လှုံ့ဆော်သူ များကို ထိရောက်စွာ နှိမ်နင်းရန် HRW တိုက်တွန်း
Rosie Gogan-Keogh
မဇ္ဈိမ
4.4.2013
ဧပြီလ (၁) ရက်နေ့က ထုတ်ပြန်သော သတင်း တပုဒ်တွင် လူ့အခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့က မြန်မာ နိုင်ငံ အစိုးရအား မိတ္ထီလာနှင့် မြန်မာ နိုင်ငံ အလယ် ပိုင်းတွင်မကြာသေးမီက ဖြစ်ပွားခဲ့သော အကြမ်း ဖက်မှု များ အား သက်ဆိုင် သူများမှ စေ့စေ့ စပ်စပ် စုံစမ်း ရန်နှင့် အပြစ် ပေးရန် ပြောဆို လိုက်သည်။
“မိတ္ထီလာတွင် ဖြစ်ပွား ခဲ့သော အကြမ်း ဖက်မှုများနှင့် ပတ်သက်ပြီး တာဝန် များကို မြန်မာ အစိုးရ အနေဖြင့် အသေးစိတ် လေ့လာ စုံစမ်းသင့် ပါကြောင်း၊ ၀န်းကျင် ဒေသ တစ်ခုလုံး လောင်ကျွမ်းခြင်း နှင့် ရက်စက်စွာ သတ်ဖြတ် မှုတို့ မှ ရပ်တန့်ရန် ရဲတပ်ဖွဲ့က လုပ်ဆောင် ရန် အားနည်း ခဲ့သည်” ဟု နယူးယောက် အခြေစိုက် လူ့အခွင့် အရေးဆိုင်ရာ NGO မှ အာရှဆိုင်ရာ ညွှန်ကြား ရေးမှုး Brad Adams က ပြောကြားသည်။
၎င်းက “ရခိုင် ပြည်နယ် အတွင်း မကြာသေး မီက ဖြစ်ပွား ခဲ့သော ဘာသာရေး ဆိုင်ရာ တိုက်ပွဲ များရဲ့ ရလဒ်များ ကိုကြည့်ပြီး မြန်မာ အစိုးရ အနေဖြင့် သင်ခန်းစာ ယူသင့် ပါကြောင်း၊ အကြမ်း ဖက်မှု များ ကို နှိမ်နင်းရန် ရဲအင်အား အလျှင် အမြန် ဖြည့်ဆည်းပြီး ပြည်သူ များ၏ အသက် အိုးအိမ်ကို ကာ ကွယ် ပေးသင့်ကြောင်း ” ပြောသည်။
တိုင်းပြည် အတွင်း အုပ်စုဖွဲ့ အကြမ်း ဖက်မှု ဖြစ်စေ ခဲ့သော ဗုဒ္ဓ ဘာသာ ခေါင်းဆောင် များရဲ့ အမုန်း တ ရားဟော ပြောခြင်း အဆုံး သတ်ရေးကို ကူညီရန် အတွက် ကဏ္ဍာ ပေါင်းစုံရှိ မြန်မာ နိုင်ငံ လူမှုရေး အဖွဲ့ များမှ ခေါင်းဆောင် များအား Adams က ပြောကြား လိုက်သည်။
ထိတ်လန့်ဖွယ် ဖြစ်သည့် ကြေမွ ပျက်ဆီး နေသော မြို့တွင်း မြင်ကွင်းများ ပါဝင်သည့် ရုပ်ပုံ များကို ဂြိုလ်တု စလောင်း များမှ ပြသပြီး နောက်မှသာ လျှောက်လဲ ချက်များ ထွက်ပေါ် လာသည်။
မတ်လ (၂၀) ရက်က ဖြစ်ပွား ခဲ့သော ရွှေဆိုင် အငြင်း ပွားမှု နှင့် အကြမ်း ဖက်မှု တိုက်ပွဲ များတွင် လူဦးရေ (၁၂၀၀၀) တို့သည် ၎င်းတို့၏ နေအိမ် များမှ ထွက်ပြေး လျှက်ရှိရာ အများစုမှာ အစ္စလာမ် များဖြစ်ပြီး၊ (၆၁) ဦး ဒဏ်ရာ ရကာ၊ ခန့်မှန်းခြေ အားဖြင့် လူ(၄၀) ဦး ခန့် အသတ်ခံ ခဲ့ရသည်။
ဆူပူမှု ဖြစ်ပွား ပြီးနောက် Vijay Nambiar, UN သံတမန်က ပြောကြား ရာတွင် “အကြမ်းဖက် မှုက အခြေ အနေ တစ်ခုတွင် ရက်စက်သော အနေ အထား တစ်ခုတွင် လုပ်သွားသည်ဟုထင်မြင်ကြောင်း” ပြောကြား လိုက်သည်။
ဒီအရေးကို ဖြေရှင်းရာတွင် အစိုးရ အနေဖြင့် တုံပြန်မှု ကြန့်ကြာ နေခြင်း နှင့် အကြမ်းဖက်မှု ပိုမို မြင့်တက် မ လာ စေရန် ကာကွယ်ခြင်း တို့အတွက် ဝေဖန်ခံ နေရသည်။
မတ်လ (၂၇) ရက် နေ့တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အနေဖြင့် ရုပ်မြင် သံကြား မှတဆင့် မိန့် ခွန်း ပြောရာတွင် မြန်မာ နိုင်ငံ အလယ် ပိုင်းတွင် ဖြစ်ပွား လျက်ရှိသော ဘာသာရေး အကြမ်း ဖက်မှုနှင့် ပတ်သက်ပြီး ၀မ်းနည်းကြောင်း၊ နိုင်ငံသား များကို ကာကွယ်ရန် အတွက် လုံခြုံရေး တပ်များ ချထားပြီး အမိန့်ပေး ထားကြောင်း သွေးထိုး လှုံ့ဆော် ပေးသူများ အားသတိပေး လိုက်သည်။
“အခြေခံ အားဖြင့် ဒီပြဿနာများ ဖြေရှင်း ရာတွင် အင်အား ကိုသုံးခြင်း ကို အားမပေး လိုပါ။ ဘယ် လိုပင် ဖြစ်နေနေ ပြည်သူ များရဲ့အခြေခံ လူတန်းစား များ၏ အသက် အိုးအိမ်ကို ကာကွယ် ရာတွင် လို အပ်လျှင် အင်အား ကိုသုံးရန် ၀န်လေးမည် မဟုတ်ကြောင်း” သမ္မတကြီးမှ ပြောကြားသည်။
ဦးခင်မောင်ဆွေ (အမျိုးသား ဒီမိုကရေစီ အင်အားစု ဥက္ကဌ)မှ သမ္မတ၏ မိန့်ခွန်း စကားကို ကြားပြီးနောက် ၄င်းမှ ”နိုင်ငံရေးကို အမြတ်ထုတ် နေသူများ နှင့် ဘာသာရေး အစွန်းရောက် သမား များကို အရေးယူလို အပ်သည် ”ဟု မဇ္ဈိမသို့ ပြောသည်။