April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ရဲမှူး၏ ညှင်းပန်းနှိပ်စက် ငွေညှစ်မှုကို မီဒီယာသို့ သတင်းမပို့ရန် ခံဝန်ချက်ယူ

RB News
23.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ နယ်မြေ (၆)၊ ပြင်ဖြူရွာ အခြေစိုက် ရဲမှူး သည် အောက်တိုဘာ လဆန်းပိုင်းတွင် ဒေသခံ တစ်ဦး ထံမှ ငွေကျပ် ၉ သိန်း ညှစ်ယူသည်ကို မီဒီယာသို့ သတင်းပို့ ခဲ့သည့်အတွက် တဖန် ဖမ်းဆီး၍ မီဒီယာသို့ မပြောရန် ခံဝန်ချက် ယူခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

အောက်တိုဘာလ (၃) ရက်နေ့တွင် မောင်တော မြို့နယ်၊ ဇင်ပိုင်ညာ ကျေးရွာ အုပ်စု၊ သာစည်ရွာနေ ဦး ကာလာ အား ပြင်ဖြူရွာ အခြေစိုက် ရဲမှူးက လူကုန်ကူးမှု တွင်ပါဝင်သည် ဟုစွပ်စွဲ ဖမ်းဆီး၍ တစ်ရက် ချုပ်နှောင်ထားခဲ့သည်။အောက်တိုဘာလ(၄)ရက်နေ့တွင် ဦးကာလာ၏ မိသားစု ၀င်များ အား ကျောက်လှေ ကား ဈေးရှိ ဆိုရှယ် ကွန်ပျူတာဆိုင် ပိုင်ရှင် ဦးနိုင်ဝင်း ထံငွေကျပ် ၉ သိန်း ပေးလျှင် ဦးကာလာ လွှတ်ပေး မည်ဟု ရဲမှူးက ပြောသဖြင့် မိသားစု ၀င်များက ငွေကျပ် ၉ သိန်း ပေးခဲ့ရာ ဦးကာလာကို ပြန်လည် လွှတ်ပေး ခဲ့သည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက RB News သို့ သတင်းပေးပို့ ခဲ့ရာ အောက်တိုဘာလ (၁၁) ရက်နေ့တွင် သတင်း ရေးသား၍ ဖော်ပြ ခဲ့သည်။ ထိုကဲ့သို့ သတင်းပေးပို့ ခြင်းကို ရဲမှူးက မကျေ နပ် ၍ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရဲမှူး၏ အကျိုးတော်ဆောင် များဖြစ်သည့် ကွန်ပျူတာ ဆိုင်ပိုင် ရှင် ဦးနိုင်ဝင်းနှင့် ပုဇွန်ဒိုင် ဦးကျော်ဝင်း တို့မှ တဆင့် ဦးကာလာကို အကြောင်းကြား၍ နယ်မြေ (၆) ရုံးသို့ ဆင့်ခေါ် ခဲ့ကြောင်း သိရှိ ရပါသည်။ ဦးကာလာကို ထပ်မံ၍ တစ်ရက် ချုပ်နှောင် ထားခဲ့ပြီး၊ ရပ်မိ ရပ်ဖ (၅) ဦးမှ အာမခံ ပေးမှသာ လွှတ်ပေးမည်ဟု မိသားစု ၀င်များအား အကြောင်းကြား ခဲ့သည်။ 

အောက်တိုဘာလ (၁၃) ရက်နေ့တွင် ရပ်မိ ရပ်ဖ (၅) ဦးမှ ဦးကာလာ အတွက် အာမခံ ပေးခဲ့ရာ ပြန်လည် လွှတ်ပေးခဲ့ကြောင်းသိရှိ ရပါသည်။ ရဲမှူးက ဦးကာလာအား ငွေညှစ်ခံ ရခြင်းနှင့် ပတ်သက် ၍ နောက်နောင် မီဒီယာ၊ အဖွဲ့အစည်း များသို့ အကြောင်း မကြားပါဟု ရပ်မိ ရပ်ဖ (၅) ဦးနှင့် အသိ သက်သေ များရှေ့တွင် လက်မှတ် ရေးထိုး၍ ခံဝန်ချက် ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဒေသဆိုင်ရာ အာဏာပိုင် များသည် ဒေသခံ ရိုဟင်ဂျာ များကို ညှင်းပန်း နှိပ်စက်မှု မျိုးစုံ ပြုလုပ်၍ ငွေညှစ် လျက် ရှိသော် လည်း ပြည်နယ် အစိုး ရနှင့် ပြည်ထောင်စု အစိုးရမှ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည့် အပြင် မီဒီယာ သို့ အကြောင်းကြား လျှင်ပင် တစ်ဖန် ညှင်းပန်း နှိပ်စက်မှုကို ခံစား နေရသည်။ အဆိုပါ ရဲမှူး သည် အခြားသော ဒေသခံ များစွာ ထံမှ ငွေညှစ် ခဲ့သော်လည်း အများစုမှာ တစ်ဖန် ဖမ်းဆီး ခံရမည် ကို စိုးရိမ်၍ အာဏာပိုင် အကြီးအကဲ များနှင့် မီဒီယာသို့ အကြောင်းကြားရန် ထိတ်လန့် လျက် ရှိကြောင်း ဒေ သခံ များက ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus