အိုအိုင်စီမှ မြန်မာ နိုင်ငံသို့ ၀န်ကြီး အဆင့် ကိုယ်စားလှယ် အဖွဲ့ ၀င်ခွင့် ရရေး တောင်းဆို
RB News
15.4.2013
တနင်္ဂနွေ နေ့က ဆော်ဒီ အာရေဗျာ နိုင်ငံ ဂျဒ္ဒား မြို့မှာ ကျင်းပတဲ့ အစ္စလာမစ် ပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ နိုင်ငံ ခြားရေး ၀န်ကြီး အဆင့် အစည်း အဝေးမှာ မြန်မာ နိုင်ငံကို ၀န်ကြီး အဆင့် ကိုယ်စားလှယ် တွေဝင်ခွင့် ပေးဖို့ တောင်းဆို လိုက်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ယနေ့ ရေးသား ဖော်ပြ ထားပါတယ်။
ကမ္ဘာ ပေါ်မှာ အခိုင်မာဆုံး ထိပ်တန်း အစ္စလာမ် အဖွဲ့ အစည်း ဖြစ်တဲ့ အိုအိုင်စီက ကုလ သမဂ္ဂ လူ့အခွင့် အရေး ကော်မရှင် ကိုလည်း မြန်မာ နိုင်ငံမှာ အချက် အလက် ရှာဖွေတဲ့ အဖွဲ့ တစ်ဖွဲ့ စေလွှတ် ဖို့ တိုက်တွန်း လိုက်ပါတယ်။ တနင်္ဂနွေ နေ့အစည်း အဝေး အပြီးမှာ ထုတ်ပြန် လိုက်တဲ့ ကြေညာချက် မှာ မြန်မာ အာဏာပိုင် တွေကို အိုအိုင်စီ ၀န်ကြီးများ ကိုယ်စားလှယ် အဖွဲ့ကို ၀င်ခွင့် ပေးရေး အတွက် မေတ္တာ ရပ်ခံ ချက်ကို အမြန်ဆုံး အကြောင်း ပြန်ကြား ပေးဖို့ ရေးသား ထားပါတယ်။
မြန်မာ အစိုးရရဲ့ ကိန်းဂဏန်း တွေအရ လွန်ခဲ့တဲ့ နှစ်က ရခိုင် ပြည်နယ်မှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက် မှုတွေမှာ လူပေါင်း ၁၈၀ သေဆုံး ခဲ့ရတယ်လို့ လွန်ခဲ့ တဲ့လက မြန်မာ နိုင်ငံ အလယ် ပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှုမှာ ၄၃ ဦး သေဆုံး ခဲ့တယ်လို့ ဖော်ပြ ခဲ့ပါတယ်။
မြန်မာ နိုင်ငံ တွင်းမှာ ဗုဒ္ဓ ဘာသာဝင် တွေနဲ့ အစ္စလာမ် ဘာသာဝင် တွေဟာ မျိုးဆက် ပေါင်းများစွာ အတူ ယှဉ်တွဲပြီး ငြိမ်းချမ်းစွာ နေထိုင် လာခဲ့ ပေမယ့်လည်း ယခု အခါ မှာတော့ နိုင်ငံတွင်းမှာ ရှိတဲ့ မွတ်စလင် တွေဟာ အကြမ်းဖက် မှုတွေ ထပ်မံ ဖြစ်ပေါ် လာမှာကို စိုးထိတ် ကြောက်ရွှံ့ နေရတယ်။
အိုအိုင်စီ အထွေထွေ အတွင်းရေး မှူးချုပ် Mr Ekmeleddin Ihsanoglu က ဖြစ်ပွား ခဲ့တဲ့ အကြမ်း ဖက်မှု တွေက လုံးဝ လက်ခံ နိုင်စရာ အနေ အထားမှာ မရှိကြောင်းနဲ့ လူမျိုးရေးနဲ့ ဘာသာရေး တင်းမာမှု တွေမှာ အစိုးရရဲ့ အရေး ယူမှုတွေ နည်းပါးမှု တွေကြောင့် အခုလို အကြမ်းဖက် မှုတွေ ဖြစ်ပေါ် ရတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ တွေကို ကုလ သမဂ္ဂက ကမ္ဘာ ပေါ်မှာ ညှင်းပန်း နှိပ်စက် အခံရဆုံး လူနည်းစု အဖြစ် သတ်မှတ် ထားပြီး မြန်မာ နိုင်ငံသား ဖြစ်ခွင့်ကို နှစ်ပေါင်း များစွာ ငြင်းပယ် ထားခဲ့ ပေမယ့်လည်း မြန်မာ နိုင်ငံသား များဖြစ်တဲ မွတ်စလင် တွေကို လွန်ခဲ့တဲ့လ ကပစ်မှတ် ထားပြီး အကြမ်းဖက် ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ် စက်တင် ဘာလမှာ အဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံ ကနေ ၁၁ နိုင်ငံကို ရွေးချယ်ပြီး ရိုဟင်ဂျာ များအတွက် ရည်ရွယ်ပြီး OIC Contact Group ကိုဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီ Contact Group မှာ အာဖဂန် နစ္စတန်၊ ဆော်ဒီ အာရေဗျာ၊ ဘင်္ဂလား ဒေ့ရှ်၊ ဘရူးနိုင်း၊ ဂျီဘိုတီ၊ အီဂျစ်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ အင်ဒို နီးရှား၊ မလေးရှား၊ ဆူဒန်နဲ့ တူရကီ နိုင်ငံတို့ ပါဝင် ပါတယ်။
လွန်ခဲ့တဲ့ နှစ်က မြန်မာ နိုင်ငံမှာ မွတ်စလင် တွေကို အကြမ်းဖက် ခဲ့တာကို အိုအိုင်စီက ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချ ခဲ့ပြီး လူမျိုးတုန်း သတ်ဖြတ်မှု (Genocide) လို့ ပြောခဲ့ ပါတယ်။