ရိုဟင်ဂျာ အရေးကို ဦးသိန်းစိန်က အချိန်ယူ စဉ်းစား ပေးဖို့ ရှိတယ်လို့ ကုလပြော
သမ္မတ ဦးသိန်းစိန်က နိုင်ငံ သားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်းစား ပေးသွားဖို့ ရှိတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် Vijay Nambiar က ABC ကိုပြော ပြခဲ့ ပါတယ်။
ရေတိုမှာရော ရေရှည်မှာပါ ဖြေရှင်းချက်ဖေါ်ထုတ်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်း လဲရေးတွေ ဟာလဲ မျှော်မှန်း ထားတဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက် တိုး တက် ထွန်းကား နေတယ်လို့ ပြောသွား ပါတယ်။
မြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ အခိုင် အမာ ဆုံးဖြတ် ထားပြီး ဖြစ်တယ်လို့ ကုလ သမဂ္ဂ မြန်မာ နိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Vijay Nambiar က ပြောပြ ပါတယ်။
မြန်မာ နိုင်ငံမှာ မကြာသေး ခင်က ဖြစ်ပွား သွားခဲ့တဲ့ အကြမ်း ဖက်မှု တွေကို နိုင်ငံ တကာ ကနေ လူ့အခွင့် အရေး ချိုးဖေါက် ကျူးလွန်မှု တွေလို့ ဝေဖန် နေချိန်မှာ ကုလ အထူး ကိုယ်စားလှယ် Vijay Nambiar က အကြမ်းဖက် မှုတွေဟာ နောက်ထပ် အခြေ အနေ ပိုပြီး ဆိုးဝါး လာမှု မရှိဘူးလို့ ABC ကိုပြောပြ သွား ပါတယ်။
မြန်မာ အစိုးရ အနေ နဲ့လဲ အကြမ်းဖက် မှုကို ထိန်းသိမ်း ကိုင်တွယ် သွားမှာကို သူ့အနေနဲ့ ယုံကြည်တဲ့ အကြောင်း၊ သမ္မတ ဦးသိန်းစိန် ကလဲ၊ နိုင်ငံ သားမဲ့ ဖြစ်နေတဲ့ ရိုဟင်ဂျာ တွေနဲ့ ပတ်သက်ပြီး အချိန်ယူ စဉ်း စားပေး သွားဖို့ ရှိတယ်လို့ Vijay Nambiar က ABC နဲ့ ဆက်သွယ် မေးမြန်း ခန်းမှာ ပြောပြ သွားပါတယ်။
လက်ရှိ မှာတော့ မြန်မာ နိုင်ငံမှာ ဖြစ်ပေါ် လာနေတဲ့ အပြောင်း အလဲ တွေဟာ ပြည်သူ အားလုံး အနေနဲ့ အကျိုး ခံစား နိုင်ဖို့ အချိန်ယူ နေရသေး တယ်လို့ သမ္မတက ပြောတဲ့ အကြောင်း ပြန်ပြောပြ သွားပါတယ်။
မြန်မာ နိုင်ငံရဲ့ ပြုပြင် ပြောင်းလဲ ရေးတွေ ဟာလဲ မျှော်မှန်း ထားတဲ့ လမ်းကြောင်း ပေါ်မှာ ဆက်လက် တိုး တက် ထွန်ကား နေတယ်လို့ ပြောသွား ပါတယ်။
မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာ တွေကို ဘင်္ဂလား ဒေ့ရှ် နိုင်ငံက တရားမဝင် ပြောင်းရွေ့ နေထိုင် လာသူ တွေလို့ သတ်မှတ် ထားပြီး အစိုးရ အနေနဲ့ ဒီလူမျိုးစု ပြဿနာနဲ့ ပတ်သက်ပြီး ရေတို မှာရော ရေ ရှည်မှာပါ ဖြေရှင်း ချက်တွေကို ချမှတ်ဆောင် ရွက်သွား ရမှာကို နားလည် တယ်လို့ Vijay Nambiar က ABC နဲ့ ဆက် သွယ် မေးမြန်း ခန်းမှာ ပြောပြ သွားပါတယ်။