နောက်ဆုံးသတင်း/ဆောင်းပါးများ

လွှတ်တော်အမတ်ဦးရွှေမောင်မှ ဒုက္ခသည်စခန်းများကိစ္စရှင်းရန်အစိုးရအားတိုက်တွန်း

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိမွတ်စလင်ဒုက္ခသည်စခန်း (ဓါတ်ပုံ - UNIC)
RB News 
18.2.2013 

မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့ထိ ငါးရက်ကြာ လာရောက်ခဲ့သော ကုလသမဂ္ဂ လူ့အခွင့် အရေးအထူး ကိုယ်စားလှယ် မစ္စတာသောမတ်ကွင်းတားနားမှ ရခိုင်ပြည်နယ်ရှိ ဒုက္ခ သည်စခန်း များသို့ ၎င်း၏ ခရီးစဉ်အတွင်း သွားရောက်လေ့လာခဲ့ပြီး၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ၏ အခြေ အနေသည် အကျဉ်းထောင်များနှင့် တူနေသည်ဟု ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်၌ ကျင်းပခဲ့သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ 

မစ္စတာ ကွင်းတားနားမှ ဒုက္ခသည်စခန်းများ၏ အခြေအနေမှာ လွန်ခဲ့သည့်နှစ်သြဂုတ်လ ခရီးစဉ်ကထက် တိုးတက်လာသည် ကိုတွေ့ရသော်လည်း မွတ်စလင် ဒုက္ခသည် စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှု များမှာ လွန်စွာ အားနည်းနေကြောင်း ထောက်ပြခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ မရနိုင်ရန် အတွက်ဒေသခံ ဗုဒ္ဓဘာသာဝင်များက နိုင်ငံ တကာမှ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့များ ကို ခြိမ်းခြောက် နေခြင်းကြောင့် လည်းဖြစ်သည်ဟု ၎င်းကပြောပါသည်။

ပြည်ထောင်စုနှင့်ပြည်နယ် အစိုးရများမှ မွတ်စလင် ဒုက္ခသည်များကို လွတ်လပ်စွာသွားလာခွင့်၊ ကူး သန်း ရောင်းဝယ်ခွင့်၊ ငါးဖမ်းလုပ်ငန်းလုပ်ခွင့်၊ ပညာသင်ကြားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင် ရန် တို့ကိုစီစဉ်ပေးရန် မစ္စတာကွင်းတားနားမှတိုက်တွန်းခဲ့သည်။ 

မစ္စတာသောမတ်ကွင်း တားနား၏ ခရီးစဉ် အစီရင်ခံစာအကြမ်းကို ရန်ကုန် လေဆိပ် သတင်းစာရှင်းလင်းပွဲ တွင်ပြောကြားခဲ့ပြီး အသေးစိတ် အစီရင်ခံစာကို မတ်လ (၁၁) ရက်နေ့တွင်ကျင်းပမည့် ၂၂ ကြိမ် မြောက် လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ပါသည်။ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်မှ ရိုဟင်ဂျာနှင့် ကမန် များ၏ ဒုက္ခသည်စခန်းများ၏ အခြေအနေကို ပြည်ထောင်စု အစိုးရမှ ချက်ချင်းဖြေရှင်းပေးရန် လို အပ် ကြောင်း ၎င်း၏ Twitter မှတဆင့်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ လက်ထောက်အထွေထွေရေးမှူးချုပ် Ms Valerie Amos တို့ထံ ယနေ့ရေးသား တိုက်တွန်း လိုက်သည်။ 

“ရိုဟင်ဂျာနဲ့ ကမန် ဒုက္ခသည် စခန်းများ ကိစ္စကိုပြည်ထောင်စု အစိုးရက ချက်ချင်းဖြေ   ရှင်းပေး သင့် တယ်။ ဒုက္ခ သည် စခန်းတွေရဲ့ အခြေအနေက အကျဉ်းထောင်တွေထက် ပိုမိုဆိုးရွားနေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အကျဉ်းသားတွေက လုံလောက်တဲ့ အစာအစားရပေမယ့် ဒုက္ခသည်တွေ ကတော့မရဘူး” ဟုဦးရွှေမောင်၏ Twitter တွင်ရေးသား၍ နိုင်ငံတော် သမ္မတနှင့် ကုလသမဂ္ဂသို့ပေးပို့ ထားပါသည်။

Comment ရေးရန်

Rohingya Exodus