နောက်ဆုံးသတင်း/ဆောင်းပါးများ

စိတ်ရှည် သည်းခံဖို့ လိုနေတဲ့ အင်ဒိုနီးရှား ထိန်းသိမ်းရေး စခန်းက ခိုက်ရန် ဖြစ်ပွားမှု

(ဓါတ်ပုံ - AP)
M.S. Anwar
RB News
8.4.2013

လွန်ခဲ့တဲ့ အပတ်က အင်ဒိုနီးရှား နိုင်ငံ ထိန်းသိမ်းရေး စခန်းမှာ ဖြစ်ပွားခဲ့တဲ့ တရားမ၀င် ငါးဖမ်း သမားတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေကြား ပဋိပက္ခဟာ သက်ဆိုင်ရာ အာဏာပိုင် များနဲ့ လူတော်တော် များများရဲ့ သက်ဆိုင်မှု ကိုဆွဲထုတ် နိုင်ခဲ့တယ်။ ပဋိပက္ခမှာ မြန်မာ ၈ ဦး သေဆုံးပြီး၊ ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သလို မြန်မာ ၃ ဦး တိမ်းရှောင်ပြီး အသက်ရှင် နိုင်ခဲ့တယ်။ အချင်းချင်း တိုက်ခိုက်မှုမှာ တုတ်၊ ကျောက်ခဲ၊ ဓါးတွေနဲ့ မိမိ တို့ ရဲ့ အရှေ့မှာ တွေ့သမျှကို အသုံးပြု ခဲ့တယ်။ 

အေပီ သတင်းဌာနရဲ့ ဧပြီလ ၅ ရက်နေ့ သတင်းမှာတော့ ခိုက်ရန် ဖြစ်ပွားမှုက ရိုဟင်ဂျာ မွတ်စလင် ဘာ သာရေး ဆရာနဲ့ ဗုဒ္ဓဘာသာ ငါးဖမ်း သမား တို့အကြား မိတ္တီလာမြို့မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် မှုကြောင့် ပျက်စီး ခဲ့တာ တွေရဲ့ ဓါတ်ပုံတွေ ကြည့်ပြီး အလွန် ပြင်းထန်တဲ့ စကား စစ်ထိုးပွဲက စတင် ခဲ့တယ် လို့ ရေးသား ဖော်ပြ ထားပါတယ်။ ဂျကာတာ ပို့စ် သတင်းစာမှာ ရဲတွေ စုံစမ်း စစ်ဆေးမှုကို ကိုး ကား ထားတာ ကတော့ ငါးဖမ်း သမား တွေရဲ့ ဒုက္ခသည် အမျိုးသမီး တစ်ယောက်ကို လိင်ပိုင်း ဆိုင်ရာ အနိုင် ကျင့် စော်ကား ခဲ့မှုက ရိုဟင်ဂျာ ဒုက္ခသည် တွေ ကို ဒေါသ ထွက် စေခဲ့ တယ်လို့ ရေး သား ဖော်ပြထား ပါတယ်။ 

ဒီလို ကြီးကျယ်တဲ့ ထိခိုက်မှု အတွက် ဧပြီလ (၆) ရက်နေ့မှာ မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦး သန့်ကျော် ကမြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Mr. Sebastianus Sumarsono ကိုခေါ်ပြီး ဖြစ် ပွား ခဲ့တဲ့ ပြဿနာကို စုံစမ်းဖို့၊ အမှန် တရားကို ဖော်ထုတ်ဖို့၊ ရာဇ၀တ်မှု ကျူးလွန်သူ တွေကို ထိရောက်စွာ အရေးယူဖို့နဲ့ အင်ဒိုနီးရှားမှာ ရှိတဲ့ မြန်မာ နိုင်ငံသား တွေကို ကာကွယ် ပေးဖို့ ပြောဆိုပြီး သတိပေး သ၀ဏ်လွှာ ပေးခဲ့တယ် လို့သိရတယ်။ အင်ဒိုနီးရှား အာဏာပိုင် တွေကလည်း ဒီကိစ္စကို သေချာ စုံစမ်း စစ်ဆေးပြီး မှန်ကန်တဲ့ အရေးယူမှု တွေဆောင်ရွက် မယ်လို့ ပြောဆို ထားတယ်။ သို့သော် ငြားလည်း လူမှု ကွန်ယက် တွေပေါ်မှာ ရိုင်းစိုင်းတဲ့ အသုံးအနှုန်း တွေနဲ့ မှတ်ချက် တွေတင်ပြီး မြန်မာ နိုင်ငံ တွင်းက အပြစ် မရှိတဲ့ မွတ်စလင် တွေအပေါ် မုန်းတီးမှု တွေကို ပြသတာ များပြား လာတာ တွေ့ရတယ်။ 

ရိုဟင်ဂျာများ၊ ကမန်များနဲ့ မြန်မာ နိုင်ငံ အလယ်ပိုင်းက အခြားသော မွတ်စလင် များဟာ အစုလိုက် အပြုံ လိုက် သတ်ဖြတ် ခံရမှု၊ မုဒိန်း ကျင့်ခံ ရမှုနဲ့ ဖမ်းဆီး ခံရမှုနဲ့ ညှင်းပန်း နှိပ်စက်မှု တွေနဲ့ ကြုံတွေ့ နေ ရတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ လုယက်ခံ ရပြီးတော့ ဘာသာရေးနဲ့ ပတ်သက် တာတွေ ဖျက်ဆီး ခံနေ ရတယ်။ သို့သော်လည်း သွေးအေးအေးနဲ့ အရှင် လတ်လတ် မီးရှို့ သတ်ဖြတ်ခံ ရတဲ့ ကလေးငယ် ၁၃ ယောက် အပါအ၀င် အခြားသော ကိစ္စရပ် တွေအတွက် ဗုဒ္ဓ သို့မဟုတ် ဗုဒ္ဓလမ်းစဉ် ကိုလိုက်နာ သူတွေဆီက သနား ကြင်နာ ကိုယ်ချင်း စာနာမှု ကိုတွေ့ ရရဲ့လား။ မိမိတို့ရဲ့ လူမျိုးကို ထိခိုက် လာတဲ့ အခါ မှာတော့ ထိခိုက်မှု ကို ခံစား ရပြီးတော့ လှုမှု ကွန်ယက် တွေပေါ်မှာ ဒေါသူပုန် ထပြီး မွတ်စလင် တွေကို ဆဲဆို ရိုင်းစိုင်း ပါတော့ တယ်။ ကျွန်တော်တို့ အနေနဲ့ မှားတဲ့ လုပ်ရပ် ဖြစ်တဲ့ သတ်ဖြတ် မှုကို တရား မျှတတယ် လို့ပြော ချင် နေ တာ မဟုတ် ပေမယ့် လူမျိုးရေး ခွဲခြား ဆက်ဆံတဲ့ သူတွေကို မြန်မာ နိုင်ငံက မွတ်စလင် လူနည်းစု ဟာ လူ သား အားလုံးနဲ့ တူညီတဲ့ ခံစားမှုတွေ ရှိတဲ့ အပြင် မြန်မာတွေ အားလုံးမှာ ဂုဏ်သိက္ခာ ရှိတဲ့ အတိုင်း တူညီ တဲ့ ဂုဏ်သိက္ခာ ရှိတယ် ဆိုတာကို နားလည် စေချင်တယ်။ 

ခိုက်ရန် ဖြစ်ပွား ခဲ့တဲ့ နေရာက ထိန်းသိမ်း ရေးစခန်းမှာ ဖြစ်ခဲ့တယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက် နားလည်ရ ပါမယ်။ ကျွန်တော်တို့ အတွက် အံ့သြစရာ ကောင်းတာက မိတ္တီလာမှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု ဓါတ်ပုံတွေနဲ့ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်ဖို့ ဓါးတွေ ဘယ်ကရသလဲ ဆိုတာပါ။ အဲဒီ ထိန်းသိမ်းရေး စခန်းမှာ တာဝန်ရှိတဲ့ အာဏာပိုင် တွေရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ဘက်မ လိုက်တဲ့ စုံစမ်း စစ်ဆေးမှုနဲ့ နောက်ဆုံး အစီရင်ခံစာ ထွက်လာတဲ့ စိတ်ရှည် သည်းခံပြီး စောင့်ဖို့ လိုပါ လိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့လည်း အင်ဒိုနီးရှား အာဏာပိုင် တွေကို ပြစ်မှု ထင်ရှားသူ မှန်သမျှ ကျော သား ရင်သား မခွဲခြားဘဲ အင်ဒို နီးရှား နိုင်ငံရဲ့ ဥပဒေနဲ့ အညီ ပြစ်ဒဏ် ချမှတ်ဖို့ တောင်းဆို ပါတယ်။

Comment ရေးရန်

Rohingya Exodus