နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူး ကျော်သူရီနှင့် ဇနီးက ဒေသခံ တစ်ဦးကို လုပ်ကြံ စွပ်စွဲဖမ်းဆီးပြီး ငွေ သိန်း ၄၀ ညှစ်



MYARF
RB News
19.5.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က နယ်မြေ - ၈ ) မှ ရဲမှူးကျော်သူရီနှင့် ဇနီးတို့သည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို RSO နှင့် အဆက်အသွယ် ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မြင်းလွတ်တောင်ရွာမှ မော်လ၀ီ မိုဟာမတ်ရှားဟ် (ဘ) ဦးဆိဒိတ် (အသက် ၃၀ နှစ်) အား အမှန်တကယ် ပြင်ပလောကတွင် မရှိသည့် RSO နှင့် ဆက်သွယ်နေသည်ဟု အခြေအမြစ် မရှိ စွပ်စွဲ၍ မေလ (၇) ရက်နေ့ ည (၈) နာရီ အချိန်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းအား တစ်ညလုံး ပုံစံမျိုးစုံဖြင့် လူမဆန်စွာ ရိုက်နှက် စစ်ဆေးပြီး မေလ (၈) ရက်နေ့တွင် ငွေကျပ် သိန်း ၄၀ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ မေလ (၇) ရက်နေ့တွင် ရဲမှူး ကျော်သူရီနှင့် ဇနီးတို့သည် တပ်ဖွဲ့ဝင်များနှင့် အတူ မြင်းလွတ် တောင်ရွာသို့ သွားရောက်၍ ဦးဟာမိတ် (ဘ) ဦးကေဖာယတ်အုလ္လာ အပါအ၀င် တံငါးသည် သုံးဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား လွန်ခဲ့သည့် တစ်လခန့်က ငါးဖမ်းရင်း နစ်မြှပ်ခဲ့သော ငါးဖမ်း စက်လှေနှင့် ပတ်သက်၍ ရဲမှူးကို သတင်းပို့ရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

မြင်းလွတ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး ကျော်သူရီ၏ ဇနီးသည် တပ်ဖွဲ့ဝင်များနှင့် အတူ ရွာထဲသို့ သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီးပြီး ၎င်းကိုယ်တိုင် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus