ကွန်ပျူတာ လက်ဗွေ နှိပ်ရန် တစ်ကျော့ပြန် ပြန်လည် ခြိမ်းခြောက်နေ
မေယုတာရာ
RB News
4.4.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီး တောင် မြို့နယ်၊ နယ်မြေ (၉) နစကမှ တာဝန်ခံ ဗိုလ်ကြီး ၀င်း လှိုင်ဦး သည် ယမန်နေ့ (ဧပြီလ ၃ ရက်နေ့) က တောင်ဘဇာ ဈေးရှိ လက်ဘရည် ဆိုင်တစ်ဆိုင်တွင် အနီး အနား ရွာများမှ ရပ်မိ ရပ်ဖ အချို့ ကိုခေါ်ပြီး၊ ဓါးရှည် ကိုင်ကာ ခြိမ်းခြောက် ခဲ့ကြောင်း သတင်း ရရှိပါ သည်။
နယ်မြေ (၉) နစကမှူး ဗိုလ်ကြီး ၀င်းလှိုင်ဦးသည် လက်ဘရည် ဆိုင်ရှိ စားပွဲ ပေါ်တွင် ဓါးရှည် တစ်ချောင်း ကို တင်ထား လိုက်၊ ဝှေ့ရမ်းလိုက် လုပ်ရင်း ရပ်မိ ရပ်ဖ များအား ကွန်ပျူတာတွင် လက်ဗွေ နှိပ် မည့် ကိစ္စကို တစ်ကျော့ပြန် ပြန်လည် လုပ် ဆောင် ရမည် ဖြစ်ကြောင်း၊ လက်ဗွေမနှိပ်လျှင်အင်အားသုံးမည် ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို နေကြောင်း သိရသည်။ လက်ဗွေ နှိပ်ရန် အပေါ် အမိန့် အရ ဟု ပြော ဆို နေသော် လည်း၊ မည်သည့် အမိန့် စာမျှ မပြချေ။
ယခင် ကလည်း ကွန်ပျူတာတွင် လက်ဗွေ နှိပ်မည့် ကိစ္စကို လုပ်ဆောင် ခဲ့သော်လည်း၊ ရိုဟင်ဂျာ များက ကွန်ပျူတာ တွင် ဘင်္ဂလီ ဟု ရေးသဖြင့် လက်ဗွေ နှိပ်ရန်ငြင်းဆန် ခဲ့၍ အစီအစဉ် ပျက်သွား ခဲ့သည်။ ယခု တစ်ကျော့ပြန် ပြန် လည်၍ ခြိမ်း ခြောက်ကာ ပြောဆို နေခြင်း ဖြစ်သည်။
ပေါက်တောပြင်ရွာ တွဲဖက် မူလတန်း ကျောင်း၌ ရွာသား များအား ယနေ့ ခေါ်ခဲ့ သော်လည်း ရွာသား များက အတင်း အဓမ္မ လက်ဗွေ နှိပ်ခိုင်း မည်ကို စိုးရိမ်ပြီး၊ အနီး အနားရှိ ကျေးရွာ များသို့ သွားရောက် ရှောင်နေကြ ကြောင်း သိရသည်။ မနက်ဖြန် (ဧပြီလ ၅ ရက်နေ့) တွင် ဘူးသီးတောင် မြို့ နယ် ပေါင်တော်ပြင် ကျေးရွာသို့ သွားရောက် ကာ လက်ဗွေ နှိပ်မည့် ကိစ္စကို စီစဉ်မည် ဖြစ်ကြောင်း သိရသည်။ ယခု ကဲ့သို့ မြန်မာ နိုင်ငံ တစ်နံ တစ်လျားတွင် ဘာသာရေး အဓိကရုဏ်းများ တွင်တွင် ကျယ် ကျယ် ဖြစ်ပေါ် နေစဉ်တွင် ရခိုင် ပြည်နယ် တွင်လည်း တစ်ကျော့ပြန် ပြဿနာ ပေါ်ပေါက် စေရန် တမင် တကာ ကြံစည် ခြင်းလားဟု ဒေသခံ များက ထင်မြင် ယူဆ နေကြောင်း သိရသည်။ ဤကိစ္စသည် ရိုဟင်ဂျာ များအား ဘင်္ဂလီများဟု အဓမ္မ စာရင်းသွင်း နေခြင်း ဖြစ်သဖြင့် မည်သည့် ရိုဟင်ဂျာ တစ်ဦး တစ်ယောက်ကမျှ လက် ဗွေနှိပ်မည် မဟုတ်ကြောင်း သတင်း ရရှိပါသည်။