နောက်ဆုံးသတင်း/ဆောင်းပါးများ

လှေစီးဒုက္ခသည် ၉၈ ဦးပျောက်ဆုံးနေ

ဖေဖော်ဝါရီ ၃ ရက်နေ့ကကယ်တင်လိုက်သောလှေစီးဒုက္ခသည်များ (ဓါတ်ပုံ - AFP)
RB News 
17.2.2013 

လွန်ခဲ့သည့် စနေနေ့ (၁၆-၂-၂၀၁၃) နေ့က သီရိလင်္ကာနိုင်ငံ ရေတပ်မှ ကယ်တင် လိုက်သော မြန်မာနိုင်ငံ မှလှေစီး ဒုက္ခသည် များ၏  ပြောကြား ချက်အရ ၎င်းတို့နှင့် အတူ စက်လှေ နှစ်စီးထွက်ခွာ လာခဲ့ပြီး ၉၈ ဦး မှာပျောက်ဆုံး နေကြောင်း သိရပါသည်။ 

အဆိုပါမြန်မာနိုင်ငံ သားလှေစီးဒုက္ခသည် ၁၃၀ သည်စက်လှေ ၃ စီးဖြင့်လွန်ခဲ့သောနှစ် လကျော် တွင် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ပြီး သြစတြေးလျနိုင်ငံသို့ သွားရန် ဦးတည်ခဲ့ပြီး စနေနေ့က သီရိလင်္ကာနိုင် ငံ ၏ အရှေ့ဘက် ကမ်းခြေတွင် စက်လှေပျက် ၍  ရေတပ်မှ ကယ်ဆယ် လိုက်ကြောင်း ဒေသ ခံရဲများ၏ ထုတ် ပြန်ကြေညာချက်တွင် ရေးသား ထားပါသည်။ အဆိုပါစက်လှေ ၃ စီးမှ ဒုက္ခသည် ၉၈ ဦး တင်ဆောင်လာ သောစက်လှေ ၂ စီးမှာပျောက်ဆုံးနေပြီး ကယ်တင်လိုက်သော စက်လှေတွင် အမျိုးသား ၃၁ ဦးနှင့် ကလေး ၁ ဦးပါရှိသည်။ ထို ၃၂ ဦးကို လိုအပ်သည့် ဆေးဝါးကုသမှုများ ပေးအပ်ရန် Galle မြို့၏ တောင် ပိုင်းဆိပ်ကမ်းသို့ ယနေ့ခေါ်ဆောင် လာပြီး ရေတပ်မှ အရေးပေါ်ကုသ များပြုလုပ်ပေး လျက်ရှိသည်။ 

၃၂ ဦးမှ ၄ ဦး၏ ကျန်းမာရေး အခြေအနေမှာ အလွန်တရာဆိုး ရွားနေကြောင်း ယနေ့ထုတ် သီရိလင်္ကာနိုင် ငံမှ သတင်း တစ်ရပ်တွင် ရေးသားဖော်ပြ ထားပါသည်။ 

AFP သတင်းဌာနမှ သီရိလင်္ကာနိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ သံရုံးပြောခွင့် ရှိ သူ ဦး အောင်စိုးမိုးမှ ၎င်းတို့ အနေဖြင့် လှေစီး ဒုက္ခသည် ၃၂ ဦးရောက်ရှိ နေသည်ကို သတင်းရ ပြီးဖြစ်ကြောင်း နှင့် အဆိုပါ ဒုက္ခသည်များဖြင့် စကားပြောရန် စောင့်ဆိုင်းနေကြောင်း ပြန်ကြား ခဲ့သည်။ 

ဒုက္ခသည် ၃၂ ဦးမှာပင်လယ်ပြင်တွင်စက်လှေပျက်ပြီး အစာရေစာပြတ်လပ်နေသည်မှာ ၂၁ ရက် ရှိပြီး ဖြစ် သည်။သီရိလင်္ကာရေတပ်မှ ယခု ကယ်တင် လိုက်သော စက်လှေသည်  နှစ်ပတ်အတွင်း ဒုတိ ယ မြောက်စက် လြှေ ဖစ်ပါသည်။ 

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန်လနှင့် အောက်တိုဘာလတွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှုများတွင် ရိုဟင်ဂျာ မွတ်စလင်များ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံ ရပြီးနောက် မလေးရှားနှင့် သြစတြေးလျနိုင်ငံ များကို ဦးတည်၍ စက်လှေများဖြင့် ထွက်ခွာလျက် ရှိသော်လည်း အများစုမှာ ထိုင်းနိုင်ငံ သို့သာရောက်ရှိသွားပြီး ယခုလည်း စက်လှေပျက် လမ်းမှားပြီး သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ် ပါသည်။

Comment ရေးရန်

Rohingya Exodus