March 15, 2025
 Ro

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ဦးသိန်းစိန်နဲ့ လူ့အခွင့်အရေး ကိစ္စ


14.7.2013

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန် ခရီးစဉ် အတွင်း လူ့အခွင့် အရေး ကိစ္စတွေနဲ့ စပ်လျဉ်းပြီး မြန်မာသမ္မ တ ကို ဖိအားပေး တိုက်တွန်း သွားဖို့ လူ့အခွင့် အရေး အဖွဲ့တွေက တိုက်တွန်း နှိုးဆော် ခဲ့ပါတယ်။

မြန်မာ ပြည်က မွတ်ဆလင် တွေ အပေါ် ရက်စက်တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု တွေ ကျူးလွန် ခဲ့ တာ တွေကို အရေးယူ ဆောင်ရွက်ဖို့၊ နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံ တကာ စံချိန်မီ ဥပဒေ တွေ ပြဌာန်း ပေးဖို့ Human Rights Watch လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့က တောင်းဆို ပါတယ်။

လူ့အခွင့် အရေး စောင့်ကြည့် အဖွဲ့ရဲ့ သုတေသန လုပ်သူတွေ မြန်မာ နိုင်ငံ တွင်းကို အကြိမ်ကြိမ် သွားခဲ့ ပါ တယ်။ ရခိုင် ပြည်နယ် ကိုလည်း ရောက် ပါတယ်။

အဲဒီမှာ မျက်မြင် သက်သေတွေ ကိုယ်တိုင် ခံစားရသူ တွေနဲ့ တွေ့ဆုံပြီး လေ့လာ တွေ့ရှိချက် တွေကို ပြီးခဲ့ တဲ့ ဧပြီလက အစီရင် ခံစာ ရေးခဲ့ ပါတယ်။ ရိုဟင်ဂျာတွေ လူ့အခွင့် အရေး ဘယ်လို ချိုးဖောက် ခံ နေ ရတယ် ဆိုတာ အစီရင် ခံစာ တစောင် ပြည့်ပြည့် စုံစုံ ရေးခဲ့ ပါတယ်။

ပြီးတော့ အခု ပဋိပက္ခ တွေဟာ လူမျိုး တမျိုးနဲ့ တမျိုး နှစ်ပေါင်း များစွာ မုန်းတီးမှု တခုထဲ မကပါဘူး။ အထူး သဖြင့် ၂ဝ၁၂ ခုနှစ် အောက်တို ဘာလ တိုက်ခိုက်မှု တွေမှာ အစိုးရနဲ့ ပြည်နယ် တာဝန်ရှိ သူတွေ ပါနေတာ တွေ့ရတဲ့ အတွက် ဒါဟာ ethnic cleansing ရိုဟင်ဂျာ တွေကို သူတို့ရဲ့ နေရာ ဒေသတွေ ကနေ အတင်း ပြောင်းရွှေ့ပြီး သုတ်သင် ရှင်းလင်း တာလို့ HRW က ရေးသား ပါတယ် ။

ကင်မရွန်း လုပ်ရမှာက 

ဒေးဗစ် ကင်မရွန်း နဲ့ ဦးသိန်းစိန် တွေ့တဲ့အခါ ဒီပြစ်မှု တွေမှာ ဘယ်သူ့မှာ တာဝန် ရှိတယ် ဆိုတာ ကုလ သမဂ္ဂလို နိုင်ငံ တကာနဲ့ ပူးပေါင်းပြီး အစိုးရက ဖေါ်ထုတ် အရေး ယူဖို့ ဖိအား ပေးဖို့ လူ့အခွင့် အရေး အဖွဲ့ တွေက တိုက်တွန်း တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ကပဲ မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေး ယူမှု တွေထဲက လက်နက် တင်ပို့ ရောင်းချမှု ကလွဲ လို့ အားလုံး လိုလို လျှော့ချ လိုက်ပါပြီ။ အဲဒီတုန်း ကလည်း ဒါဟာ အချိန် မတန် သေးဘူး ဆိုပြီး HRW က ထောက်ပြ ဝေဖန်ခဲ့ ပါတယ်။

အခု ဗြိတိန် အနေနဲ့ စီးပွားရေး ကုန်သွယ်ရေး သံတမန်ရေး ကဏ္ဍတွေ ကနေ တွန်းအားပေး နိုင်သေး ပါတယ်။ ပြည်တွင်းမှာ အပြောင်း အလဲတွေ လုပ်တယ် ဆိုပေမယ့် ဦးသိန်းစိန်က သမ္မတ အိုဘားမားကို ကတိ ပေးထားတဲ့ အတိုင်း လူ့အခွင့် အရေး ပိုကောင်းအောင် လုပ်မယ် ဆိုတာ အချို့ပဲ ဆောင်ရွက် နိုင် ပါတယ်။

ကုလ သမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာရုံး ပြည်တွင်းမှာ ဖွင့်ခွင့် ပေးမယ်လို့ ကတိပြု ပေမယ့် အခုထိ ဘာ မှ ဖြစ်မလာ သေးပါဘူး။ ဒီကိစ္စ တွေကို ဒေးဗစ် ကင်မရွန်းရော ဝီလျံဟိတ်ပါ ပြောဆို တိုက်တွန်းဖို့ လို ပါတယ်။

လျစ်လျူ မရှုနိုင်

၂ နှစ်အတွင်း ရွေးကောက်ပွဲ တွေက တဆင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပါတီဝင် တွေ  နိုင်ငံရေး လုပ် လာ နိုင်တာ သတင်း လွတ်လပ်ခွင့် အချို့ ရလာပြီး အင်ဂျီအိုတွေ သွားလာ လှုပ်ရှား နိုင်တာ တွေဟာ ကြို ဆို ထိုက်ပါတယ်။

ဒါပေမဲ့ ရခိုင်၊ ကချင်၊ ရှမ်း စတဲ့ ပြည်နယ် တွေမှာ လူ့အခွင့် အရေး ချိုးဖောက်တာ၊ ညဉ်းပန်း နှိပ်စက် တာတွေကို လျစ်လျူရှု ထားလို့ မဖြစ် ပါဘူး။

စီးပွားရေး ပြုပြင် ပြောင်းလဲ လာပေမယ့် စစ်တပ်က စီးပွား ရေးမှာ လက်ဝါးကြီး အုပ်ထားဆဲ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံ ဒီမိုကရေစီ အပြောင်း အလဲ တွေဟာ နောက်ကြောင်း ပြန်မလှည့်အောင် ခိုင်မာတယ် ဆို တာ ပြောဖို့ အဝေးကြီး လိုပါ သေးတယ်။

ဆက်ပြုပြင် ပြောင်းလဲအောင် နိုင်ငံ တကာ အားပေး ထောက်ခံမှု လိုသလို အခြေခံ လူ့အခွင့် အရေး ကိုလည်း နိုင်ငံ တကာ စံနှုန်း အတိုင်း လိုက်နာအောင် ဆက်ဖိအား ပေးဖို့ လိုလိမ့် မယ်လို့ HRW ဗြိတိန် ဒါရိုက်တာ David Mepham က ဘီဘီစီကို ပြောကြား ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus