အမျိုးပျက် ဖျက်လို့ သမိုင်းမပျက်
ဌေးလွင်ဦး
RB News
11.4.2013
လူမျိုး တစ်မျိုးဟာ မတော် မတရား ဖိနှိပ် ချုပ်ချယ် ခဲ့ရရင်-၊ အဲ့ဒီ မတရားမှုကို တော်လှန်ဘို့ လူကောင်း-၊ လူမှန် တိုင်းမှာ တာဝန် ရှိပါတယ်။ လူကောင်း လူတော် ဆိုတာ ဘာသာ တရား၊ လူမျိုး၊ အသား အရောင်၊ ကျားမ ဆိုတာ နဲ့ မသက်ဆိုင်ပါ။
ကျွန်တော်ဟာ ရိုဟင်ဂျာ လူမျိုး လုံးဝ မဟုတ်ပါ။ ကျွန်တော့ မျိုးရိုး ဗုဒ္ဓများက- ကျွန်တော်တို့ လူနည်း စုလေး အစ္စလာမ် သာသနာကို လက်ခံတယ် ဆိုတဲ့ အကြောင်း ပြချက်နဲ့ ဒီနေ့ထိ မကြည် ဖြူခြင်း လုံးဝ မရှိပါ။ ပတ်ဝန်း ကျင် ၀ဲဂယက်ရဲ့ ရိုက်ခတ် မှုများ ကြားကပင်- ကျွန်တော် တို့ကို ကာကွယ် ဖြေရှင်း ပေးထား ပါတယ်။ ဆိုလို တာ က လူဆိုး လူကောင်း ဆိုတာ လူမျိုးတိုင်း ဘာသာတိုင်းမှာ ရှိတယ်လို့ ပြောလိုတာပါ။
အခု ရခိုင်နယ်က ရိုဟင်ဂျာ အရေး ကိစ္စဟာ- ရခိုင်နယ် သမိုင်း တစ်လျှောက်မှာ “ရိုဟင်ဂျာ” ဆိုတဲ့ အမည် နာမနဲ့ အမှန် တစ်ကယ် ရှိခဲ့လို့-၊ ရိုဟင်ဂျာ ဟာ ရိုဟင်ဂျာ ဖြစ်ပါတယ်လို့ ကျွန်တော် ရပ်တည် ခဲ့ပါတယ်။ ဒီသမိုင်းကို အခွင့် ရသလို ရှင်းဘို့လည်း ကြိုးစား ပါတယ်။ စာဖတ် ပရိတ်သပ် မှတ်မိ လောက်မယ် ထင်ပါတယ်။ ၂၀၁၃ ခု မတ် လ ၉ ရက်-၊ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်မှာ “ရခိုင် သမိုင်း ရှင်းပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခိုက် ကျွန်တော် ရောက်အောင် တက်ခဲ့ပါတယ်။ ဒီနေရာမှာ ထည့်ပြောစရာ ရှိလို့ ဒီကိစ္စကို ပြန်ဖေါ် ခြင်းပါ။
ကျွန်တော် တို့က (ကျွန်တော်နဲ့ နောက်ထပ် ရိုဟင်ဂျာ ကိုးဦး) က မဟီဒေါကို ရောက်သွား ပါတယ်။ ဒါပေမယ့် အခမ်း အနားကို လေးဦး (ကျွန်တော်နှင့် နောက် သုံးဦး)ပဲ တက်ခွင့် ရပါတယ်။ အခမ်း အနားကို ပြင်ဆင် ထားပုံနဲ့ အခမ်း အနား အတွက် လုံခြုံရေး ယူထား သူများ အားလုံး ရခိုင် လူငယ်များ ဖြစ်ပါတယ်။ အားလုံးလည်း သူတို့ ယူနီဖေါင်းလေး တွေနဲ့ပါ။ အခမ်း အနားကို တက်ရောက်ဘို့ ဟောခန်းရဲ့ အောက်ထပ်မှာ ကျွန်တော်တို့ စောင့်နေ ခိုက်-၊ ဦးပဇင်း အပါး ၂၀ လောက်စုပြီး အခမ်း အနားကို တက်ဘို့ ၀င်လာ ပါတယ်။ အပါး ၂၀ လောက် ပြိုင်တူ ညီညာစွာ ချီတက် လာခိုက် အဲ့ဒီ အထဲက တစ်ပါးက ဖြေးဖြေးချင်း ကျွန်တော့ အနားကို တိုးလာပြီး- အင်္ဂလိပ် ဘာသာနဲ့ ကျွန်တော့ကို စကား ပြောပါတယ်။ သူပြောတဲ့ စကားက I know you, I like you, I read your articles and I am your supporter. လို့ ကပ်ပြော ပါတယ်။ ဘုန်းကြီး တစ်ပါး ကျွန်တော့ အနားကို ကပ်လာတော့ တစ်ခုခုများ လုပ်လေ မလားလို့ စိုးရိမ် သွားပုံ ရပြီး-၊ ကျွန်တော့ အနားကို ရိုဟင်ဂျာ သုံးလေးဦး ၀ိုင်းရံ လာပါတယ်။ အဲ့ဒီ သုံး၊ လေး ဦးလုံးက ဦးပဇင်းရေး စကားကို ကြားလိုက် ရပြီး အံ့သြ သွားခဲ့ ပါတယ်။ အဲ့ဒီ ဦးပဇင်းကို ကျွန်တော်က ဦးဇင်းက ဘယ်က လဲလို့ မေးတော့-၊ မန္တလေး ကလို့ ပြောပြီး အခမ်း အနားကို တက်ဘို့ အပေါ်ထပ် ဟောခန်းကို လှေကားက တက်သွား ပါတော့တယ်။
အခမ်း အနားမှာ တစ်ဘက်သတ် ဟောပြော ပွဲကိုပဲ လုပ်သွား သလိုပါ။ မေးမြန်း လိုသူများ ကတော့ စာရွက်လေးနဲ့ ရေးပြီး မေးရ ပါတယ်။ မေးတဲ့ မေးခွန်း များကို စီစစ်ပေး သူများက ဦးပဇင်း နှစ်ပါး ဖြစ်ပါတယ်။ ကျွန်တော်က ဒေါက်တာ အေးချမ်းကို မေးတဲ့ မေးခွန်းကို အဲ့ဒီ ဦပဇင်း ၂ ပါးက pass မလုပ် ခဲ့ရင်-၊ ဒေါက်တာ အေးချမ်းလည်း ကျွန်တော့ မေးခွန်းကို မသိ ဟန်ဆောင် လိုက်လို့ ရပါတယ်။ ဒါပေမယ့် အဲ့ဒီ ဦးဇင်း ၂ ပါးရဲ့ လှုပ်ရှားမှု အားလုံးကို ကျွန်တော် မျက်ခြေ မပြတ် ကြည့်နေ ခဲ့ပါတယ်။ အဲ့ဒီ ဦးပဇင်း ၂ ပါးကိုယ်တိုင်က ရိုဟင်ဂျာ ရှိမရှိ မေးခွန်းကို စိတ် ၀င်စားပုံ ရှိနေတယ်၊ သူတို့လည်း အမှန်ကို သိချင်တယ် ဆိုတဲ့ ဟန်ပန် ရှိနေတယ်။ ဒါကြောင့် သူတို့ ကိုယ်တိုင်က ကျွန်တော့ မေးခွန်းကို ကမ်းပေး လိုက်ပြီး- အဲ့ဒါကို ဖြေပေး ပါလို့ အမူ အယာနဲ့ ပြလိုက် ပါတယ်။ ဒီမှာ ဒေါက်တာ အေးချမ်းက ရှောင်ထွက် မရ ဖြစ်သွား ခဲ့တာပါ။ ကျွန်တော့ ဆီမှာ “မဟာမေဒင် တွေ ဖြစ်တဲ့ ရိုဟင်ဂျာ” ဆိုတာ အာရ်ကန် ဒေသရဲ့ native ဖြစ်တယ် ဆိုတဲ့ စာအုပ် အထောက် အထား အများကြီး ပါသွားခဲ့ ပါတယ်။ ဒါပေမယ့် စကား ပြောခွင့်နဲ့ စကား ပြောချိန် မရလိုက်တဲ့ အတွက် စာအုပ်လေး တစ်အုပ်ပဲ ပြခွင့် ရလိုက် တာပါ။ ကျွန်တော် သယ်သွားတဲ့ စာအုပ် ထုပ်ကို တက်ရောက် လာတဲ့ ပရိပ်သပ် အားလုံး နီးပါး မြင်လိုက် ပါတယ်။ ဒေါက်တာ အေးချမ်း ကိုယ်တိုင် ကလည်း ကျွန်တော် တို့မှာ အချိန် မရှိတော့ဘူး ဆိုပြီး ပိတ်လိုက် ပါတယ်။ သူ့ပါးစပ် ကတော့ “ရိုဟင်ဂျာ” ဆိုတာ ရှိကြောင်း ၀န်ခံလိုက် ရပါတယ်။
ကျွန်တော် ဆိုလို နေတာ ဒါမဟုတ်ပါ။ ရိုဟင်ဂျာ ဆိုတာ သမိုင်းနဲ့ ချီပြီး ရှိခဲ့ကြောင်း-၊ သိမြင် သွားတဲ့ လူတွေရှိ သလို၊ လက်ခံ သွားတဲ့ လူတွေလည်း အများကြီးပါ။ မသိမှီက မသိလို့ မသိဘူး ပြောသူ များမှာ အပြစ် မရှိပါ။ အရှိ တရား တစ်ခုကို မရှိအောင် လုပ်ခြင်းသာ အပြစ် ဖြစ်ပါတယ်။ တက်လာတဲ့ ပရိပ်သပ် ထဲက ဦးပဇင်းတွေ ကိုယ်တိုင် က အမှန်ကို လက်ခံ နိုင်တဲ့ နှလုံးသား တွေကို တွေ့ရ သလို-၊ ဘာသာနဲ့ လူမျိုးကို မကြည့်ဘဲ-၊ အမှန်ကို ထောက် ခံရဲတဲ့ ကိုယ်တော်တွေ ရှိနေပါတယ်။
တစ်ခြား တစ်ဘက်ကို ပြန်ကြည့်ပါ။- ရိုဟင်ဂျာ ဆိုတဲ့ သမိုင်းကို ဖျောက်ခဲ့ သူများဟာ ဘယ်သူ တွေလဲ၊ ဒါက ရှင်းပါတယ်။ ဗမာ ဗုဒ္ဓ ဘာသာလို့ ခံယူထားတဲ့- တရုတ်ကပြား- ဦးနေ၀င်း၊ တရုတ်ကပြား ဗိုလ်ခင်ညွှန့်၊ ရခိုင် ဗုဒ္ဓ ဘာသာလို့ ခံယူ ထားတဲ့ ဘင်္ဂလီ ချာ့က်မာ ကပြား ရခိုင် သမိုင်း လိမ်ဆရာ၊ ဘင်္ဂလီ မော့ဂ် ကပြားများ-၊ မြန်မာ မွတ်ဆလင် လို့ ခံယူ ထားတဲ့ အိန္ဒိယ ကပြား အာဏာရူး များကို ဦးဆောင် ကဏ္ဍက တွေ့နေ ရပါတယ်။ (ကပြား ဖြစ်သော်လည်း ရိုးရိုး အေးအေး နေသော လူထုမှာ လုံးဝ သက်ဆိုင်ခြင်း မရှိပါ။)
မြန်မာ နိုင်ငံရဲ့ မျိုးနွယ်၊ တိုင်းရင်းသား စစ်စစ် တစ်ခုက ဆင်းသက်ခဲ့သူ များထဲမှာ အခြား တိုင်းရင်းသား တစ်ခု အကြောင်းကို ဦးဆောင် ဆန့်ကျင် တဲ့သူ မရှိ သလောက်ပါပဲ။ (သိလျှက်နဲ့ လိမ်ညာ နေတဲ့ အမျိုးပျက် ကပြားများ ရဲ့ လှည့်စား မှုကို မသိလို့ လိုက်မိခဲ့ သူများတော့ ရှိနိုင် ပါတယ်။)
နိုင်ငံသား တိုင်းရင်းသား ခွဲခြား ဆက်ဆံခံ ရတဲ့ ဘ၀မှာ မိမိ မပါစေဘို့-၊ သို့မဟုတ် မိမိ ကိုယ်မိမိ ကပြား ဖြစ်နေရ တာကို လိပ်ပြာ မလုံလို့-၊ တိုင်းရင်းသား စစ်စစ် များကို ချနင်း နေခြင်းသာ ဖြစ်ပါတယ်။ ဒီ အဖြစ် အပျက် တွေမှာ အမှန် တရားကို လက်ခံခြင်း၌- လူမျိုး ဘာသာ မရှိဘူး ဆိုတဲ့ အချက် ကလည်း ရှင်းရှင်း လင်းလင်း မြင်နိုင်ပါ တော့တယ်။
ရိုဟင်ဂျာ များဟာ ရခိုင် ဒေသရဲ့ မူလ ဘူတ လူမျိုး တိုင်းရင်းသား စစ်များ ဖြစ်ကြောင်း ၁၇၉၉ ခုထုတ် Asiatic Researches, Volume The Fifth စာမျက်နှာ ၂၃၇ ကို ဖတ်ပါ။ အင်္ဂလိပ် ခေတ်က ထည့်သွင်း ရေတွက်တဲ့ စာရင်းမှာ မပါဘူးလို့ ဗဟုသုတမဲ့ ခံငြင်းသူများ အနေနဲ့- ၁၈၅၂ ခုထုတ် An Account of Burma Empire, by Henary Glassford Bell စာမျက် ၆၆ ကို ဖတ်ပါ။ ဒီထက်ပို လေ့လာ သူများ အနေနဲ့- အမှန်ကို ချစ်သူများ နောက်ထပ် မြောက်များ စွာသော အထောက် အထား များကို လိုချင်ရင်-၊ ကျွန်တော့်အား ဆက်သွယ် နိုင်ပါတယ်၊ အချုပ် အနေနဲ့ ဆိုလို တာက-၊ “ရိုဟင်ဂျာ” ဟာ “ရိုဟင်ဂျာ” ပဲ ဖြစ်တယ်။ သူတို့ဟာ ရခိုင်ဒေသရဲ့ native တွေ ဖြစ်တယ်။ သူတို့ဟာ ဘင်္ဂလီတွေ မဟုတ်ပါ။ အင်္ဂလိပ် ခေတ်က ဘင်္ဂလီ သို့မဟုတ် စစ်တကောင်း လူမျိုးလို့ ဖေါ်ပြတဲ့ စာရင်းမှာ ရိုစ်ဝမ် လို့ခေါ်တဲ့ ဟိန္ဒူ ဘင်္ဂလီများ-၊ ချက်မာများသာ ဖြစ်ပါတယ်။ ကြည့် An Account of Burma Empire by Henary Glassford Bell (Publish 1852) စာမျက်နှာ ၆၆ မှ ၁၀၆။ အင်္ဂလိပ် ခေတ်ဦး စာအုပ် တိုင်းမှာ ရိုဟင်ဂျာ ဆိုသည်မှာ မဟာမေဒင် (အစ္စလာမ် သာသနာ ၀င်များ) သာ ဖြစ်ကြောင်း သို့မဟုတ် အချို့ စာအုပ် များတွင် မွတ်ဆ လေမာန် (အစ္စလာမ် သာသနာ ၀င်များ) သာဖြစ်ကြောင်း ဖေါ်ပြပြီး- လူဦးရေမှာ လည်း ရခိုင်နယ်၏ ၃ ပုံ ၁ ပုံ ဖြစ်ကြောင်းကိုပဲ ဖေါ်ပြပါတယ်။ စစ်တကောင်းသား သို့မဟုတ် ဘင်္ဂလီ လို့ ဖေါ်ပြ တဲ့ စာအုပ် မရှိပါ။
ဒါကြောင့် လူဆိုး လူယုတ် အတ္တကောင် ကြောင်တောင်ကန်း အမျိုးပျက်များ ဖျက်လို့- သမိုင်းစစ်က မပျက်နိုင် တော့ပါ။ မိမိ တစ်ဦးကြောင့် ကျန်သော ကပြားများ- မထိခိုက် စေဘို့ရာ ဆင်ခြင် သင့်ပါတယ်။
ဌေးလွင်ဦး
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ
မြန်မာ မွတ်ဆလင် တန်းတူညီမျှ လှုပ်ရှား ဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု