီအဆိုဟာ တင်ထားတာကြာပြီ ဆိုပေမယ့်လည်း အခုနေမှာဆွေးနွေးရန်အချိန်စော တယ်လို့ ကျွန်တော့် အနေနဲ့ ယူဆပါတယ်။ တရားရုံးက တရားခံလို့ မဆုံးဖြတ်ရသေးခင်မှာ ဒီလူကတရားခံ ပါလို့ပြောရင် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စွက်ဖက်ရာရောက်တယ်လို့ အဆိုရှိပါတယ်။ ဒီရခိုင်ပဋိပက္ခစုံ စမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အခုထွက် မလာသေးပါဘူး။ ဒါနိုင်ငံတော် သမ္မတကြီး ဖွဲ့စည်းပေး ထားတဲ့ ကော်မရှင်ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ အခုနားက အဆိုရှင်ပြော သလိုပေါ့၊ ချိန်ကိုက် လှုပ်ရှားမှုကဘယ် သူ၊ မီးလောင်ရာကို ဓါတ်ဆီလောင်း တာက ဘယ်သူပေါ့၊ ဒါတွေကို အဖြေမပေါ်ခင်မှာ ဒီကိစ္စကိုကျွန် တော် တို့ဆွေးနွေး မယ်ဆိုရင် ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို လွှတ်တော်က သွားပြီးတော့ Pressure ပေးသလိုဖြစ်မယ်လို့  ကျွန်တော့် အနေနဲ့ ယူဆပါတယ်။ ဥပမာအားဖြင့် ၂၈ ရက်နေ့ မှာ ကျောက် နီမော်မှာ အဓမ္မမှုဖြစ်တယ်။ ၂၉ ရက်နေ့မှာ အဆိုရှင်ရဲ့ပါတီညီလာခံ ၃ ရက်လုပ်တယ်။ ၃ ရက်နေ့ မှာ မွတ်စလင်ဘာသာ ၀င် ၁၀ ဦးတောင်ကုတ်မှာ အသတ်ခံရတယ်။ အဲဒီနေ့မှာဘဲ အဆိုရှင်ရဲ့ ပါတီ က လူစုလူဝေး နဲ့စစ်တွေအ မှတ် (၁) ရဲစခန်းကို ၀ိုင်းဝန်း အကြမ်းဖက်တယ်။ ဆိုတော့ ချိန်ကိုက် လှုပ်ရှား မှုတွေ၊မီးလောင်ရာဓါတ်ဆီ လောင်တာတွေဟာ ဘယ်သူလဲဆိုတာအခု အချိန်မှာ စုံစမ်း စစ်ဆေးရေးကော် မရှင်က စုံစမ်းဆဲကာလဖြစ် တယ်။ ဒါကြောင့် မို့ဒီအချိန်မှာ ကျွန်တော်တို့က ဒါကြီးကို အားကောင်းမောင်း သန်သွားဆွေးနွေး လိုက်ရင် စုံစမ်းစစ်ဆေးရေးကော်မရှင်ပေါ်မှာ Pressure ဖြစ်မယ်။ ဒါကြောင့်မို့ ကျွန်တော် တို့က ဆွေးနွေးဖို့သင့်ပါတယ်။သို့သော်နည်းနည်းစောသေးတယ်။ ဟိုကော်မ ရှင်က အဖြေထွက် လာတဲ့ အချိန်ကျမှ ကျွန်တော် တို့ဆွေးနွေး ရအောင်။ ဘာလို့ ဆိုတော့ သမ္မတကြီးက လည်းပြော ထားတယ်။ ဟုတ်လား အသစ်ဝင်လာ တဲ့သူတွေအတွက်ကိုတော့လောလောဆယ် UNHCR Camp မှာဘဲ ထားပြီးတော့ တတိယနိုင်ငံကိုပို့ မယ်။ သူ့သဘော ထားတွေကို။ ပြည်သူ့ လွှတ်တော် ဥက္ကဌကြီးကလည်း ပြော ဖူး တယ်။ ကျွန်တော်တို့ရဲ့ လွှတ်တော်ဆွေးနွေး ချက်တွေက အစိုးရအဖွဲ့ ကိုချောင် ပိတ်မိ သလို မဖြစ်စေ သင့်ဘူးလို့ ကျွန်တော်တို့ကို လမ်းညွန် မိန့်ကြားထား တာရှိပါတယ်။ ဒါကြောင့် မို့လို့ ဒီကိစ္စဟာ လတ် တ လောအားဖြင့် ကျွန်တော်တို့ ဆွေးနွေးဖို့တော့ သိပ်ကောင်း တယ်။ ဒါဟာ မဟာဗျူဟာ၊ နည်းဗျူ ဟာ၊ ဒါ တပ်မတော်ခေတ် အစိုးရလက်ထက် ကတည်းက ဒါ ကျွန်တော်ဆိုအဲဒီမှာ ၉ နှစ်လောက်နေ လာတာ။ တပ် မင်းချောင်းတို့ ဘူးသီးတောင်၊ မောင်တော အဲဒီမှာတပ်တွေ၊ အရင်တုန်း ကနပခမှာ ၃ရင်းရှိတာကနေ၃၃ရင်းဖြစ်သွားတဲ့အထိဒါကျွန်တော်တို့ကရှေးအလားအလာတွေမျှော် တွေးပြီး လုပ်တာ ။ ဆွေး နွေးဖို့ လည်းရှိ ပါတယ်။ သို့သော်လောလောဆယ် ကျွန်တော် တို့ဆွေးနွေး  လိုက်ရင် သမ္မတကြီး ဖွဲ့စည်း ထားတဲ့၊ သမ္မတ ကြီး ဖွဲ့စည်း တာတောင်မှ ရခိုင်ပြည်နယ် ပဋိပက္ခ လို့ဘဲပြော ပါတယ်။ ဘင်္ဂလီတွေ ဘာ တွေသူ မထည့်သေး ဘူး။ ဒီနေ့ပါတဲ့ သတင်းစာ ထဲမှာလည်း ရခိုင်ပြည်နယ် အတွင်းဖြစ်ပွား ခဲ့သော အခြေ အနေ အရပ်ရပ်ကြောင့် ဆိုပြီးတော့မှ တူရကီကဆန်တန်ချိန် ၁၀၀၀လှူ တယ်လို့ဒါအစိုးရအဖွဲ့ကသုံးတဲ့ ခေါင်းစဉ်ဖြစ် ပါတယ်။ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွား ခဲ့သောအခြေ အနေအရပ် ရပ်ကြောင့်လို့ သုံးထားပါ တယ်။ ရခိုင်ပြည် နယ်မှာ ဘင်္ဂလီဆူပူ မှုကြောင့် ဆိုပြီးတော့ ဒီလိုမျိုးမပြောပါဘူး။ ဆိုလိုတာက ကျွန်တော် တို့က ဒါဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ကို လွတ် လွတ် လပ်လပ် သူ့ကိုပေးပြီးတော့ စုံစမ်းစေတာ ကောင်း တယ်။ သူစုံစမ်းပြီးမှသူ့ရဲ့ အဖြေကိုမူ တည်ပြီး မှ အားရ ပါးရလွှတ်တော်ထဲမှာ ဆက်ပြီးတော့ဆွေး နွေးသင့် တယ် လို့ယူ ဆပါတယ်။ လောလော ဆယ်ဒီ အဆိုကို ဆိုင်းငံ့သင့်ပါကြောင့် ကျွန်တော့်အနေနဲ့ တင် ပြ ပါတယ်။ 

ဒေါက်တာအေးမောင်၏ အဆို တင်သွင်းမှု အပြည့်အစုံနှင့် ဦးလှဆွေ တို့ပြောဆိုမှု အပြည့်အစုံ ဗီဒီယိုမှတ် တမ်း ကိုအောက်ပါ ဗီဒီယို တွင်ကြည့် ရှူနိုင်ပါပြီ။

Comment ရေးရန်

Rohingya Exodus