နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှား နိုင်ငံသို့ သွားရန် ကြိုးစား ခဲ့သူ မူဆလင် များကို အင်ဒို ရဲမှ ဖမ်းဆီး


အေအက်ဖ်ပီိ (AFP) | မဇ္ဈိမ
8.4.2013

မလေးရှား နိုင်ငံသို့ သွားရန် ကြိုးစားမှု မအောင်မြင် ခဲ့သော မြန်မာ နိုင်ငံမှ အစ္စလာမ် ဘာသာဝင် ၈၀ ကို ဝေးလံသော ဆူမတြား ကမ်းလွန် ကျွန်းတစ် ကျွန်းပေါ်တွင် အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း တာဝန်ရှိ သူတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် နှစ်က ရခိုင် ပြည်နယ်တွင် အစ္စလာမ်နှင့် ဗုဒ္ဓ ဘာသာဝင် တို့ကြား ပဋိပက္ခများ ဖြစ်ပေါ်ကာ တင်း မာ မှုများ ဆက်လက် ဖြစ်ပေါ်ခဲ့ ပြီးနောက် ထောင်နှင့် ချီသော မူဆလင်များ မြန်မာ နိုင်ငံမှ ထွက်ပြေး ခဲ့ကြ ရာ ယခု အင်ဒို နီးရှား ကမ်းခြေသို့ စက်လှေဖြင့် ရောက်ရှိ လာခြင်းသည် နောက်ဆုံး ဖြစ်ရပ် တစ် ခု ဖြစ် သည်။

ဆူမတ္တရား ကမ်းရိုးတန်း အနောက် မြောက်ဘက်ရှိ ပူလို အာချေး ကျွန်းပေါ်သို့ အမျိုးသမီး ၅ ဦးနှင့် ကလေး ၆ ဦး အပါ အ၀င် ရွှေ့ပြောင်း သူများ ရောက်ရှိ လာခဲ့ ကြသည်ဟု ဒေသခံ ရဲအရာရှိ က အေ အက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားသည်။

“သူတို့ စက်လှေက အနေ အထား ကောင်းနေ သေးတယ်၊ အစား အစာနဲ့ လောင်စ တွေလဲ အလုံ အလောက် သူတို့မှာ ပါလာတယ်။ သူတို့ မလေးရှားကို သွားချင် တယ်လို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့ လမ်းပျောက် သွားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ထွက်ပြေး လာသူ အားလုံး အခြေ အနေ ကောင်းပြီး ၎င်းတို့ အထဲမှ ၂ ဦးမှာ ဗိုက်နာ နေကြသော် လည်း စိုးရိမ်စရာ မရှိဟု ဆိုသည်။

၎င်းတို့ အားလုံးကို သက်ဆိုင်ရာ နယ်မြေ ရဲစခန်း၏ ခန်းမ တစ်ခုတွင် ထိန်းသိမ်း ထားပြီး အမှု စစ်ဆေးမည့် အင်းဒိုနီးရှား လူဝင်မှု ကြီးကြပ်ရေး အရာရှိ များရှိရာ ပြည်မ ကြီးသို့ ပို့ဆောင်ရန် ဖြစ်နိုင် ခြေရှိကြောင်း ယင်း ရဲအရာရှိ ကပြောသည်။

အရှေ့ ဂျာဗား ပြည်နယ်ရှိ Surabaya မြို့မှ ရဲတပ်ဖွဲ့က တိုက်ခန်း တစ်ခန်း အတွင်း ပုန်းခို နေသော အစ္စလာမ် ဘာသာဝင် ၃၅ ဦးကို ဧပြီလ ၅ ရက်နေ့ က ဖမ်းဆီးမိ ခဲ့သည်ဟု ဆိုသည်။ ထိုသူ များမှာ ပင်လယ် ကိုဖြတ်၍ သြစတြေးလျ သို့သွားရန် စီစဉ်ထား သူများ ဖြစ်ကြ ကြောင်း ရဲတပ်ဖွဲ့ ကပြောသည်။

အင်ဒိုနီးရှားသို့ ရောက်ရှိ လာခဲ့သော အစ္စလာမ် များသည် ထိန်းသိမ်းရေး စခန်း များတွင် ကုလ သမဂ္ဂက ဒုက္ခသည် အဖြစ် အသိ အမှတ် ပြုခွင့် ရရှိရန် စောင့်နေ ကြခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus