နောက်ဆုံးသတင်း/ဆောင်းပါးများ

အစ္စလာမ်နှင့် လူ့အခွင့် အရေး အပိုင်း (၁)


“လားအိက်ရားဟ ဖိဒ်ဒီးန်’’ 

(ကုရ်အာန် ကျမ်း ၊ ကဏ္ဍ ၂ ၊ အပိုဒ် ၂၅၆) 

အဓိပ္ပါယ် - မည်သူ တစ်ဦး တစ်ယောက် ကိုမျှ အစ္စလာမ် သာသနာ ထဲသို့ ၀င်ရောက်ရန် အတင်း အဓမ္မ အလျင်း မပြု လုပ်ရ။

တမန်တော် မုဟမ္မဒ် ၏ ခောတ်အ ခါက မဒီနဟ် မြို့၌ ဂျူးလူမျိုး များနှင့် အစ္စလာမ် သာသနာ ၀င် များ ရောနှော နေထိုင် ကြသည်။ ဂျူးအများစုမှာ စာတတ် ပေတတ်များ ဖြစ်ကြသည်။ မုစ်လင်မ် မိဘများ၏ သားသမီး များသည် ဂျူးတို့ထံမှ စာပေ သင်ကြား ရသည်။ ထိုအခါ ကလေးငယ် အချို့မှာ ဂျူးတို့နှင့် အနေ နီးရာမှ ဂျူးဘာသာအား ခုံမင် သွားကြသည်။ မုစ်လင်မ် မိဘ များသည် ဂျူးဘာသာ ခုံမင် နေသော မိမိတို့၏ သားသမီး များအား အစ္စလာမ် ထဲသို့ ၀င်ရန် အတင်း အဓမ္မ တိုက်တွန်း ပြောဆို လေသည်။ ထိုအခါ အလ္လာဟ် အရှင် မြတ်သည် တမန်တော် မုဟမ္မဒ်ထံ အထက်ပါ ဗျာဒိတ် တော်ကို ချပေး လိုက် သည်။ တမန်တော် မုဟမ္မဒ်သည် ၎င်းမုစ်လင်မ် မိဘတို့အား ခေါ်ယူ၍ မိမိတို့၏ သားသမီး များအား အစ္စ လာမ် သာသနာ ထဲသို့ အတင်း အဓမ္မ ၀င်ရောက် ခိုင်းခြင်း မပြုရန် တားမြစ် လေသည်။ သိရသည်မှာ အစ္စလာမ်သည် သူစိမ်း တရံစာ ဘာသာ ခြားအား အစ္စလာမ် သာသနာ ထဲသို့ သွပ်သွင်းဖို့ နေနေသာ ၊ မုစ် လင်မ် မိဘက မိမိ၏ သားသမီး ကိုပင် အစ္စလာမ် သာသနာ ထဲသို့ အတင်း အဓမ္မ ၀င်ရောက် စေခြင်း ကိုပင် တားမြစ် ထားသည်။ အစ္စလာမ်သည် ဤမျှပင် လူ့အခွင့် အရေး အပြည့် အ၀ ပေးထားသော သာသနာ ဖြစ်ပေသည်။ 

တမန်တော် မုဟမ္မဒ် ကိုယ်တော်တိုင် ဂျူးများ၊ ခရစ်ယာန် များနှင့် အရောင်း အ၀ယ် အပေး အယူ များ ပြုခဲ့ကြောင်းနှင့် တမန်တော် မုဟမ္မဒ်၏ ခောတ်အခါ မှာကော ၊ အရိုက် အရာ ဆက်ခံသူ ခလီဖဟ် သမ္မ တ ကြီးများ၏ ခေတ်တွင်ပါ ဘာသာ ခြားများနှင့် ရောနှော နေထိုင် ခဲ့ကြောင်း သမိုင်း စာအုပ် များတွင် ခိုင် လုံစွာ ရှိပေသည်။ ဒုတိယမြောက် သမ္မတကြီး အုမရ်ဗင်န် ခတ္တားဗ်ထံတွင် ၀စီးက် အမည်ရှိ မုစ်လင်မ် မဟုတ်သော သင်္ချာ ပညာရှင် ၀န်ထမ်း တစ်ဦး ရှိခဲ့ပြီး သက်တမ်း တစ်လျှောက်လုံး အုမရ်ဗင်န် ခတ္တားဗ်၏ အနားတွင် တာဝန် ထမ်းဆောင် သွားခဲ့သည်။ စတုတ္ထမြောက် သမ္မတကြီး အလီ သခင် လက်ထက်တွင် သမ္မတဖြစ်သူ အလီသခင်နှင့် ဂျူးလူမျိုး တစ်ဦးတို့ အမှု ဖြစ်ပွားရာ တရားရုံးမှ သမ္မတ အလီ သခင်အား အမှု ရှုံးနိမ့်ကြောင်း ဆုံးဖြတ် ခဲ့သည့် သမိုင်း ဖြစ်ရပ်လည်း ရှိပေသည်။ ဤအချက် များက အစ္စလာမ် သာ သနာတွင် ဘာသာ လူမျိုး ခွဲခြားခြင်း အလျင်း မရှိကြောင်း သိရှိရုံမက ဤအချက် ကိုပင် တမန်တော် မုဟမ္မဒ်နှင့် အစ္စလာမ် အဓိပတိကြီးများ ကိုယ်တိုင် လက်တွေ့ ဆောင်ရွက် ပြသသွား ကြပေသည်။

အစ္စလာမ်သည် နှလုံးသားကို အခြေခံသော သာသနာ ဖြစ်ပေသည်။ လူတစ်ယောက် စိတ်နှလုံးသား ထဲမှ မပါဘဲ အဘယ်မျှပင် မုစ်လင်မ် ဖြစ်ကြောင်း ဟစ်ကြွေး နေပါစေ၊ မုစ်လင်မ် ကဲ့သို့ နေထိုင် နေပါစေ ၊ မုစ် လင်မ် ဖြစ်မသွားပေ။ မုစ်လင်မ် ဖြစ်ရန် အစ္စလာမ့် ယုံကြည်ချက် များအား နှလုံးသား ထဲမှ နှစ်နှစ် ကာ ကာ လက်ခံဖို့ လိုအပ် ပေသည်။ မည်သူ တစ်ဦး တစ်ယောက်၏ တိုက်တွန်းချက် မှမပါဘဲ ၊ မည်သည့် မက် လုံးမှ မပေးဘဲ လူတစ်ယောက်အား နှလုံးသားထဲမှ လက်ခံ လာသည် အထိ အစ္စလာမ် အကြောင်း တင်ပြ ခြင်းဖြင့် အစ္စလာမ် သာသနာ ဖက်သို့ ဖိတ်ခေါ် ရသည်။ ဤနည်းမှ အပ အခြား မည်သည့် နည်းနှင့် မှ အစ္စလာမ် ဖက်သို့ ဖိတ်ခေါ်ခြင်း မပြုပိုင်ပေ။ အခြား နည်းဖြင့် အစ္စလာမ် ထဲသို့ ၀င်ရောက် စေ ခဲ့လျှင်လည်း ထိုဝင်ရောက် လာသူအား မုစ်လင်မ်ဟု ခေါ်ဆိုခွင့် လုံးဝမရှိပေ။ နှလုံးသား၏ ခံယူချက် သက်သက်ဖြင့် ၀င်ရောက် လာသူကိုသာ မုစ်လင်မ်ဟု အသိ အမှတ် ပြုရသည်။ ထို့ကြောင့် အစ္စလာမ် သာသနာ ထဲသို့ အတင်း အဓမ္မ သွပ်သွင်းသည် ဆိုသော စကားမှာ မဖြစ် နိုင်သော ၊ အခြေ အမြစ် မရှိသော ၊ လုပ်ကြံ ဖန်တီး ထားသော စကားသာ ဖြစ်ပေသည်။

အာရေ ဗီးယား ကျွန်းဆွယ် တစ်ခုလုံးကို မုစ်လင်မ်များ အုပ်ချုပ်ခဲ့ သည်မှာ နှစ်ပေါင်း ၁၄၀၀ ကျော်ခဲ့ပါပြီ။ ဒီနေ့ အာရပ် တစ်ခွင်မှာ ခရစ်ယာန် ကိုးကွယ်သူ Coptic Christian (ကိဗ်သွီ) အရေ အတွက် ၁၄ သန်းကျော် ရှိသည်။ ၎င်း ၁၄ သန်း ကျော်သော ခရစ်ယာန် တို့က မျိုးရိုး စဉ်ဆက် ခရစ်ယာန် ဘာသာကို ယုံကြည် ကိုးကွယ်ရင်း အာရပ် ကမ္ဘာ၌ လွတ်လပ်စွာ နေထိုင် လာကြသည်။ အိန္ဒိယ နိုင်ငံကို မုစ်လင် မ်တွေ နှစ်ပေါင်း ၁၀၀၀ ကျော် အုပ်ချုပ် ခဲ့ပေမဲ့ ဟိန္ဒူ နှင့် ဗုဒ္ဓ ဘာသာ ဝင်ဟာ ဒီနေ့ထိ စုစုပေါင်း လူဦးရေရဲ့ ၈၀% အတိုင်း အတာဖြင့် လူများစု အဖြစ် ရှိနေဆဲ ဖြစ်သည်။ အကယ်၍ မုစ်လင်မ်တွေ အင်အား ရှိလာရင် လူတွေကို အစ္စလာမ် ဘာသာထဲ အတင်း ဝင်ခိုင်း ၊ မဝင်ရင် သတ်ပစ် တာတို့ လုပ်ရိုး မှန်လျှင် ယနေ့ အာရပ် ကမ္ဘာ မှာလည်း ခရစ်ယာန်တွေ ရှိစရာ အကြောင်း မရှိသလို အိန္ဒိယနိုင်ငံ မှာလည်း မွတ်စလင်မ် ဦးရေဟာ လူများစု အဖြစ် ရှိနေသင့် ပါတယ်။

ယနေ့ အင်ဒို နီးရှား နိုင်ငံဟာ ကမ္ဘာပေါ်မှာ မုစ်လင်မ် အများဆုံး နိုင်ငံအဖြစ် ရှိပါတယ်။ ၁၂၉၁ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသည်ကြီး မာကိုပိုလိုဟာ တရုတ်ပြည်မှ အပြန် စူမာတြားကျွန်း ပေါ်သို့ ရောက်ရှိ ခဲ့ပြီး နတ်ကိုးကွယ်သူ တို့အကြား မုစ်လင်မ် တို့ကို တွေ့မြင် ရကြောင်းနှင့် မုစ်လင်မ် အုတ်ဂူ ကိုလည်း တွေ့ခဲ့ ရကြောင်း မှတ်တမ်း တင်ထားသည်။ အဲ့ဒီ နောက်ပိုင်း အင်ဒိုနီးရှားမှာ အစ္စလာမ် သာသနာဝင် အရေ အတွက်ဟာ တစ်စတစ်စ များပြား လာခဲ့သည်။ မည်သည့် မုစ်လင်မ် စစ်တပ် (သို့မဟုတ်) သာသနာ ပြုမှု တစ်စုံတရာ မတွေ့ရဘဲ အင်ဒိုနီးရှား အပါအ၀င် အရှေ့တောင် အာရှနိုင်ငံ များသို့ အစ္စလာမ် သာသနာ ပျံ့နှံ့ခဲ့ပုံနှင့် စပ်လျဉ်း၍ ကမ္ဘာ့သမိုင်းက အံ့ဖွယ် အကြောင်း အရာအဖြစ် တင်ပြ ထားကြသည်။

ကျမ်းမြတ် ကုရ်အာန် ကဏ္ဍ ၄၊ အပိုဒ် ၃ တွင် အလ္လာဟ် အရှင်မြတ်က မုစ်လင်မ် အမျိုးသား များအား ဇနီး မိန်းမ ၁ ဦးသာ ယူကြရန် တိုက်တွန်း ထားသည်။ တစ်ဦး ထက်ပို၍ ယူလိုပါ ကလည်း အလွန်ဆုံး ၄ ယောက် သာ ယူရန် ကန့်သတ် ထားသည်။ ယနေ့ ကျွန်ုပ်တို့ မြန်မာပြည် မုစ်လင်မ် လောကတွင် မိန်းမ ၄ ယောက် ယူသူသည် မုစ်လင်မ် အမျိုးသား အယောက် ၁ ထောင်တွင် ၁ ယောက်ပင် မရှိပေ။ မိန်းမ ၂ ယောက်ယူသူပင် ၁၀၀ တွင် ၁ ယောက်နှုန်း ရှိချင်မှ ရှိမည်။ ဤအရေ အတွက်မှာ အခြား ဘာသာ ကိုးကွယ်သူ များ၏ ပတ်ဝန်းကျင်နှင့် မကွာခြားပါ။ သို့ဖြစ်ရာ မုစ်လင်မ် တို့အား သားဖောက် သာသနာ ပြုသည်ဟု စွတ်စွဲ သမုတ်သူမှာ အသိပညာ ဗဟုသုတ နည်းသော လူ့ဗာလသာ ဖြစ်ကြောင်း တင်ပြ အပ်ပါသည်။

(ဆက်လက်တင်ပြသွားပါမည်။) 

Written By Nurullah MUG 
Tafseer Reference- Ma a limul Irfan 
(Maulana Abdul Hameed Sawati)

အစ္စလာမ့် အဆုံးအမများ Facebook စာမျက်နှာမှ ကူးယူ ဖော်ပြသည်။

Comment ရေးရန်

Rohingya Exodus