နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ ၁၈၀ ဘင်္ဂလား ဒေ့ရှ် ဆန္ဒပြပွဲနှင့် ပတ်သက်ခြင်း မရှိ


RB News 
7.4.2013 

လန်ဒန် ။ ။ ဘင်္ဂလား ဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့ အခြေစိုက် Daily Independent သတင်းစာ၌ ဧပြီလ (၆) ရက်နေ့တွင် ကော့ဇ် ဘဇား မြို့တွင် ရိုဟင်ဂျာ ၁၈၀ ကိုဖမ်းဆီးခဲ့ ဟုရေး သား ဖော်ပြ ထားခြင်းနှင့် ပတ်သက်၍ အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် Arakan Rohingya National Organisation (ARNO) မှ ယနေ့ ကြေညာ ထုတ်ပြန် လိုက်သည်။ 

ယင်းကြေညာ ချက်တွင် ARNO မှ တာဝန်ရှိ သူများမှ Teknaf နှင့် Ukhiya မြို့ရှိ ဒုက္ခသည် စခန်းများ တွင် နေထိုင်သော ရိုဟင်ဂျာ ထောင်ပေါင်း များစွာကို ငွေကြေး ထောက်ပံ့၍ Hefazate Islam Bangladesh (HIB) ဆန္ဒပြ ပွဲတွင် ပါဝင်စေ ခဲ့သည်ဟု Daily Independent သတင်းစာ တွင် ရေး သား ဖော်ပြ ထားခြင်းကို ခိုင်မာစွာ ငြင်းဆို ကြောင်း ဖော်ပြ ထားသည်။ အမှန်တရား ကင်းမဲ့ပြီး သက်သေ အထောက် အထားမဲ့ ရေးသား ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ 

Daily Independent သတင်းစာတွင် Ukhiya ရဲများမှ HIB ဆန္ဒပြပွဲတွင် ပါဝင်ရန် သွားနေ သော ရိုဟင်ဂျာ ၁၈၀ ကို ဖမ်းဆီးခဲ့ ကြောင်း ရေးသား ဖော်ပြ ထားသော ရိုဟင်ဂျာ များမှာ ရိုဟင်ဂျာ ဒုက္ခသည် များဖြစ် ကြသည်။ အဆိုပါ ဒုက္ခသည် ၁၈၀ မှာ ဆန္ဒပြပွဲတွင် ပါဝင်ရန် ၎င်းတို့၏ ယာယီတဲ များမှ ထွက်လာခြင်း မဟုတ်ဘဲ၊ စားသောက်ရန် ဒုက္ခရောက် နေသဖြင့် ရင်ဆိုင် နေရသော ဆာလောင်မှု အတွက် အလုပ် အကိုင် ရှာဖွေရန် ထွက်လာ ခြင်းသာ ဖြစ်သည်။ 

ဒါကာမြို့တွင် အခြေစိုက်သော ရခိုင်လူမျိုး များ၏ သတင်းဌာန ဖြစ်သော နိရဉ္စရာမှ အဆိုပါ သတင်းကို သေချာ မဆန်းစစ်ဘဲ မြန်မာ ဘာသာဖြင့် ရေးသား ဖြန့်ဝေခြင်းမှာ ARNO နှင့် ဘင်္ဂလား ဒေ့ရှ်ရှိ ရိုဟင် ဂျာ ဒုက္ခသည် များ၏ အမြင်ကို ထိခိုက် စေသောကြောင့် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချ ကြောင်း ARNO ၏ ကြေညာ ချက် တွင် ရေးသား ဖော်ပြ ထားသည်။ 

ရိုဟင်ဂျာ ပြဿနာနှင့် ကြုံတွေ့ နေရသည့် အကျပ် အတည်း များကို ငြိမ်းချမ်းစွာ နိုင်ငံရေး နည်းလမ်း ဖြင့် သာ အဖြေ ရှာမည် ဖြစ်ကြောင်းကို ထပ်လောင်း ပြောကြား လိုကြောင်း ကိုလည်း ကြေညာချက် တွင် ထည့် သွင်း ဖော်ပြ ထားသည်။ ARNO ၏ မူဝါဒ အရ အခြား နိုင်ငံများ၏ အရေး ကိစ္စများတွင် ပါဝင် ပတ် သက်ခြင်း ရှိမည် မဟုတ်ဘဲ အဆိုပါ မူဝါဒကို သာ လက်ကိုင် သုံးစွဲသွားမည် ဟုသိရသည်။ 

ARNO မှ ဖမ်းဆီး ထားသည့် ရိုဟင်ဂျာ ဒုက္ခသည် ၁၈၀ နှင့် ပတ်သက်၍စွပ်စွဲမှုများကိုဘင်္ဂလား ဒေ့ရှ်  နိုင်ငံ အစိုးရ အာဏာပိုင် များမှ သေချာ စုံစမ်း ပေးရန် တောင်း ဆို ကြောင်း ရေး သား ဖော်ပြ ထား ပါ သည်။

Comment ရေးရန်

Rohingya Exodus