နောက်ဆုံးသတင်း/ဆောင်းပါးများ

မိတ္ထီလာမှာ သေကံမရောက် သက်မပျောက် ခဲ့တဲ့ AP သတင်းထောက်


နံနက်ခင်း ဂျာနယ်
အတွဲ ၃၊ အမှတ် ၄၉၆

မတ်လ (၂၂) ရက် ၀န်းကျင် လောက်က မိတ္ထီလာကို သတင်း လာယူတဲ့ မီဒီယာ အုပ်စု တစ်စုကို အဖျက် သမား အုပ်စုတစ်စုကမီးလောင်တိုက်သွင်းဖို့ကြိုးစားခဲ့တယ်။အဲဒီထဲမှာနိုင်ငံခြားသတင်းထောက် တွေလည်း ပါတယ်။ ဒါပေမဲ့ မဖြစ်မြောက် ခဲ့ဘူး ဆိုတဲ့ သတင်း သဲ့သဲ့ ကြားလိုက် ရပါ တယ်။

AP သတင်း ထောက် ကိုခင်မောင်ဝင်း (ရွှေအင်းသား) ကို မေးကြည့် တဲ့အခါ "အဲဒီ ဖြစ်စဉ် အမှန် ပါဘဲ" လို့ပြော ပါတယ်။

ဖြစ်စဉ်က ဒီလို ပါတဲ့။ " 7Day / Messenger / AFP / RFA သတင်း ဌာနက ဓာတ်ပုံ ဆရာတွေ၊ သ တင်းထောက် တွေနဲ့အတူ အဝေးပြေး ကားဝင်းက တဆင့် မြို့ထဲကို ကားနဲ့ သွားခဲ့ ပါတယ်။ မြို့က (၂) ရက် လောက်နဲ့တင် အတော်လေး ပျက်စီးနေပြီး မီးလောင်ပြင် ဖြစ်နေ ပါပြီ။ ဈေးကုန်း ကျောင်း ဆ ရာတော်ကို ၀င်ဖူးပြီး ဆရာတော်က ဒကာ တစ်ယောက် ထည့်ပေး လိုက်ပါတယ်။ မီးလောင် ပြင်တွေကို ဓါတ်ပုံ ရိုက်ကြ တာပေါ့။ အဲဒီ အချိန် ဗလီ တစ်ခုကို မီးရှို့ နေတဲ့ အုပ်စုနဲ့ ဘွားကနဲ့ ပက်ပင်း သွားတိုး ပါတယ်။ ပိာုမှာ မီဒီယာတွေ ငါတို့ကို ဓါတ်ပုံ ရိုက်နေတယ်... ကားကို မီးရှို့ လို့အော် ပြောပြီး တုတ်၊ ဓါး၊၀ါးချွန် တွေနဲ့ ရောက်လာ ကြတယ်။ ကားကို ၀ိုင်းထားပြီး ကားကို ၀ိုင်းထု ကြတယ်။ ကိုရင် တပါးက မင်းတို့ ဘာလို့ ဓါတ်ပုံ ရိုက်တာလဲ မေးတော့ မရိုက်ကြောင်း ရှင်းပြလဲ မရပါဘူး။ ဘေးမှာ သတ်မယ်၊ ရှို့မယ် တကဲကဲ လုပ်နေ ကြပြီ။ 

ဒါဆို ကတ်ပြား ထုတ်ဆိုလို့ ရိုက်လက်စ memory card ထုတ်ပေး လိုက်တော့ ရိုက်ချိုး ပစ်တယ်။ အဲဒီ အချိန် ကားထဲမှာ ရှိတဲ့ ဓါတ်ပုံ ဆရာ ဂျေမောင်မောင်ကိုကားထဲက ဆွဲချ နေတာ မနည်း တောင်း ပန် နေချိန်မှာ ဘုန်းကြီး တစ်ပါးက ကျွန်တော့်ကို ဌက်ကြီး တောင်ဓါးနဲ့ ရင်ညွန့် ကို ထောက်ထား တာ။ ဘေးမှာ သွေးကြွ အောင်ညာသံ ပေးနေတဲ့ သူတွေက အများကြီး ပါပဲ။ ကတ်ပေး လိုက်တဲ့ ဘုန်းကြီးကို အကူ အညီ လှမ်းတောင်း ရတယ်။ ကယ်ပါဦး ဘုန်းဘုန်း ရယ်ပေါ့။ အဲဒီမှာ ဘာကံကောင်း သွား လည်း ဆိုတော့ ကျွန်တော် တို့ထဲမှာ ပါတဲ့လူက နာရေး ကူညီမှုမှာ လုပ်နေတဲ့ လူဆိုတာ ဦးဇင်း တချို့က သိကြတယ်။ အဲဒီမှာ ၀င်တောင်းပန် ပေးတော့ လက်ခံ ကြချိန်မှာ မရဘူး၊ သတ်မယ် ဆိုတဲ့ ၂ ပါး လောက်ရှိ နေသေးတယ်။ ကားနောက်ဖုံးကို ဖွင့်ပြီး ကင်မရာတွေကို ရိုက်ချိုးဖို့ လုပ်နေ ကြပြီ။ ဒါနဲ့ ခုနက အကူအညီ ပေးတဲ့ ဦးဇင်း က မင်းတို့ မီဒီယာကား ချက်ချင်းသွား၊ မကြည့် ချင်ဘူး၊ ဘာ ညာ ပြော ပြီး မောင်း ထုတ်မှ လွတ်သွားတာ။ ဒါတောင် ဈေးကုန်း ကျောင်းရောက်တဲ့ အထိ အချို့ လိုက်လာ ကြသေး တယ်။သွေးဆ နေတဲ့ လူတစုက ကျောင်းကို ၀ိုင်းထားလို့ ဆရာတော်က ရဲစခန်းကို အကူအညီ လှမ်းတောင်း ပေးတယ်။ သက်ဆိုင်ရာက ယာဉ်တန်းနဲ့ အပြင်လာ ထုတ်ပေး ပါတယ်။"

Comment ရေးရန်

Rohingya Exodus