March 27, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရာဇသံ


ဌေးလွင်ဦး
RB News
22.5.2013

မြန်မာ နိုင်ငံ အတွင်းမှာ အစ္စလာမ် သာသနာ ၀င်တွေကို တစ်ဘက်သတ် ခွဲခြားမှု၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ ခြိမ်းခြောက် မှုနဲ့ မွတ်ဆလင် လူမျိုးတုံး သတ်ဖြတ် မှုတို့ အပေါ် အကွက် ကျကျ စီစဉ် ခဲ့ခြင်းကို ဆက်လက် မပြု လုပ်ဘို့ ကျုပ်တို့ အနေနဲ့ အထက်လမ်း၊ အောက်လမ်း မျိုးစုံနဲ့ အကြိမ်ကြိမ် မေတ္တာ ရပ်ခံခဲ့တယ်။ မေတ္တာ ရပ်ခံမှု များကို အလေး မထား၊ ပမာမခန့် ပြုမှု များကြောင့်- သတိပေးမှု အဆင့်တွေနဲ့ တားမြစ်ခဲ့တယ်။ 

တစ်ပြိုင် နက်ထဲမှာ တရားခံ လက်သည် စင်စစ် များဟာ ဘယ်သူများ ဖြစ်သလဲ အနုစိပ် လေ့လာ ခဲ့တယ်။ အဖြစ် အပျက် တစ်ခု အတွက် အမုန်း တရားကို အခြေခံပြီး ဆုံးဖြတ် မိမှာ စိုးလို့- ကျုပ်တို့ ဘက်က နည်းမျိုးစုံနဲ့ ဆင်ခြင် ခဲ့တယ်။ ဒါပေမယ့် ဦးသိန်းစိန်နဲ့ အပေါင်းပါ တစ်စုဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ရာထူးကို ယူထားပြီး အစ္စလာမ် မုန်းတီးရေးနဲ့ မွတ်ဆလင် မျိုးတုံး သုတ်သင်ရေးကို ဒီနေ့ထိ ဇွဲမလျှော့ဘဲ လုပ်ဆောင် နေဆဲပါ။ 

မြန်မာ နိုင်ငံ ထဲက အခြေ အနေ တွေကို ကျုပ်တို့ ဘက်က သုံးသပ် မှုမှာ- (၁) သမ္မတ နေရာကို ယူထားတဲ့ ဦးသိန်း စိန်နဲ့ သူ့အစိုးရ အုပ်စု၊ (၂) လွှတ်တော်နဲ့ လွှတ်တော် ကိုယ်စား လှယ်များ အုပ်စု (၃) အတိုက် အခံ အင်အား စုများ အုပ်စု (၄) အာဏာရှင် ဟောင်း စစ်ဗိုလ်ပြုတ်များ အုပ်စု ဆိုပြီး အပိုင်း လေးပိုင်းကို သုံးသပ် မိတယ်။ ဒီအုပ်စု သုံးစု ထဲမှာ မွတ်ဆလင် လူမျိုးတုံး သတ်မှုကို ကျင့် သုံးတဲ့ အုပ်စုက သမ္မတ ဦးဆောင်တဲ့ သူ့အစိုးရ အုပ်စုကို တွေ့ရ ပါတယ်။ 

လွှတ်တော်ဟာ ဦးသိန်းစိန်နဲ့ ပါတီတူ ကြံ့ခိုင်ရေး ပါတီက အမတ်နေရာ အများစုကို ရယူထားလို့- လွှတ်တော် ကိုပါ ဦးသိန်းစိန်ရဲ့ အစိုးရ အုပ်စု ထဲမှာ ထည့်တွက် နိုင်ခြင်း မရှိပါ။ ဒီအတွက် ပါတီ များကို ပြန်လည် သုံးသပ် ရဘို့ လိုပြန် ပါတယ်။ လောလောဆယ် အင်အား အကြီးဆုံး ပါတီများ အနက် ကြံ့ခိုင်ရေး ပါတီနဲ့ NLD ပါတီကို တွက် ကြည့်ရင်- ပါတီ ၂ ခုလုံးမှာ တိုင်းပြည်ကို တိုးတက် စေလို သူများ၊ လူမျိုး ဘာသာ မခွဲခြားဘဲ စည်းလုံး ညီညွတ်စွာ တည်ဆောက် လိုသူများ စတဲ့ လူကောင်းများ ရှိသလို-၊ မွတ်ဆလင် များကို တစ်ဘက်သတ် မုန်းတီးဆန့်ကျင် နေသူ များလည်း ရှိနေ ပါတယ်။ ဒါကြောင့် မွတ်ဆလင် လူမျိုးတုံး သုတ်သင် သတ်ဖြတ်တဲ့ အမှုမှာ ကြံ့ခိုင်ရေး ပါတီ က လုပ်ဆောင် တာလို့ မှတ်ချက် ချဘို့ မဖြစ်နိုင်ပါ။ 

သမ္မတ နေရာကို ယူထားသူ ဦးသိန်းစိန် ကိုယ်တိုင်က ပါးစပ်က ချိုချိုပြောဆို လိမ်ညာပြီး- မွတ်ဆလင် များကို အကြီး အကျယ် မုန်းတီး အထင်သေး နေသူ တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူး ယဉ်ချက် ဖြစ်တဲ့ မွတ်ဆလင်များ ကို တိုင်းပြည်က နှင်ထုတ် ပစ်ဘို့ စီမံချက်ကို သူ့အနေနဲ့ ဒီနေ့ထိ လက်မလျှော့ဘဲ ဆက်လက် ကြံစည် နေတာကို လည်း အတိအကျ အထောက် အထား များနဲ့ တွေ့ရ ပါတယ်။ သူ့အနီးရှိ သမ္မတရုံး အဖွဲ့ဝင် အုပ်စု များကိုလည်း ဒီ အတိုင်းပဲ ညွှန်ကြား ထားပါတယ်။ (သူ့အနီးကပ် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးရဲ့ ပါးစပ်က ထွက်လာ ခဲ့တာပါ။) 

ဒါကြောင့် သမ္မတဆိုသူ ဦးသိန်းစိန် ပြောနေတဲ့ ဘာပြုပြင် ပြောင်းလဲ ရေးကိုမှ ကျုပ်တို့ ဂရုစိုက် နေတော့မှာ မဟုတ်ဘဲ၊ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အုပ်စုနဲ့ ကျုပ်တို့ ကြားမှာ ရန်ငါ ပြတ် သွားခဲ့ ပါပြီ။ ဦးသိန်းစိန်နဲ့ အုပ်စု ကို ဒီနေ့ကစ- စတင် ပုံစံပေးရ ပါတော့မယ်။ ပုံစံပေးမှု ပြစ်ဒဏ် ခတ်မှု အကြီးစားတွေ ရောက်မလာမှီ-၊ 

(၁) မိတ္ထီလာ၊ ဥက္ကံ၊ စစ်တွေ၊ ကျောက်ဖြူ စတဲ့ မြန်မာ တစ်ပြည်လုံးက ဒုက္ခသည် တွေကို ချက်ချင်း (၁ လ အတွင်း) အိုးအိမ်များ ပြန်လည် တည်ဆောက် ပေးရမယ်။ 
(၂) မွတ်ဆလင် တွေကို သူတို့ မလိုလားတဲ့ အမည် နာမနဲ့ ခေါ်ဆို သူများ၊ ခွဲခြား သူများကို ချက်ချင်း အရေး ယူပေးရမယ်။ 
(၃) တစ်ဘက်သတ် ထုတ်ပြန် ခဲ့သမျှ ကော်မရှင် ပြန်တမ်း များကို ချက်ချင်း ပြန်လည် ရုပ်သိမ်း ပေးရမယ်။ 
(၄) တစ်တိုင်း ပြည်လုံးမှာ ရှိနေတဲ့ မွတ်ဆလင် တွေကို သူတို့ လိုချင်တဲ့ အမည် နာမနဲ့ နိုင်ငံသား၊ တိုင်း ရင်းသား အဖြစ် ချက်ချင်း အသိအမှတ် ပြုပေးရမယ်။ (ဦးသိန်းစိန်ရဲ့ လက်သုံး ဘင်္ဂလီ- ဆိုတာနဲ့ ဘင်္ဂလီ ဇတ်သွင်းဘို့ ဆက်မကြိုးစား နဲ့တော့- ဦးသိန်းစိန်၊ အဲ့ဒီ ဘင်္ဂလီ ဘွဲ့ကို ဦးသိန်းစိန် ကိုယ်တိုင်ပဲ ပြန်ယူ လိုက်ပါ။) 

နောက်ဆုံး အနေနဲ့ ကျုပ်တို့ရဲ့ တောင်းဆို မှုများကို Confrontation မလုပ်မိ ပါစေနဲ့လို့ ထပ်မံပြော လိုပါတယ်။ ငါ အာဏာ ရှိတယ်၊ ငါတို့က အချုပ် အခြာကို ပိုင်တယ် ဆိုတဲ့ မာနနဲ့ Confrontation လုပ်မိရင်-၊ နှစ်ဘက်လုံး အထိနာမှာ သေချာ ပေမယ့်-၊ တစ်တိုင်း ပြည်လုံး စုတ်ပြတ် သွားပြီး- နောက်ဆုံး အောင်ပွဲက ကျုပ်တို့ လက်ထဲ မှာပါ။ (အပြစ်မဲ့တဲ့ ပြည်သူ လူထုများ အပြစ်ဘေးမှ လွတ်ကင်း ကြပါစေ၊ အသက်ဘေးမှ လွတ်ကင်း ကြပါစေ၊) 


ဌေးလွင်ဦး 
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ 
မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့ 
အမေရိကန် ပြည်ထောင်စု

Comment ရေးရန်

Pages 22123456 »
Rohingya Exodus