နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆေးဝါးကုသမှုအချိန်မှီမရရှိခဲ့ခြင်းကြောင့်ကလေးငယ်တစ်ဦးအသက်ဆုံးရှူံး

အချိန်မှီဆေးဝါးကုသမှုမရခဲ့သောကြောင့် ကွယ်လွန်သွားသောကလေးငယ်
LA 
RB News 
22.2.2013 

စစ်တွေ ။ ။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများဖြစ်ပွားပြီးနောက် ရိုဟင်ဂျာနှင့် ကမန် လူမျိုးများကို သွားလာ ခွင့်များကန့်သတ် ထားသည့်အပြင် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒုက္ခသည်များအား ကူညီ၍ဆေး ၀ါးကုသပေးနေသည့် အဖွဲ့အစည်းများကိုပင် ရခိုင်အစွန်းရောက်များက တားဆီးနှောက်ယှက် ပိတ်ပင် လျက်ရှိသည်။ 

မင်းပြားမြို့နယ်၊ ဟာရာပိုင်ကျေးရွာမှ ကလေးငယ် တစ်ဦးသည် စစ်တွေမြို့နယ် ဒုက္ခသည် စခန်း ၌ ခြေ ထောက်တွင် ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် ဆေးဝါးကုသမှု ခံယူ၍ မရဖြစ်နေစဉ် ကုလ သမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ အထူး ကိုယ်စားလှယ်၏ ခရီးစဉ်အတွင်း အဆိုပါ ကလေးငယ် ကိုတွေ့ရှိ သွား ခဲ့ သည်။ ကုလသ မဂ္ဂလူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကင်းတားနားမှ ထို ကလေး ငယ်ကို စစ်တွေပြည် သူ့ဆေးရုံကြီးတွင် ဆေးဝါး ကုသပေးရန်ညွန်ကြားခဲ့သဖြင့် ဖေဖော်ဝါရီ၁၈ရက်နေ့တွင် ကြက်ခြေနီ ကား ဖြင့် စစ်တွေပြည် သူ့ဆေးရုံကြီးသို့ေ ခ်ါဆောင်သွားခဲ့သည်။ 

ဆေးရုံတွင်ဆေးဝါးကုသမှုခံယူနေစဉ် ဖေဖော်ဝါရီလ ၁၉ ရက် (အင်္ဂါနေ့) နေ့လည် ၃ နာရီတွင်ကွယ် လွန် သွား ခဲ့သည်။ အကယ်၍ခြေထောက်တွင် ဒဏ်ရာရရှိ ခဲ့သည့်အချိန်တွင် သက်ဆိုင်ရာ အာဏာပိုင် များမှ ဆေးဝါး ကုသခွင့်ပေးခဲ့လျှင် ယခုကဲ့သို့ အသက်ဆုံးရှူံး သည့်အထိဖြစ်လာမည်မဟုတ်ပေ။ 

ကွယ်လွန်သွားသူ ကလေးငယ် ရုပ်ကလာပ်ကို အင်္ဂါနေ့တွင် ထုတ်မပေးခဲ့ဘဲ ယမန်နေ့ (ကြာသ ပတေးနေ့) ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေ့လည် ၃း၃၀ နာရီတွင်ထုတ်ပေး ခဲ့ကြောင်း သတင်း ရရှိ ပါ သည်။

Comment ရေးရန်

Rohingya Exodus