နောက်ဆုံးသတင်း/ဆောင်းပါးများ

HRW မှ ထုတ်ပြန်သော ဂြိုဟ်ထုမှ တဆင့် မှတ်တမ်း တင်ထားသော ပုံများ

RB News
2.4.2013

မိတ္တီလာ မြို့တွင် မတ်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့ အတွင်း ဖြစ်ပွား ခဲ့သော အကြမ်းဖက်မူ မီးရှို့ ဖျက် ဆီး မှုများတွင် ကျူးလွန်သူများကို မြန်မာ အစိုးရ အနေဖြင့် အမြန်ဆုံး စုံစမ်း ဖော်ထုတ်ပြီး အရေး ယူ ဆောင်ရွက် ရမည့် အပြင် လူမျိုး ခွဲခြား ဆက်ဆံခြင်း အဆုံး သတ်ရန်နှင့် မတူညီ ကွဲပြားသော ဘာသာ ၀င်များ အတူယှဉ်တွဲ နေထိုင် နိုင်ရေးကို လုပ်ဆောင် ရမည်ဟု အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့ အ ခွင့် အရေး စောင့်ကြည့် ရေး အဖွဲ့ (HRW) မှ ပြောကြား လိုက်သည်။ မြန်မာ အစိုးရ အနေဖြင့် မွတ် စလင် အသိုင်း အ၀ိုင်းများကို ထပ်မံ အကြမ်းဖက် တိုက်ခိုက်မှုများ မဖြစ်ပေါ် လာရေး အတွက်လည်း လုပ်ဆောင်ရမည်ဟု HRW မှ ဆိုသည်။ 

HRW မှ ဂြိုဟ်ထုမှ ရိုက်ကူး ထားသည့် ပုံများ သုံးသပ်ချက်အရ မိတ္တီလာ မြို့တွင် အဓိက နေရာ သုံးနေ ရာ တွင် မီးရှို့ဖျက်ဆီး မှုများကြောင့် မွတ်စလင် များ၏ နေအိမ် ၈၄၈ လုံး လုံးဝ ဖျက်ဆီးခဲ့ ရပြီး၊ အခြားသော အဆောက် အဦ ၃၅ လုံးခန့်မှာ အစိတ်အပိုင်း များစွာ ပျက်စီး ခဲ့ကြောင်း ရေးသား ဖော်ပြ ထားသည်။ 

ဂြိုဟ်မှ တဆင့် ရိုက်ကူး ထားသော ပုံများမှာ --












Comment ရေးရန်

Rohingya Exodus