နောက်ဆုံးသတင်း/ဆောင်းပါးများ

၁၉၈၂ နိုင်ငံဥပဒေပြင်သင့်မပြင်သင့်


ဖြိုးအောင် 
Hot News Journal 
21.2.2013 

၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို  ပြင်ဆင်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ် စား လှယ် သောမတ် အိုဟေးကင်တားနားက အစိုးရကို တိုက်တွန်းပြောဆို ခဲ့သော်လည်း ယင်း ဥပဒေပြင်ခြင်း မပြင်ခြင်းသည် လွှတ်တော်နှင့် သာဆိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ကပြောကြားသည်။ 

“ကျွန်တော့် သဘောကတော့ပြည်သူတွေရဲ့ သဘောပါပဲ။ နိုင်ငံသူ/သားတွေက မိမိတို့အချုပ်အခြာအာ ဏာ တည်တံ့ ခိုင်မြဲဖို့အတွက် ဒီဥပဒေကိုပြင် မှဖြစ်မယ်လို့ ယူဆခဲ့ရင်ပြင်နိုင်ချေ ရှိပါတယ်။ ပြည်ခိုင်ဖြိုး လွှတ်တော် အမတ်တစ်ဦးက ဘူးသီးတောင်ဘက်မှာ လေးနှစ်လောက် တာဝန်ထမ်းဆောင် ခဲ့ဖူးတယ်။ အ ခုတော့ စစ်ကိုင်းတိုင်းက လွှတ်တော်အမတ်က အဲဒီ ၁၉၈၂ ဥပဒေကိုပြင်ဖို့ တင်တယ်။ ပြင်ဖို့တင်တဲ့အခါ မှာ လည်းပြည်ခိုင်ဖြိုး တံဆိပ်တွေပါတယ်။ အဲဒီတော့ပြည်ခိုင်ဖြိုးပါတီက ဒီ ၁၉၈၂ ဥပဒေကိုပြင်ဖို့ကြိုး စားနေ တယ်လို့ ယူဆတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကန့်ကွက်ခဲ့တယ်။ ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဟာ ဖွဲ့ စည်းပုံ အခြေခံဥပဒေလို မဟုတ်ဘူး။ ၁၉၈၂ ခုနှစ်နိုင်ငံသား ဥပဒေကို မူကြမ်းကို ဦးနေ၀င်း အစိုးရက လူထု ကိုအကြိမ်ကြိမ် ချပြခဲ့တယ်။ လူထု သဘောထားတွေနဲ့ ရေးခဲ့တယ်။ ၁၉၈၂ ခုနှစ် ဥပဒေဟာ အဲဒီကာလ ကပြည်ထောင်စု လွှတ်တော်မှာပြည် သူတွေရဲ့ သဘောထားနဲ့ အတည်ပြုခဲ့တာ အဲဒါ ကိုကင်တားနားဘဲ ပြောပြော၊ဘန်ကီမွန်ကဘဲပြောပြော၊ဦးသိန်းစိန်ကဘဲပြောပြော၊ ပြင်သင့်ပြီလို့ပြောပေမဲ့ ပြင် ချင်မှပြင် မှာပေါ့။ ပြင်မယ် မပြင်ဘူးဆိုတာ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ပြည်ထောင် စုလွှတ်တော် အပေါ်မှာပဲရှိတယ်။ ပြင်မယ်ဆို ရင်တော့ပြင်ပေါ့။ ကျွန်တော်တို့ ကတော့ထောက်ခံတယ်။ လူထုကမပြင် သင့်သေးဘူး။ ဒီ ဥပဒေကြောင့်နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာတည် တံ့ခိုင်မြဲနေ ဦးမယ်ဆိုရင် မပြင် ဘူး” ဟုပြောကြားခဲ့သည်။ 

အဆိုပါဥပဒေနှင့် ပတ်သက်၍လည်း လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က “၁၉၈၂ ခုနှစ်နိုင်ငံသား ဥ ပဒေ ဟာ လူ့အခွင့်အရေး စံချိန်စံညွန်းနဲ့ ကိုက်ညီမှု မရှိဘူး။ ၁၉၈၂ ခုနှစ် ဥပဒေဟာ Dead Law ဖြစ်နေတယ်။ ကျွန်တော်ကပြည် သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ယောက် အနေနဲ့သော် လည်းကောင်း၊ ပြည် ထောင် စုလွှတ်တော်ကိုယ်စား လှယ် အနေနဲ့သော်လည်းကောင်း ဥပဒေ အရပြော ရမယ် ဆိုရင် ဒီဥပဒေ ကသုံးသာ သုံးနေတာ တရားမ ၀င်ဘူး။ အခု ကျွန်တော်တို့ ပါတီစုံဒီမိုကရေစီ စနစ်ကို သွားနေတဲ့ အခါမှာ ဒီလို ဥပဒေတွေ ကိုပြန်လည် သုံး သပ်ပြီး အသစ်ပြန် လည်ရေး ဆွဲဖို့ လိုပါတယ်။” ဟုပြောကြားခဲ့သည်။

Comment ရေးရန်

Rohingya Exodus