နောက်ဆုံးသတင်း/ဆောင်းပါးများ

ပျားတို့ဘ၀သဖွယ် ရိုဟင်ဂျာ့ဘဝ

(ဓါတ်ပုံ - Lux Capio)
ရိုဟင်ဇာနည် (ယျာတင်)
RB ကဗျာ
29.5.2013

"ပျားတို့ဘ၀သဖွယ် ရိုဟင်ဂျာ့ဘ၀"

ဟိုတောင် ဒီတောင်၊ ပျံဝဲရင်း
ဟိုပင် ဒီပင်၊ လိုက်ကြည့်ရင်း
ဟိုပန်းပေါ် ဒီပန်းပေါ်၊ နားသယောင်နှင့်
မရပ်မနား ၀တ်မှုန် ကူးရင်း
နှုတ်သီးဖြင့် သယ်လာ၊ သေးငယ်အစက်
အချိန်ယူပြီး၊ ပျားအုံဆောက်ကြ ….

အားချိန်မရှိ
ပင်ပန်းမှန်းမသိ
နေပူမိုးရွာ အေးဒဏ်ခံ၍
ရှိသမျှအားစိုက် လုပ်ခဲ့ရပြီးမို့
ငါ့မှာတစ်ခါတစ်ခါ ခေါင်းမူးခဲ့သေးတယ်
ငါ့မှာတစ်ခါတစ်ခါ ရင်နာခဲ့သေးတယ်
ငါ့မှာတစ်ခါတစ်ခါ ဖျားနာခဲ့သေးတယ် ….

ယူနီဖေါင်းသမား ထိုအဖွဲ့သား
ငါ့ပင်ပန်းမှု ကိုယ်ချင်းမစာ
ငါ့အနာကို မသိယောင်ဆောင်
ငါ့ဒုက္ခကို လစ်လျူရှု၍
တွေ့သမျှပျားအုံ အပိုင်စီး
အောက်ကမွှေးပေး အရှိန်ပြင်းမီး ….

နှစ်နှင့်ချီပြီး ဆောက်ခဲ့တဲ့အိမ်
မီနှစ်ပိုင်းတွင်း ပြိုဖျက်ဆင်ဖျက်
မီးလောင်ခံတဲ့ ပျားကလေးများ
မီးအရှိန်ကြောင့် ဆုံးသူဆုံးနှင့်
ဟိုဝေးဝေးကို ပြေးသူပြေးနှင့် ….

ငါမွေးတဲ့ငါ့သားသမီး မျက်နှာ
လှည့်ကြည့်ချိန်မရ ငါလှည့်ပြေးရ
ငါ့ရင်ပူလောင် ရင်ထဲနာချိန်
ပျားရည်ရသူ ပြုံးလို့ရွှင်လို့ ….

သြော် ….
"မြေမျို၍ လူမျိုးမပြုတ်
လူမျိုမှ လူမျိုးပြုတ်သည်"
လ၀က ရုံးထဲ ဆိုင်းဘုတ်အတိုင်း
ငါ့လူမျိုးတွေ အမျိုခံနေရပြီးလား ….
ငါ့လူမျိုးတွေ မျိုးပြုတ်ခံနေရပြီးလား ….

Comment ရေးရန်

Rohingya Exodus