တိုင်းပြည် အတွင်း ပဋိပက္ခ များတွင် ပြုလုပ် ပါဝင် သူများ ဒီမိုကရေစီနှင့် မထိုက်တန်
ခန့်ခန့် (ဒဿနိက)
Hot News Journal
4.4.2013
မကြာသေးမီကဖြစ်ပွားပြီးခဲ့သော ရခိုင် ပြည်နယ်တွင်း ပဋိပက္ခများနှင့် ယခု ရက်ပိုင်းတွင် မိတ္တီလာမြို့ အပါ အ၀င် အချို့သော ဒေသများ၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်း များမှ သမ္မတ ဦးသိန်းစိန် ဦးဆောင် သော အစိုးရသစ် အတွက် စိန်ခေါ်မှု တစ်ခုပင် ဖြစ်ပြီး ယင်းသို့သော ပြဿနာ များတွင်လည်း ပြုလုပ် ပါဝင်သူ များ မှာလည်း ဒီမိုကရေစီနှင့် ထိုက်တန်ခြင်း မရှိသော ပြယုဂ် တစ်ခုပင် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ် စားလှယ် တစ်ဦး ဖြစ်သူ ဦးဖုန်းမြင့်အောင်က ပြောကြား သွားခဲ့သည်။
“ပြောရရင် လတ်တလော ဖြစ်ပွားတဲ့ ပြဿနာ တွေကို ကြည့်ရင် အမှိုက်ကစ ပြသာဒ် မီးလောင်တာ တိုင်းပြည်က ခုမှ ဒီမိုကရေစီ လမ်းကြောင်းနဲ့ သွားနေတာ။ ဒီလိုမျိုး ပဋိပက္ခတွေ မတည်ငြိမ်မှု တွေဟာ အရမ်း ကို ရုပ်ပျက် ဆင်းပျက် နိုင်ပြီးတော့ အစိုးရ အတွက်လည်း စိန်ခေါ်မှု တစ်ခု ဖြစ်စေ သလို၊ ငြိမ်း ချမ်းစွာ နေထိုင်လို ကြတဲ့ ပြည်သူ တွေကိုလည်း စိုးရိမ် ကြောင့်ကြ ရစေတယ်။ ပြောရရင်တော့ ဒီမို ကရေ စီ၊ ဒီမိုကရေစီ ဆိုပြီး ခုလို ပြဿနာ မီးမွှေး နေတာဟာ ဒီမိုကရေစီနဲ့ မထိုက်တန်ကြောင်း သက်သေ ပြနေ တာပဲ။ ဥပမာ ပြောရရင် ၁၉၈၈ ခုနှစ်တုန်းက အစကတော့ ဒီမိုကရေစီ တော်လှန်ရေး၊ ဒီမိုကရေစီ အရေးတော် ပုံတဲ့ နောက်လည်းကြရော ရုပ်ပျက် ဆင်းပျက် ဆူပူပြီး လူသတ် ခေါင်းဖြတ် တာတွေ ဘာတွေ ဖြစ်ကုန်ရော၊ ဒါကြောင့် ကျွန်တော် ပြောချင်တာက ဆူပူတဲ့လူတွေ ကိုယ့်ကိုယ်ကို ဒီမိုကရေစီနဲ့ ထိုက်တန်လား ပြန်စဉ်းစား၊ ထိုက်တန်တယ် ဆိုရင် ထိုက်တန်အောင် နေတဲ့သူတွေ အဖြစ် အေးချမ်း မှု ကို မြတ်နိုး တန်ဖိုးထား သူတွေ အဖြစ် သက်သေပြရမယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦး ဖုန်းမြင့်အောင်က ပြောကြား သွားခဲ့သည်။
ပြီးခဲ့သည့် မတ်လ တတိယ အပတ်မှ စ၍ မိတ္တှီလာမြို့၌ စီးပွားရေး မတရား မလျော် မကန် ပြုမှု တစ်ခုမှ စတင်ခဲ့သော ပဋိပက္ခ ဆူပူမှု များသည် မိတ္တီလာမြို့၌ (၂) ရက်ခန့်နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း တို့၌ ရက်အနည်းငယ် ဖြစ်ပွားခဲ့ပြီး ယင်းတို့ကြောင့် လူနေအိမ်၊ ဆိုင်ခန်းများနှင့် အသက် အိုး အိမ် များ သေကြေ ဆုံးရှူံး ခဲ့ရပြီး သက်ဆိုင်ရာ တပ်ဖွဲ့ဝင် များ၏ တည်ငြိမ် အေး ချမ်းရေး ဆောင် ရွက်မှု များကြောင့် လက်ရှိတွင်မူ အခြေ အနေမှာ ငြိမ်းချမ်း လျက် ရှိ ကြောင်းသိရသည်။
(Hot News ဂျာနယ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်သည်)