နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်တက်မော် ဒုက္ခသည် စခန်းတွင် ၀မ်းပျက် ၀မ်းလျှောကြောင့် ကလေးငယ် တစ်ဦး သေဆုံး

(ဓါတ်ပုံ - Reuters)
RB News 
20.5.2013 

ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်၊ ဆင်တက်မော် ဒုက္ခသည် စခန်းသို့ မဟာဆင် မုန်တိုင်း ရှောင်ရန် ရောက်ရှိ လာသော ဒုက္ခသည် များမှာ ၀မ်းပျက် ၀မ်းလျှော ရောဂါ ခံစား နေရပြီး ယနေ့ ကလေး ငယ် တစ်ဦး သေဆုံး သွားကြောင်း သတင်း ရရှိပါသည်။ 

မေလ (၁၃) ရက်နေ့မှ စ၍ ပေါက်တော မြို့နယ်၊ ငှက်ချောင်း ဒုက္ခသည် စခန်းမှ ရိုဟင်ဂျာ ဒုက္ခသည် အများစုမှာ မဟာဆင် မုန်တိုင်း ရှောင်ရန် အတွက် ဆင်တက်မော်သို့ ထွက်ခွာ လာခဲ့ရာ စက်လှေ နစ်မြှပ်ပြီး ဒုက္ခသည် ၈၁ ဦး သေဆုံး ခဲ့ရသည်။ ထို့အပြင် ဆက်တက်မော် ဒုက္ခသည် စခန်းတွင် လည်း နေထိုင်ရေးနှင့် စားသောက်ရေး အတွက် လွန်စွာ ဒုက္ခရောက် လျက်ရှိပြီး ယခုအခါ ဒုက္ခသည် ပေါင်းများစွာမှာ ၀မ်းပျက် ၀မ်း လျှော ရောဂါ ဒဏ်ကို လူးလိမ့်စွာ ခံစားနေ ရကြောင်း သိရသည်။ 

“ကျွန်တော်တို့ ဒီကို မုန်တိုင်းရှောင် ဖို့ရောက် လာကြတာ။ အခုတော့ မုန်တိုင်းလည်း မလာတော့ ဘူး။ ဒါပေမယ့် ပြန်ဖို့ ဒုက္ခရောက် နေတယ်။ ပြန်လို့လည်း မရဘူး။ အားလုံးက နေဖို့ ထိုင်ဖို့၊ စားဖို့ သောက်ဖို့ အတော်လေး ဒုက္ခရောက် နေတယ်။ ကျန်းမာရေး စောင့်ရှောက်မှု လည်းမရှိဘူး။ ဆေးဝါးလည်း မရှိဘူး။ အတော်လေး ဒုက္ခရောက် နေတယ်။ ဒုက္ခသည် တွေတော်တော် များများ ၀မ်းပျက် ၀မ်းလျှော ဖြစ်နေတယ်။ ကလေးတွေရဲ့ အခြေအနေ တော်တော်လေး စိုးရိမ် ရတယ်။ ဒီနေ့ ၂ နှစ် အရွယ် ကလေး တစ်ယောက် ဆုံးသွားတယ်” ဟု ဒုက္ခသည် တစ်ဦးမှ RB News သို့ ပြောသည်။ 

ဝမ်းပျက် ၀မ်းလျှော ရောဂါကြောင့် သေဆုံး သွားရသည့် ကလေးငယ်မှာ ပေါက်တော မြို့နယ်၊ ဒုံးရွာမှ အေလီယာစ် (ဘ) ဦးမိုဟာမတ်ရော်ချီ (အသက် ၂ နှစ်) ဖြစ်ကြောင်း သိရ ပါသည်။ 

ဒုက္ခသည်များ အခက် အခဲ ပေါင်းစုံကို ရင်ဆိုင် နေရသော်လည်း UNHCR မှာ ပလတ်စတစ် အမိုးအကာ အချို့သာ ပေးခဲ့ပြီး၊ အခြား လိုအပ်ချက် များအတွက် ကူညီပေးမည့် အဖွဲ့အစည်း လုံးဝ မရှိကြောင်း ဒုက္ခသည် များ၏ ပြောကြားချက် များအရ သိရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus