နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ မွတ်စလင် များ ကုလ ရုံးချုပ်ရှေ့ ဆန္ဒ ဖော်ထုတ်






RB News
April 13, 2013

နယူးယောက် ။ ။ အမေရိကန် ပြည်ထောင်စု၊ ပြည်နယ် ၅၀ တွင် နေထိုင်သော မြန်မာ မွတ်စလင် နှင့် ရိုဟင်ဂျာ ၂၀၀ ခန့်တို့ ဧပြီလ (၁၂) ရက်နေ့ နံနက် ၉ နာရီခွဲ တွင် နယူးယောက် မြို့ရှိ ကုလ သမဂ္ဂ ဆိုင် ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ရုံးရှေ့တွင် စုဝေးခဲ့ ကြသည်။ 

မိုးသည်း ထန်စွာ ရွာသွန်း နေသော်လည်း စုပေါင်း ရောက်ရှိ ကြသူ များမှ မူလ စီစဉ် ထားသည့် အတိုင်း ဆန္ဒပြပွဲ ဆက်လက် ကျင်းပ ခဲ့ကြသည်။ ဆန္ဒ ဖော်ထုတ် သူများမှ ဘာသာရေး အရ ခွဲခြား မှုများ ရပ်တန့် ရန်၊ မွတ်စလင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ ရပ်တန့် ရန်နှင့် မြန်မာ နိုင်ငံတွင် အကြမ်း ဖက်မှု များရပ်တန့် ရန်တို့ကို အဓိက ထား၍ တောင်းဆို ခဲ့ကြသည်။ ထို့အပြင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား အကြမ်း ဖက် မှုကို ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ် နေသည့် ၉၆၉ ကွန်ယက်ကို ဖြိုဖျက် ပေးရန် တောင်းဆို ခဲ့ကြ သည်။ 

ဖို့ဝိန်းမှ ဆန္ဒ ပြပွဲကို စီစဉ်သူ တစ်ဦးက “ကျွန်တော်တို အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၂ ခု မေလ ကတည်းက ဦးသိန်းစိန် ဘယ်လို အရေးယူ မလဲ ဆိုတာကို မျှော်လင့် တကြီးနဲ့ စောင့်ကြည့် ခဲ့တယ်။ ဒါပေမဲ့ မိတ္တီလာ လူမျိုးတုန်း သတ်ဖြတ် မှုမှာ လုံခြုံရေး တပ်ဖွဲ့တွေ ဘာမှ မလုပ် ခဲ့ဘဲ အရှင် လတ်လတ် မီးရှို့ သတ်ဖြတ် ခဲ့တာက သက်သေ သာဓက တစ်ခု ဖြစ်လာတယ်” ဟု ပြောသည်။ 

ဆန္ဒ ဖော်ထုတ်သူ များမှ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းကျော် ကိုလည်း ၎င်းတို့၏ မူရင်း နေရပ် တွင် ပြန် လည် နေရာချ ထားပေးရေး နှင့် ဘာသာရေး အဆောက် အဦ များကိုမူရင်း နေရာတွင် ပြန် လည် ဆောက် လုပ် ခွင့်ပေးရေး တို့ကိုလည်း တောင်းဆို ခဲ့ကြသည်။ 

နံနက် ၁၁ နာရီတွင် ဆန္ဒပြပွဲကို ဦးဆောင် သူများမှ နယူးယောက် မြို့ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးမှ တဆင့် ဆန္ဒပြ ရခြင်း အကြောင်းရင်း များရေးသား ထားသည့် စာကို ကုလ သမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် ရုံးမှ ဦးကျော်ထင် သို့ ပေးပို့ ခဲ့သည်။ 

ဆန္ဒပြ သူသည် များသည် ကုလ သမဂ္ဂ ရုံးချုပ် ရှေ့သို့ ချီတက်၍ ဦးသိန်းစိန် ဖွဲ့စည်း ပေးထားသော စုံစမ်း စစ်ဆေးရေး ကော်မရှင် များကို အယုံ အကြည် မရှိ သောကြောင့် ကုလ သမဂ္ဂ စုံစမ်း စစ်ဆေး ရေး ကော် မရှင် လွှတ်၍ မြန်မာ နိုင်ငံတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများ၏ နောက်ကွယ်မှ ကြိုးကိုင် သူများကို စုံစမ်း ဖော်ထုတ် ပေးရန် တောင်းဆို ခဲ့ကြသည်။ 

ဆန္ဒ ဖော်ထုတ်သူ များကို တူရကီ ဂျာနယ် သတင်းထောက် များမှ အင်တာဗျူး ပြုလုပ် ခဲ့ရာ ကုလ သမဂ္ဂ စုံစမ်း ရေးအဖွဲ့ကို မွတ်စလင် ခြောက်သန်း အသတ် မခံရမှီ စေလွှတ် ရန် ပြောကြား ခဲ့သည်။ ဆန္ဒ ဖော် ထုတ် သူများမှ ရိုဟင်ဂျာ နှင့် မြန်မာ မွတ်စလင်များ ညီညွတ် ၍ တစ်စု တစ်စည်း တည်းဖြစ်ပြီး အမှန် တ ရား အ တွက် ရပ်တည်၍ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း နှင့် လူ့အခွင့် အရေး အပြည့် အ၀ ရ ရှိရေးနှင့် နိုင်ငံသား အခွင့် အရေး ပြန်လည် ရရှိရေး တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကို လည်း ကြေညာ ခဲ့ကြသည်။ 

RFA နှင့် VOA သတင်း ဌာန များမှ ကိုနေဆန်းဦး နှင့် ကို Yusuf Iqbal တို့ကို ဆန္ဒ ပြရခြင်း နှင့် ပတ်သက်၍ အသေး စိတ်ကို မေးမြန်း ခဲ့ကြောင်း သိရှိ ရပါသည်။ 

နယူးယောက် မြို့တွင် ကျင်းပ ခဲ့သော ဆန္ဒ ပြပွဲကို Free Rohingya Campaign နှင့် Myanmar Muslim Civil Right Movement တို့မှ ဦးဆောင်၍ ကျင်းပ ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒ ဖော်ထုတ်သူ များ ကိုယ်စား ကို Yusuf Iqbal မှ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီး မွန်းနှင့် မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံသို့ စာများ ပေးပို့ခဲ့သည်။ 

Comment ရေးရန်

Rohingya Exodus