နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော ခရိုင်တွင် နစကမှ လူသား အခွင့် အရေး များကို ဆက်လက် ချိုးဖောက် နေဆဲ


မဟာမင်းခန့်
RB News
April 15, 2013

ရခိုင် ပြည်နယ် မောင်တော ခရိုင်တွင် (ဘူးသီးတောင်၊ မောင်တောမြို့) တွင် နယ်မြေ (၉) ခုခွဲခြားကာ နစက က သီးသန့် အုပ်ချုပ် နေသည်မှာ စစ်အာဏာရှင် န၀တ အစိုးရ မှစ၍ ယခု ဒီမိုကရေစီ ကိုလျှောက် လှမ်း နေသည် ဆိုသော ဦးသိန်းစိန် အစိုးရ အထိ ဖြစ်သည်။ နစက အုပ်ချုပ် ရေးသည် မောင်တော ခရိုင် အတွင်း ရှိ ရိုဟင်ဂျာ များအတွက် သီးသန့် ထုတ်ထားသော ဥပဒေ၊ အမိန့်၊ အာဏာ စက်များဖြင့် လူအခွင့် အရေး အားလုံးကို ဗြောင်ဗြောင် တင်းတင်း ချိုးဖောက် ထားသော အုပ်ချုပ် ရေးစ နစ် ဖြစ် သည်။ မောင် တော ခရိုင် အတွင်းရှိ ရိုဟင်ဂျာ များသည် နစက၏ ခွင့်ပြု ချက်မရပဲ၊ တစ်မြို့မှ တစ်မြို့သို့ မ ဆို ထားနှင့် တစ်ရွာ မှ တစ်ရွာ သို့ပင် မသွားရ။ သွားလျှင် ငွေ ၁၀၀၀၊ ၅၀၀ ကျပ် စသည်ဖြင့် ပေး ၍ ထောက်ခံစာ ရယူပြီး မှသာ သွားခွင့် ရှိသည်။ နစက၏ ခွင့်ပြု ချက်မပါပဲ ထင်းခုတ်၊ ၀ါးခုတ်ရန် တောင်ပေါ် မတက်ရ။ လယ်ထဲ မဆင်းရ။ မြစ်ချောင်း အင်းအိုင်ထဲ ငါးဖမ်းရန် မဆင်းရ။ အိမ် မဆောက်ရ။ အိမ်မပြင်ရ။ ဗလီ၊ ဘာသာရေး စာသင်ကျောင်း မဆောက်ရ။ မပြင်ရ။ လက် မထပ်ရ။ ကလေး မမွေးရ။ …….. စသည့်၊ စသည့် အခြေခံ လူ့အခွင့် အရေး အားလုံးကို ချိုးဖောက် ခံနေ ရသည်မှာ စစ်အစိုးရ အဆက်ဆက် ဖြစ်သည်။ 

ရိုဟင်ဂျာ များသည် မိမိ တို့၏ အရွယ် ရောက်နေ သော သားသမီး များကို လက်ထပ် ထိမ်းမြား ပေးရန် မိဘများ မည်မျှပင် သဘော တူသည် ဖြစ်စေ ကာမူ၊ နစက ကွပ်ကဲ ရေးမှူး၏ လက်ထပ် ခွင့်ပြုချက် မရ လျှင် မည်သို့မှ လက်မထပ် နိုင်ပေ။ အပျို၊ လူပျို၊ လူလွတ် မည်မျှပင် ချစ်ကြိုက် နေသည် ဖြစ်စေ လက် ထပ်ခွင့် မရှိ။ နစက၏ ခွင့်ပြုချက် ရယူပြီး မှသာ လက်ထပ် နိုင်သည်။ ထိုသို့ လက်ထပ် ခွင့်ရ ယူရာ တွင် လည်း အလကား မရပေ။ အနည်းဆုံး ငွေ ၄၀၀၀၀ ကျပ်မှ ကျပ်သုံးသိန်း အထိ နစက အားပေး ရမည်။ မပေး နိုင်လျှင် လက် မထပ်နှင့်။ လက်ထပ် ခွင့်မရှိပဲ လက်ထပ် ခဲ့လျှင် ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ် အထိ မိသားစု နှစ်စုလုံး အပြင် လက်ထပ် သူနှစ်ဦးပါ ထောင်ချ ခံရမည်။ ဤကဲ့သို့သော ဥပဒေ များ မြန် မာ နိုင် ငံ နောက်ထပ် မည်သည့် ဒေသတွင် ရှိသေး သနည်း။ ကမ္ဘာ တွင်ရော မည် သည့် နေ ရာ ဒေသတွင် ရှိကြ သနည်း။ 

ယခုလည်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စ၍ နစက ကွပ်ကဲ ရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးမှ လက်ထပ်ခွင့် အားလုံးကို ပိတ်ထား လိုက်သည်မှာ ယခု အချိန်ထိ ဖြစ်သည်။ ယခုနှစ် ဇန်န၀ါရီမှ စ၍ မောင်တော ခရိုင် နယ်မြေ (၉) ခုတွင် လက်ထပ်ခွင့် ရရန် လျှောက်လွှာ တင်သူ ဦးရေ ၁၀၀၀ ခန့် ရှိသော်လည်း တစ်ဦး တစ်ယောက် ကိုမျှ လက်ထပ်ခွင့် ချမပေးပဲ၊ လျှောက်လွှာ အားလုံးကို ပြန်ပေး လိုက်သည်။ နောက်ဆုံး သတင်း ရသည်မှာ နယ်မြေ (၉) ခုအနက် တစ်လလျှင် နယ်မြေ တစ်ခု အတွက်သာ လက်ထပ်ခွင့် တစ်ခု ချပေးမည်ဟု သိရသည်။ ၂၀၁၅ ခုအထိ ဤအတိုင်းသာ လက်ထပ်ခွင့် ချပေးမည်ဟု ပြောသဖြင့် လက်ထပ် လိုသော အပျို၊ လူပျို များနှင့် ၎င်းတို့၏ မိဘ များက အလွန် တရာ စိတ်ဆိုး ဒေါသ ဖြစ်နေ ကြသည်။ 

တိရစ္ဆာန် များသည်ပင် မိမိတို့ စိတ်တိုင်းကျ ……..သားသမီး မွေးနေ ကြသည်။ အမိုးပွင့် အကျဉ်း ထောင်အတွင်းရှိ ရိုဟင်ဂျာ များတွင် တိရစ္ဆာန် လောက်ပင် အခွင့် အရေး မရှိပေ။ ရိုဟင်ဂျာ များအား အလွန် တရာ ယုတ်မာ ရိုင်းစိုင်းသော လူစိတ် မရှိသော လူကဲ့သို့ နားမ လည်သော လူသား အခွင့် အရေးကို သိသိကြီးနှင့် ချိုးဖောက် နေသော လူဟူ၍ပင် ပြော၍ မရသော လူ့သတ္တ၀ါ နစက များက သား သမီးချင်း မစာနာ၊ မောင်နှမ ချင်းမစာနာ ယုတ်မာ ရက်စက်စွာ အုပ်ချုပ် နေသည်ကို နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန်နှင့် ကမ္ဘာ့ ကု လ သမဂ္ဂ အပါ အ၀င် ကမ္ဘာ တစ်ဝန်းမှ လူသား များက ၀ိုင်းဝန်း တားမြစ် အရေးယူ ပေးပါရန် ရိုဟင်ဂျာ များမှ အနူး အညွှတ် မေတ္တာ ရပ်ခံ ပန်ကြား အပ်ပါသည်။

Comment ရေးရန်

Rohingya Exodus