နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေမြို့တွင် ရိုဟင်ဂျာများ ရိက္ခာနှင့် ဆေးဝါး ၀ယ်ယူ၍ မရသောကြောင့် အခက်တွေ့နေ

RB News
9.7.2013

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများနှင့် ရပ်ကွက် အချို့တွင် နေထိုင် ကြသော ရိုဟင်ဂျာ မွတ်စလင် များမှာ စစ်တွေ ဈေးမှ ရိက္ခာ ၀ယ်ယူ၍ မရသောကြောင့် စားရေးနှင့် ဆေးဝါးများ အတွက် အခက် အခဲ ရှိလာကြောင်း သတင်း ရရှိပါသည်။ 

“အရင်က ကျွန်တော်တို့ ကိုယ်တိုင် သွားဝယ်လို့ မရပေမယ့်လည်း ခင်မင်သူ တွေက ကူညီပြီး ၀ယ်ပေး တယ်၊ အခုတော့ အဲဒီလူတွေကို တားတဲ့ အပြင် ရိုက်နှက် တာတွေပါ ရှိလာတယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

စစ်တွေ မြို့ရှိ မွတ်စလင် ဒုက္ခသည် များမှာ ဒုက္ခသည် စခန်းများမှ သွားခွင့် မရှိသကဲ့သို့၊ ရပ်ကွက် အချို့ တွင် ရှိသော မွတ်စလင် များမှာလည်း ရပ်ကွက် အပြင်သို့ သွားခွင့် ပိတ်ပင် ခံထား ရသည်မှာ တစ်နှစ်ကျော် ရှိပြီ ဖြစ်သည်။ မွတ်စလင်များနှင့် ခင်မင်သော မာရ်မာကြီးနှင့် ဟိန္ဒူ မိသားစုများမှ လိုအပ်သည့် ရိက္ခာနှင့် ဆေး ၀ါး များကို စစ်တွေ ဈေးများမှ ၀ယ်ယူ ပေးသော်လည်း ဇူလိုင်လ (၇) ရက်နေ့ ဒုသမ္မတနှင့် နိုင်ငံတကာ သံ တမန်များ စစ်တွေသို့ ရောက် ရှိသည့် နေ့မှစ၍ စစ်တွေမြို့ ရဟန်းပျို သမဂ္ဂမှ တားဆီး ပိတ်ပင် လိုက် သည်။ 

“အဓိက လုပ်နေတဲ့ အဖွဲ့က ရဟန်းပျို သမဂ္ဂပါ။ ဒုသမ္မတ လာတဲ့နေ့ ကစပြီး မီးစက် လမ်းဆုံမှာ စောင့်ပြီး ၀ယ်လာ သမျှ ပစ္စည်းတွေကို လုတယ်။ ပြီးတော့ ရွှေစေတီ ကျောင်း တိုက်ကို သယ်သွား ကြ တယ်။ အ မှန်တော့ ဒမြ တိုက် တာပါ” ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။ 

ထို့အပြင် ရိက္ခာနှင့် အခြား ပစ္စည်းများ ၀ယ်ယူ ပေးသော မာရ်မာကြီးနှင့် ဟိန္ဒူ များကို ရိုက်နှက် ခြင်းများ ပင် ပြုလုပ်သည် ဟုဆိုသည်။ ယခုကဲ့သို့ တားဆီး ပိတ်ပင် လိုက်ခြင်းကြောင့် ဒေသခံ ဒုက္ခသည် များနှင့် ရပ်ကွက်နေ မွတ်စလင် များမှ စားရေးနှင့် ကျန်းမာရေး အခက် အခဲများစွာ ကြုံလာ နိုင်ခြင်းကြောင့် အထူး စိုးရိမ်လျက် ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus