နောက်ဆုံးသတင်း/ဆောင်းပါးများ

ရန်ကုန် ဗလီ မီးလောင်မှု လွတ်လပ်စွာ စုံစမ်းရေး အာဆီယံ အမတ်များ တောင်းဆို

မဇ္ဈိမ
2.4.2013

ရန်ကုန်တိုင်း၊ ဗိုလ်တထောင် မြို့နယ်ရှိ အစ္စလာမ် ဗလီ ဝတ်ကျောင်း မီးလောင်မှုနှင့် ပတ်သက်၍ လွတ် လပ်သော စုံစမ်း စစ်ဆေးမှု တရပ် ပြုလုပ်ရန် မြန်မာ့ အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က အင်္ဂါနေ့တွင် တောင်းဆို လိုက်သည်။

ဧပြီလ ၂ ရက် နံနက် ၃ နာရီ ဝန်းကျင်က စတင် လောင်ကျွမ်း ခဲ့သော မီးကြောင့် ကလေးငယ် ၁၃ ဦး သေ ဆုံးခဲ့ရမှု အပေါ် လွန်စွာ စိုးရိမ် ပူပန်ကြောင်း ဖော်ပြ လိုက်ပြီး မီးလောင်မှု အကြောင်းရင်းအား အဆော တလျင်၊ စေ့ငုစွာနှင့် ပွင့်လင်း မြင်သာမှု ရှိရှိ စုံစမ်း ဖော်ထုတ်ရန် အာဆီယံ တဝှမ်း ရွေးကောက်ခံ အမတ် များဖြင့် ဖွဲ့စည်း ထားသည့် AIPMC က တောင်းဆို လိုက်ကြောင်း ကြေညာ ချက်တွင် ပါရှိသည်။

“အကယ်၍ ဒီ မီးလောင် မှုဟာ မီးရှို့မှု ဖြစ်ပါက တရားမျှတမှု ရှိစေဖို့ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပြီး ကျူးလွန် သူများကို တရား ဥပဒေ အရ အရေး ယူ ရမှာပါ။ မီးရှို့မှု မဟုတ်ပါ ကလည်း မဟုတ်ကြောင်း ရှင်း ရှင်း လင်းလင်း သက်သေပြရမှာဖြစ်ပြီး မြန်မာ နိုင်ငံသားအားလုံးရဲ့လုံခြုံရေးနဲ့ နုနယ်သေးတဲ့ ပြုပြင် ပြောင်း လဲရေး လုပ်ငန်း စဉ် ကို ခြိမ်းခြောက် နိုင်တဲ့ အခြေ အနေ ဖြစ်တဲ့ လူမျိုးပေါင်းစုံ ဘာ သာပေါင်းစုံ ဆက် ဆံရေး ကဏ္ဍ မှာ နိမ့်ကျ ဆိုးဝါးမှုတွေ ဆက်လက် ဖြစ်ပေါ်နေမှာကို ရပ်တန့် တားဆီးဖို့ သက်သေပြရန် လိုအပ်ခြင်း ဖြစ်ပါတယ်” ဟု AIPMC ဥက္ကဋ္ဌ နှင့် အင်ဒိုနီးရှား လွှတ်တော် အမတ် Eva Kusuma Sundari က ဆို သည်။ထို့ပြင် ရခိုင် ပြည်နယ်နှင့် မိထ္ထီလာ ပဋိပက္ခမျိုး ထပ်မံ မဖြစ်ပွား စေရန် ထိန်းသိမ်း ရာ တွင် ဒေ သတွင်း နိုင်ငံ များ၏ အကူ အညီ ရယူ သင့်ကြောင်း ရေးသား ထားသည်။

“လွန်ခဲ့တဲ့ လက မိတ္ထီလာမှာ မြင်တွေ့ ခဲ့ရတဲ့ အကြမ်း ဖက်မှုတွေ၊ အဲဒီ အရင်က ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက် မှုတွေလိုမျိုး ထပ်မံ ဖြစ်မလာအောင် ရှောင်ရှား နိုင်ဖို့အတွက် ခွဲခြား ဆက်ဆံမှု တွေကို ရပ်တန့် ဖို့နဲ့ ဘာသာရေး အုပ်စုကွဲတွေ အကြားမှာ သည်းမခံ မှုတွေကို တိုက်ဖျက်ဖို့ လိုမှာ ဖြစ်ပြီး မြန်မာ အစိုးရ အနေနဲ့ ဒေသတွင်း အိမ်နီးချင်း တွေရဲ့ အကူ အညီနဲ့ ပြတ်ပြတ် သားသား မျှမျှတတ အလုပ်လုပ် ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဘေးအန္တရာယ်တွေ ဖြစ်နိုင်ခြေ ရှိသော အသိုင်းအဝိုင်း အကြားတွင် လုံခြုံမှု အရေးကြီး လှသလို ပုဒ် ၁၄၄ ထုတ်ပြန်ခြင်းနှင့် အခြား ပြင်းထန်သော ဆောင်ရွက် မှုများ အသုံးပြု ခြင်းနှင့် ပတ်သက် ၍လည်း AIPMC အနေနှင့် စိုးရမ် ပူပန်ကြောင်း ကြေညာချက်က ဆိုသည်။

“မကြာသေးခင်က ဖြစ်ပွါး ခဲ့တဲ့ ဆူပူမှု တွေနဲ့ ပတ်သတ်ပြီး အစိုးရ အနေနဲ့ ငြိမ်းချမ်းတဲ့ အဖြေကိုသာ ရှာဖို့ တိုက်တွန်း ပါတယ်။ လွန်ခဲ့တဲ့ လက မိတ္ထီလာနဲ့ အခြား ဒေသတွေမှာ ဖြစ်ပွါးခဲ့တဲ့ ဆိုးဆိုးဝါးဝါး အကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ရတဲ့ အကြောင်း တရားတွေနဲ့ ကျူးလွန် သူတွေကို စုံစမ်း ဖော်ထုတ်ဖို့ အတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ခြေလှမ်းတွေ ချက်ခြင်း စတင်ရမှာ ဖြစ်ပြီး သက်ဆိုင် သူတွေ အနေနဲ့ တာဝန် ယူရမှာ ဖြစ်ပါတယ်” ဟု AIPMC က တောင်းဆို လိုက်သည်။

မီးလောင်မှုမှာ ဗလီအတွင်းရှိ မီးအားမြှင့်စက်မှ အပူချိန် လွန်ကဲ၍ စတင် လောင်ခြင်း ဖြစ်ကြောင်း အာဏာပိုင်များက ပြောဆို ထားသည်။

မီးလောင်မှု အတွက် စုံစမ်း စစ်ဆေးရန် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများမှဘာသာရေး ခေါင်းဆောင် များ ပါဝင်သော စုံစမ်းရေး ကော်မရှင် တရပ် ဖွဲ့စည်း သွားမည်ဟု မြန်မာ မူဆလင် အမျိုးသား ရေးရာ အဖွဲ့ချူပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင် က မဇ္ဈိမကို ပြောဆိုထား သည်။

Comment ရေးရန်

Rohingya Exodus