နောက်ဆုံးသတင်း/ဆောင်းပါးများ

စာသင်ကျောင်း မီးလောင်မှု ကြောင့် ကျောင်းသား ၁၃ ဦး အသက်ဆုံးရှူံး

(ဓါတ်ပုံ - Eleven Media Group)
RB News 
2.4.2013 

ရန်ကုန် ။ ။ ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ် ၄၈ လမ်း အထက် ဘလောက် အမှတ် (၁၈၁) တွင် တည် ရှိသော အစ္စလာမ် ဘာသာရေး ကျောင်း တွင် ယနေ့ နံနက် ၂ နာရီ ၄၅ မိနစ်ခန့် မှစ၍ မီးလောင် မှု ဖြစ် ပွား ခဲ့ပြီး အဆိုပါ မီးလောင် မှုကြောင့် ကျောင်းသားငယ် (၁၃) ဦး အသက် ဆုံးရှူံး ခဲ့ ရ ကြောင်း သ တင်း ရ ရှိ ပါ သည်။ 

မီးလောင်မှု ဖြစ်ပွား ရခြင်းကို ၀ါယာရှော့ခ် ဖြစ်သည်၊ မီးအားမြှင့်စက် ဗို့အား မြင့်တက်ရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွား သည်ဟု ရေးသားပြောဆို နေသော်လည်း၊ အသက်ရှင် လွတ်မြောက် လာ သည့် ကျောင်း သား ငယ်များ ၏ ပြောကြား ချက် အရ ရှို့မီးသာ ဖြစ်ကြောင်း အတည်ပြု ရမည်ဖြစ် သည်။ 

မတ်လ (၂၀) ရက်နေ့မှ စ၍ ဖြစ်ပွားခဲ့သော မိတ္တီလာမြို့နှင့် ပဲခူးတိုင်း အနှံ့အပြားတွင် အစ္စလာမ် ဘာသာ ၀င်များ အပေါ် အကြမ်းဖက်မှု များကြောင့် အဆိုပါ ဘာသာရေး ကျောင်းကို ပိတ်ထားခဲ့သည်။ ယမန်နေ့ က ကျောင်းကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၁၀၀ ကျော်ရှိသော်လည်း ၇၀ ကျော် သာ ရောက် ရှိခဲ့သည်။ 

မီးလောင်မှု ဖြစ်ပွားသည့် အချိန်သည် အလွန် ညဥ့်နက်နေပြီး လူအများ အိပ်မောကျ နေသည့် အချိန် ဖြစ် သည်။ အကြမ်းဖက် မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ရာတွင် အကြမ်းဖက် သမားများသည် ည ၁၀ နာရီ နောက် ပိုင်းမှ စတင်၍ သန်းခေါင်ယံ ၁ နာရီ အတွင်းခန့်သာ အကြမ်းဖက်လေ့ ရှိရာ နိုးနိုးကြား ကြား နေသူ အများစု မထင်မှတ် လောက်သည့် အချိန်တွင် မီးလောင်မှု ဖြစ် ပွားခြင်း ဖြစ် သည်။ 

မီးလောင်မှု စတင်သည့် အချိန်တွင် ကျောင်းသားများ အိပ်မောကျ နေပြီး သိသည့်အချိန် တွင် လောင် ကျွမ်းနေ သည့်မီးမှာ အရှိန်ပြင်းနေ သည်ဟု သိရသည်။ ကျောင်းဆောင် မှာ နှစ်ထပ် ဖြစ်ပြီး ကျောင်း သား များမှာ အပေါ်ထပ်တွင် အိပ်ကြသော ကြောင့် မီးဘေးမှ လွတ်မြောက် ရန် အောက်ထပ် သို့ ဆင်းလာ သည့်အခါ ဆီများ ဖြန်းထားသော ကြောင့် အားလုံးချော်လဲ ခဲ့ကြောင်း သိရသည်။ 

ဤဓါတ်ပုံကို သေချာ လေ့လာလျှင် ဆီများ အိုင်ထွန်း နေသည်ကို တွေ့ရမည် (ဓါတ်ပုံ - Eleven Media Group)
အဆိုပါ ကျောင်းမှ ကျောင်းဆရာက မီးလောင်သည် ဟုသိသည်နှင့် မီးငြိမ်း သတ်ရန် အတွက် ပြေးလွှား ကြိုးစားရာ ကြမ်းပြင်တွင် အိုင်ထွန်းနေသော "ရေနံဆီ" ကဲ့သို့ ဆီများအား နင်းမိ၍ ချော်လဲခဲ့ရာ ၎င်း၏ အဝတ်အစားများ၌ ယခုတိုင် ထိုဆီများဖြင့် ရွှဲနစ်နေကြောင်း၊ မီးလောင်မှု သည် ရိုးရိုး မီးလောင်မှု မဟုတ်ကြောင်း၊ တမင်တကာ ကြံရွယ်ရှို့ သည့် မီးသာ ဖြစ်ကြောင်း၊ ကျောင်းအောက် ထပ်ရှိ မီးအား မြှင့် စက်မှာ မီးလောင်ပြီး အတန်ကြာ မှ Alarm မြည်ခြင်းဖြစ်ကြောင်း ပြောသည်။ (Ref: Ye Yint Thitsar) 

သတင်း မီဒီယာနှင့် ကျောင်းဆရာ တစ်ဦးမှ အင်တာဗျူး ပြုလုပ်နေ ချိန်တွင် အဆိုပါ ကျောင်းဆရာကို အာဏာပိုင် များမှ ခေါ်ဆောင် သွားကြောင်း သိရသည်။ ကျောင်းဆရာမှ မီဒီယာကို ဓါတ်ဆီလောင်း မီးရှို့ခံရ သည်ဟု ပြောသော်လည်း ရဲမှဝင်ရောက်၍ ၀ါယာရှော့ခ် ဖြစ်သည်ဟု ပြောဆိုပြီး ခေါ်ဆောင်သွား ခဲ့သည်။ အဆိုပါ ဆရာ၏ ပုဆိုးတွင် ဆီများ ပေကျံနေပြီး မီးလောင် ဒဏ်ရာလည်း ရှိကြောင်း သိရှိရပါသည်။ (Ref: Sithu Aung Ibrahim) 

ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိ လာသော ကလေးငယ် များ၏ အင်္ကျီ၊ ပုဆိုးများမှာ ဒီဇယ်ဆီ အနံ့များ ထွက်နေပြီး၊ ဆီများ ပေကျံ နေကြောင်း လေ့လာ စုံစမ်းနေသူ မျက်မြင် သက်သေများမှ ပြောသည်။ (Ref: Kay Te Zat O) 

အသက် ၁၅ နှစ် အရွယ် ကျောင်းသား နှစ်ဦးမှ M-Media သို့“သားတို့ ကျောင်းက၂ထပ် ကျောင်းဆောင်ပါ။ မီးစ စလောင် ချင်းတော့ သားတို့ မသိဘူး။ သားတို့ သိတဲ့အချိန် မီး က တော်တော်လေး လောင်နေပြီ။ ဒါနဲ့ သားတို့ ပြေးဆင်း လာကြတယ်။ အောက်ထပ်မှာ ဆီတွေ ပြန့် ကျဲနေတယ်။ အဲဒီ ဆီတွေကို တက်နင်းမိပြီး သားတို့ ချော်လဲကြတယ်။ သားတို့ကျောင်း မှာ ကျောင်း သား က လက် ရှိ ၇၀-ကျော်ရှိတာ။ အခုအပြင်မှာ ၅၁-ယောက်တော့ ရောက်နေပြီ။ သား တို့ ကျောင်း မှာ ဆီတွေ ဘာတွေ လှောင်ထား တာလည်း မရှိပါဘူး။ ဖိနပ်ထားတဲ့ ဖိနပ် စင်နေရာ ကနေ စလောင်တာ။ အခုထိ အင်္ကျီမှာ ဓါတ်ဆီ နံ့တွေ နံနေသေးတယ်။” ဟုပြော ကြား ခဲ့သည်။ 

ကနဦးပိုင်းတွင် ၁၇ ဦး သေဆုံး ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာ ခဲ့သော် လည်း နောက်ပိုင်း တွင် ၄ ဦး ကို ပြန်လည် တွေ့ရှိခဲ့ပြီး၊ သေဆုံး သွားသော ကျောင်းသား ၁၃ ဦး၏ ကျန် ရှိနေသော ရုပ်ကြွင်းကို အာဏာ ပိုင်များမှ ဆေးရုံသို့ သယ်ဆောင် သွားသည်ဟု သိရသည်။ 

M-Media တွင် ဖော်ပြထားသော သတင်းအရ မီးသတ် ၃ စီးရောက်ရှိ နေခဲ့သော်လည်း ၁ စီးသာ မီးငြိမ်း သတ် နေပြီး ကျန်ရှိသည့် ၂ စီးအား မီးငြိမ်းရန် အတင်း တိုက်တွန်းခဲ့ ရကြောင်း၊ မီးမလောင်မှီ ၀ုန်းဝုန်း ဟူ၍ ပတ်ဝန်းကျင်မှ အသံကြား ခဲ့ကြောင်း သိရသည်။ 

မျက်မြင် သက်သေများ၏ လူမှုကွန်ယက် ပေါ်တွင် ရေးသား ပြောဆိုချက်များ အရ ယခု မီးလောင်မှုသည် ၀ါယာရှော့ခ် ဖြစ်ခြင်း မဟုတ်ဘဲ၊ တမင် ကြံရွယ်၍ ပြုလုပ်သော ရှို့မီးသာ ဖြစ်သည်။ အကြမ်းဖက် သမား များ သည် ဆူညံအော် ဟစ်၍ အကြမ်းဖက်ရန် ကြိုးစားမှုတွင် ရပ်မိရပ်ဖ များ၏ ၀ိုင်းဝန်း ဖမ်းဆီးခြင်းကို ခံနေရ သော ကြောင့် ယခုကဲ့သို့ တိတ်ဆိတ်စွာ ကြံရွယ်၍ ပြုလုပ်ခြင်း ဖြစ်သည်။ 

အဆိုပါ စာသင်ကျောင်းသည် ဗလီနှင့် ကပ်လျက်ရှိပြီး မီးလောင်မှု မဖြစ်ပွားမှီ ဗလီနှင့် စာသင်ကျောင်း ကွက်၍ လျှပ်စစ်မီး ပျက်သွားခဲ့သည်။ သတင်းများနှင့် မျက်မြင် သက်သေများ၏ ပြောကြားချက် များကို သုံးသပ်ရလျှင် အိပ်မောကျ နေသည့် အချိန်တွင် စာသင်ကျောင်း အတွင်းသို့ ၀င်ရောက်၍ လောင်စာဆီ ပတ်ဖြန်းခဲ့ပြီး ရှို့ခဲ့သည့် မီးသာ ဖြစ်သည်ဟု ယုံကြည် ရသည်။ ၀ါယာရှော့ခ် ဖြစ် လျှင် ကျောင်း အတွင်း ၌ လောင်စာဆီ များ အိုင်ထွန်း နေရန် အကြောင်း တစ်စုံတစ်ရာ ရှိမည် မဟုတ်ပေ။

Comment ရေးရန်

Rohingya Exodus