နောက်ဆုံးသတင်း/ဆောင်းပါးများ

သက်ဝင်ယုံကြည်သော နှလုံးသား

Salmah Ucsy

24.6.2013

မြန်မာ နိုင်ငံမှာ ရှိတဲ့လူ အများစုက မွတ်စလင်(မ်) တွေဟာ ဘာသာခြား တွေနဲ့ အိမ်ထောင် ပြုပြီး ဘာသာဝင် လူဦးရေ တိုးပွားအောင် မျိုးပွား စီမံကိန်း လုပ်ပါတယ် ဆိုတဲ့ အသံတွေ အတော် ကျယ်လောင် စွာ ကြားနေ ရပါတယ် ...

ကျွန်မရဲ့ အမျိုးသား စင်ကာပူ နိုင်ငံသား တရုတ် လူမျိုး တစ်ယောက်၊ မိရိုးဖလာ အရ Taoism လို့ခေါ် တဲ့ မြန်မာတွေ သိသလို အလွယ်ဆိုရင် နတ်ကိုးကွယ်တဲ့ ဘာသာဝင် တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူရဲ့ Islam အပေါ် သက်ဝင် ယုံကြည်မှုဟာ အိမ်ထောင် ပြုခြင်းနှင့် မသက်ဆိုင်ပါဘူး ...

မိဘများရဲ့ ဘာသာရေး အသိပညာ နည်းပါးမှု၊ သူကိုယ်တိုင်ရဲ့ စူးစမ်း လေ့လာမှု တို့နဲ့ Islam ဘာသာ ကို ရွေးချယ် ခဲ့ခြင်း ဖြစ်ပါတယ် ...

သူငယ်စဉ် တည်းက အဖွားတွေ၊ အမေတွေက တရုတ်ရိုးရာ အရ စက္ကူတွေ မီးရှို့တဲ့ အခါ ဘာလို့ ရှို့ နေ ရတာလဲလို့ မေးတော့ အဘွား (အဖွားရဲ့အမေ) ကို လူဘ၀ ပြန်ဖြစ်စေ ချင်လို့ ပြန်ဖြေ ကြတယ် ... သူ ထပ်မေးတယ် ... အဘွား ဆုံးတာပဲ ကြာလှပြီ ... အခုချိန်ထိ လူပြန် မဖြစ်သေး ဘူးလားတဲ့ ... ဒီတော့ အဖွားက ဟိုးရှေးက လူတွေလဲ ဒီလိုပဲ လုပ်ခဲ့တာ ... ငါတို့လဲ အများကြီး မသိဘူး လို့ပြန် ဖြေတယ် ...

ဆယ်ကျော်သက် အရွယ်ရောက် လာတဲ့ အခါ ကျတော့ ဘုံကျောင်း သွားတဲ့ အခါ နတ်များ အပြင် ငရဲသား၊ မကျွတ် မလွတ်တဲ့ ၀ိဥာဉ် တွေကိုလဲ ကန်တော့ ကြတယ် ... အဲဒီမှာ သူ့အတွက် အတွေးဝင် လာတယ် ... အဖွားနဲ့ မိဘတွေကို ပြောတယ် ... ကွမ်ရင် မယ်တော်၊ ဦးတီပွားနဲ့ အခြား ကောင်းကောင်း မွန်မွန် ဦးချရှိခိုး စရာရှိ ရဲ့သားနဲ့ ဘာအတွက်ကြောင့် သရဲ ဖြစ်နေတာ၊ ငရဲသား တွေကို လူက ဦးချ ရမှာလဲပေါ့ ... ထုံးစံ အတိုင်း လူကြီးတွေက အရှေ့က ဘိုးဘွား ဘီဘင်တွေ လုပ်လို့ လိုက်လုပ် တာတဲ့ ... 

နောက်များမှာ ဘုံကျောင်းသွား တဲ့အခါ သူသည် ငရဲသားနှင့် မကျွတ် မလွတ် များကို ဦးမချတော့ ပါဘူး ...

စင်ကာပူ မှာက PR နှင့် နိုင်ငံသား ယောက်ျားလေးတွေ အရွယ် ရောက်ရင် (၂)နှစ် စစ်မှုထမ်း ရပါတယ် ... အဲဒီ စစ်မှုထမ်းစဉ် ကာလမှာ မလေး လူမျိုး အခန်းဖော် တစ်ယောက်နဲ့ ဆုံတယ် ... အဲဒီ အခန်းဖော် သူငယ်ချင်းက တစ်နေ့ စာအုပ် တစ်အုပ် ဖတ်နေတာကို သူတွေ့တယ် ...

ဒီတော့ အခန်းဖော်ကို မေးတယ် ...ဘာစာအုပ် ဖတ်နေတာ လဲမေးတော့ ... ဘာသာ များကို နှိုင်းယှဉ် လေ့လာမှုကို ရေးထားတဲ့ စာအုပ်လို့ သူငယ်ချင်းက ပြန်ပြောတယ် ... သူက စာအုပ်ကို ငှားဖတ်တယ် ... အဲဒီမှာ Concept of One God - တစ်ဆူတည်းသော အရှင်ဆိုကို စတင် သိရှိခဲ့တယ် ... သူသိချင်တာ တွေကို သူငယ်ချင်းကို မေးတယ် ... 

အဲဒီ နောက်ပိုင်းမှာ သူဟာ ဘာသာမဲ့ တစ်ယောက်လို ဖြစ်ခဲ့တယ် ... လက်ရှိ ကိုးကွယ် နေတဲ့ ရုပ်ထု ကိုး ကွယ် မှုကို မနှစ်သက် ခဲ့ဘူး ... မိဘများနှင့် ဘုံကျောင်း သွားတဲ့ အခါ နတ်တွေကို ဦးချ ရပေ မယ့်လည်း စိတ်ထဲက နေပြောတယ် ... သူဆန့်ကျင် တာတော့ မဟုတ်ဘူး ဒါပေမယ့် ဒီဘာသာကို ယုံကြည်လို့ မဟုတ်ဘူး ... မိဘ များကြောင့် Respect အနေနဲ့ ဦးချ တာပေါ့ ...

ဒီလိုနဲ့ ကျွန်မတို့ နှစ်ယောက် သူငယ်ချင်း တစ်ယောက် ကနေ တဆင့် ဆုံဖြစ်ခဲ့ ကြတယ် ... အဲဒီ ကနေ ကျွန်မက မွတ်စလင်(မ်) ဆိုတာ သိတော့ အရမ်း အံ့သြ သွားတယ် ... မြန်မာ နိုင်ငံမှာ မွတ်စလင်(မ်) ရှိတယ်ပေါ့ ... တဖြည်းဖြည်းနဲ့ ရင်းနှီး လာတယ်ပေါ့ ...

တစ်နေ့မှာ ကျွန်မကို စိတ်ဝင်စားတဲ့ အကြောင်း ဖွင့်ပြော ပါတယ် .. ဒီတော့ ကျွန်မက နိုင်ငံချင်း မတူတော့ ယဉ်ကျေးမှုခြင်း လဲမတူဘူး ... ကိုးကွယ်ရာ ခြင်းလဲ မတူတော့ မဖြစ်နိုင် ပါဘူးလို့ ပြောပါတယ် ... အဲဒီမှာ သူက Islam နဲ့ ပတ်သက်ပြီး သူသိသင့် တန်တာတွေ သိတယ် ဆိုတဲ့ အကြောင်း၊ Concept of One God ကို သူယုံကြည် ပါတယ် ဆိုတဲ့ အကြောင်း ...ယခု အချိန်မှာ ဘာသာ တရားနဲ့ ပတ်သက်တဲ့ အမှန် တရားကို ရှာဖွေ နေတဲ့သူ ဖြစ်ကြောင်း .... သူဟာ နိုင်ငံတူ မိန်းကလေး တစ်ယောက်ထက် မြန်မာ အမျိုးသမီး တစ်ယောက်ကို ပိုစိတ်ဝင်စား လေးစား ပါတယ် ဆိုတဲ့ အကြောင်း ပြောပြတယ် ... 

ကျွန်မ ကတော့ သူ့ကို အချိန်ယူပြီး စဉ်းစားခိုင်းတယ် ... ဒီလိုနဲ့ Darul Arqam (Muslim Convert Association) မှာ Beginner Course I, II သင်တန်း များကို တက်ရောက်တယ် ... Islam နဲ့ ပတ်သတ်တဲ့ စာအုပ် စာပေ တွေလဲ လေ့လာတယ် ... Islam သာမက Buddhism, Christian and Hindunism အား လုံးကို သူလေ့လာ ပါတယ်၊ Sunny School Class တွေလဲ သွားတက်တယ် ... ... နောက်ဆုံး မှာတော့ သူ့ ရဲ့ သက်ဝင် ယုံကြည်တဲ့ ဘာသာကို Islam အဖြစ် ရွေးချယ် ခဲ့တယ် ...

သူ Islam ကို ရွေးချယ် ခဲ့ရတဲ့ အကြောင်း အရင်းက ကျွန်မနဲ့ လက်ထပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ခဲ့ ပါ ဘူး ...

(၁) Cocept of One God (Creator) ရှိတဲ့ဆိုတဲ့ ယုံကြည်ချက်
(၂) Five Pillars of Islam

1. Allah မှတစ်ပါး အခြား ခ၀ပ် ကိုးကွယ်ရာ မရှိ ၊ တမန်တော် Muhammad (swa) သည် အရှင့်ရဲ့ တမန်တော် ဖြစ်ကြောင်း ယုံကြည်ခြင်း

2. တစ်နေ့ ငါးကြိမ် ၀တ်ပြုမှုနဲ့ Kaaba ကျောင်းတော် ရှိရာ အရပ်သို့သာ မျက်နှာမူ ၀တ်ပြုခြင်း

3. မရှိဆင်းရဲ သူများသို့ Zakat စွန့်လွှတ်မှု ပြုခြင်း

4. Ramadan တွင် ဥပုသ် သီလ ဆောက်တည်ခြင်း

5. Haj သွားခြင်း

(၃) Islam သည် Spritical needs, social needs, financial needs, science , health အစစ အရာရာ ပြီးပြည့်စုံအောင် ညွှန်ကြား ပြသ ထားခြင်း တို့်ကြောင့် ... Christian နဲ့ Islam တွင် Islam ဘာသာကို သက်ဝင် ယုံကြည်ရာ အဖြစ် ရွေးချယ် ခဲ့ပါတယ် ...

Marsha'allah ကျွန်မတို့ အိမ်ထောင် မပြုခင်မှာပဲ Darul Arqam Muslim Converts' Association of Singapore တွင် အီမာန် ယူခဲ့ပါတယ် ... http://www.darul-arqam.org.sg/about-us/ မှာ အသေး စိတ် လေ့လာ နိုင်ပါတယ် ...

အချုပ်အားဖြင့် ပြောရရင် လူတစ်ယောက်ရဲ့ သက်ဝင် ယုံကြည်မှုကို အတင်း လုပ်ယူလို့ မရဘူး ... အမိန့် ပေး လို့လဲ မရဘူး ... သူ့အလိုလို ပေါ်ပေါက် လာတဲ့ အရာ တစ်ခုပါ ... သက်ဝင် ယုံကြည်မှု မရှိဘဲ ကိုးကွယ် ခြင်းဟာလဲ အဓိပ္ပာယ် မရှိဘူးလို့ ယူဆ ပါတယ် ..

မွတ်စလင်(မ်) တစ်ယောက်နဲ့ အိမ်ထောင် ကျလို့ ယုံယုံ၊ မယုံယုံ ဘာသာထဲ ၀င်လိုက်တဲ့ အချက်က နေရာ တိုင်းမှာ မမှန်ကန် ပါဘူး ဆိုတာ ပြောချင် ပါတယ် ...

နောက်ပြီး စင်ကာပူ နိုင်ငံမှာ မွတ်စလင်နဲ့ အခြား ဘာသာဝင် များကို လက်ထပ်ခွင့် ကန့်သတ် ထားတယ် ဆိုတဲ့ အချက် ဟာလည်း လုံးဝ မှားယွင်း ပါတယ် ဆိုတာကို ပြောချင် ပါတယ် ...

စင်ကာပူတွင် ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုမှ မျိုးစောင့် ဥပဒေကို ၁၉၆၅ ခုနှစ်တွင် ပြဌာန်း ထားသည် ဆို တဲ့ အချက် ကလဲ လုံးဝ မှားယွင်း ပါတယ် ... (သမိုင်း အထောက် အထား များနှင့် တကွ ရေး သား ဖော်ပြ ပါဦးမည်)

အထူးသဖြင့် စင်ကာပူလို နိုင်ငံမျိုး မှာပေါ့ ... ငယ်စဉ် ကတည်းက ဘာသာကြီးများ အကြောင်း ကို ကျောင်းသင်ခန်း စာများတွင် အတိအလင်း ထည့်သွင်း သင်ကြား ပေးထားပါတယ် ... နောက်များတွင် စင်ကာပူရဲ့ ပညာရေးသည် ငယ်စဉ် ကတည်းက ကလေးများကို စဉ်းစား ဆင်ခြင် တတ်တဲ့ အတွေး အခေါ် ရှိအောင် သမိုင်း မအ'ရအောင်၊ လူမျိုး ပေါင်းစုံ နေထိုင် နေတဲ့ တိုင်းပြည် ဖြစ်သည့် အလျောက် ဘာ သာရေး၊ လူမျိုးရေး Conflict မရှိအောင် မည်သို့ မည့်ပုံ လေ့ကျင့် သင်ကြား ပေးထားပုံကို ရေးသား တင် ပြ ပေးသွား ပါဦးမယ် ...


Comment ရေးရန်

Rohingya Exodus