March 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

နစက ကိုဘာကြောင့် ဖျက်သိမ်း လိုက်ရသလဲ?


ရိုဘားမား
RB News
14.7.2013

ဇူလိုင်လ (၁၂) ရက်နေ့ ည ၈ နာရီမှာ မြန်မာ့ ရုပ်မြင် သံကြား သတင်း ကနေ ရုတ်တရက် ကြေညာ လိုက်တဲ့ နိုင်ငံတော် သမ္မတရုံးရဲ့ ကြေညာချက် ၅၉/၂၀၁၃ ဟာ ရခိုင် ပြည်နယ် အ၀န်းမှာ ရှိတဲ့ ရိုဟင်ဂျာ များကို သာမက ကမ္ဘာ အ၀န်းမှာ ရိုဟင်ဂျာ အရေးကို စိတ်ဝင်စား နေတဲ့ ရိုဟင်ဂျာ အရေး လှုပ်ရှား သူ တွေကြားထဲမှာ အလွန်ကို ၀မ်းမြောက်စရာ သတင်းတစ်ခုဖြစ်ခဲ့ ရတယ်။ သို့ပေ မယ့် လည်း နှစ်ပေါင်း နှစ် ဆယ်ကျော် သက်တမ်း ရှိလာပြီ ဖြစ်တဲ့ အဖွဲ့အစည်း တစ်ခုကို ရုတ်တရက် ဘာကြောင့် ဖျက် သိမ်း လိုက်ရတာလဲ ဆိုပြီး စဉ်းစား ကြတဲ့ အပြင်၊ ဒီအဖွဲ့ အစည်း နေရာမှာ အစားထိုး မယ့် အဖွဲ့ အစည်းက ဒီထက် ပိုဆိုးလေ မလား ဆိုတဲ့ စိုးရိမ်မှုက အားလုံးရဲ့ အတွေးထဲကို ချက်ချင်း ဆိုသလို ၀င်ရောက် လာပါ တော့တယ်။ 

၁၉၉၂ ခုနှစ်က ရဲ၊ တပ်မတော်၊ အကောက်ခွန်၊ လ၀က ဌာန တို့နဲ့ ပေါင်းစပ်ပြီး နစက ဆိုတဲ့ နယ်စပ် ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်ကို ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ နစကရဲ့ အဓိက တာဝန်ကြီး အနေနဲ့ တစ်နှစ်ကို နှစ်ကြိမ် ရိုဟင်ဂျာ လူဦးရေ စစ်ဆေးခြင်း လုပ်ငန်းကို စတင် တည်ထောင် ကတည်းကနေ ဖျက် သိမ်းတဲ့ အချိန်ထိ မပျက် မကွက် ပြုလုပ် ခဲ့တယ်။ ဖွဲ့စည်း တည်ထောင်ပြီး အချိန်တို အတွင်းမှာ နာ မည် ဆိုးနဲ့ ကျော်ကြား လာခဲ့ ပါတယ်။ နစက ကိုတည်ထောင်တဲ့ ၁၉၉၂ ခုနှစ်မှာဘဲ ကုလ သမဂ္ဂက ရိုဟင် ဂျာ လူမျိုးများဟာ ကမ္ဘာပေါ်မှာ ညှင်းပန်း နှိပ်စက် အခံရဆုံး လူမျိုး ဖြစ်တယ်လို့ ကြေညာ ခဲ့တယ်။ နစက ဆိုရင် ကမ္ဘာ အ၀န်းမှာ “The most notorious organization in Myanmar” လို့ ပြောကြ ပါတယ်။

ရိုဟင်ဂျာ လူမျိုး တွေဟာ နစက ဆိုတဲ့ နာမည် ကြားတာနဲ့ အန်ချင်စိတ် ဖြစ်တဲ့ အထိ ရွံကြတယ်။ နစက ဟာ ရခိုင် ပြည်နယ်မှာ တရားဝင် လက်နက်ကိုင် ဓါးပြဂိုဏ်း တစ်ခုလို့ ပြောမယ် ဆိုရင် လုံးဝ (လုံးဝ) မမှားပါဘူး။ အင်တာနက် မရှိတဲ့ ခေတ်က သတင်း အချက် အလက်တွေ ဖြန့်ဖို့ မလွယ်ကူ ခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းမှာ ကျေးလက် ဒေသ တွေမှာလည်း ကွန်ပျူတာ၊ လပ်တော့ မရှိတောင် ဖုန်းလေးတွေနဲ့ အင်တာနက်ကို ချိတ်ဆက် သုံးနေတဲ့ လူတွေ အနည်း အကျဉ်း ရှိလာ ပါတယ်။ အဲဒီတော့ အခုနှစ်ပိုင်း အတွင်းမှာ နစကရဲ့ အောက်တန်းစား လုပ်ရပ်များကို ကမ္ဘာက ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် သိလာတယ်။ 

ရိုဟင်ဂျာ လူမျိုး များအတွက် ကမ္ဘာ ပေါ်မှာ ရှိတဲ့ အစိုးရ အဖွဲ့ အစည်းတွေ၊ ပါလီမန်တွေ ထဲက အများဆုံး စိတ်ဝင်စားပြီး အမြဲတစေ လေ့လာ စုံစမ်း အစီရင်ခံ လေ့ရှိတာ ကတော့ ဗြိတိန် ပါလီမန်ဘဲ ဖြစ်ပါတယ်။ ဦးသိန်း စိန် သမ္မတဖြစ်ကတည်းက နိုင်ငံခြား သွားတိုင်း ဖိအားပေး ခံရမှုတွေ လျော့နည်း လာအောင်၊ နိုင် ငံရေး အကျဉ်းသား တွေလွှတ် လေ့ရှိတယ်။ အခု သွားမယ့် ဗြိတိန် နိုင်ငံ ကိုတော့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရုံနဲ့ ဖိအားပေးမှု တွေလျော့နည်း သွားမှာ မဟုတ်ဘူး ဆိုတာ ဦးသိန်းစိန် သိနေ ပါတယ်။ ရိုဟင်ဂျာ ကိစ္စကို စိတ်အ၀င်စားဆုံး ဖြစ်တဲ့ ဗြိတိန် နိုင်ငံ အတွက် ရိုဟင်ဂျာ တွေနဲ့ ပတ်သက်တာ တစ်ခုခု လုပ်ပေးမှ ဖြစ်မယ် ဆိုတာ သိလို့ နစက ကိုဖျက်သိမ်း လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ လူ လိမ် ဆိုပြီး ကမ္ဘာမှာ ကျော်ကြား လာတာနဲ့ အမျှ အခုလည်း နစက ကိုယူနီဖောင်း ပြောင်း၊ နာမည်ပြောင်း ပြီး လိမ်ဦးမှာပါ။ အဲဒီအတွက် အချိန် နည်းနည်းတော့ လိုပါလိမ့်မယ်။ စောင့်ကြည့် ရဦးမှာပါ။

ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ကိုယ်စားပြု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ကတော့ “နစက လို့ ခေါ်တဲ့ နယ်စပ် ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်အား ဖျက်သိမ်း လိုက် တာဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီညွတ်တဲ့ အတွက် ဖျက်သိမ်း လိုက်ခြင်း ဖြစ်တယ်လို့ ထင်ပါတယ်” လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ ပေါ်မှာ ရေးထား ပါတယ်။ 

န၀တ လက်ထက်မှာ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်က မြို့နယ် မယက ဥက္ကဌတွေ ဖြစ်ခဲ့ပြီး၊ နောက်ပိုင်း မှာတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဦးစီး အရာရှိ က မြို့နယ် မယက တာဝန်ကို ယူခဲ့ သလို၊ ဦးသိန်းစိန် အစိုးရ တက်လာတော့ မြို့နယ် ထွေ/အုပ် ဦးစီး အရာရှိက မြို့နယ် အုပ်ချုပ်ရေး မှူး တွေဖြစ်လာ ပါတယ်။ မောင်တော ခရိုင်မှာတော့ မြို့နယ် အုပ်ချုပ်ရေးမှူးက နစက နယ်မြေ မှူး တွေလောက် အာဏာမရှိဘူး။ နစက ဆိုတာက အပေါ်မှာ ကျွန်တော် ရေးခဲ့ သလို တရားဝင် လက် နက်ကိုင် ဓါးပြဂိုဏ်း ဆိုတော့ ဘယ်သူ မဆို ကြောက်ရ ပါတယ်။ 

ဦးရွှေမောင် ကတော့ “နစက ဌာနချုပ်ဟာ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် ကျီးကန်းပြင် ကျေးရွာတွင် ရုံးစိုက်ပြီး မောင်တော ခရိုင်ကို အဓိက အုပ်ချုပ်တာ ဖြစ်ပါ တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနမှ ဦးစီး အရာရှိ များကို မြို့နယ် အုပ်ချုပ်ရေးမှုး၊ ခရိုင် အုပ်ချုပ်ရေးမှုးများ အဖြစ် ခန့် အပ်ပြီး မြန်မာ နိုင်ငံ တစ်ဝှန်း လုံးတွင် အုပ်ချုပ် စေခဲ့ သော်လည်း မောင်တော ခရိုင် ဘူး သီးတောင် ၊ မောင်တော မြို့နယ် များနှင့် ရသေ့တောင် မြို့နယ် မြောက်ပိုင်း ဒေသ များမှာတော့ ထွေ/အုပ် အုပ် ချုပ်ရေးမှုးများ အပြင် နစက ကွပ်ကဲ ရေးမှုးအား လည်း အုပ်ချုပ်စေ ခဲ့ပါတယ်။

ဒီလို အုပ်ချုပ်ရေး စနစ် နှစ်ခုကြောင့် ပြည်သူ လူထုများ အတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေ ခဲ့တဲ့ အပြင် နိုင် ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လဲ မကိုက်ညီတဲ့ အတွက် နိုင်ငံတော်မှ ပြန်လည် သုံးသပ်ပေး ပါရန် ကျွန်တော့် အနေနဲ့ ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော် ဘတ်ဂျက် ဆိုင်ရာ အစည်း အဝေးတွင် အကြံပြု တင်ပြ ခဲ့ဖူးပါတယ်” လို့ရေးထား ပါတယ်။ 

မြန်မာ အစိုးရရဲ့ ရိုဟင်ဂျာ လူမျိုး များအပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ခုံရုံးကို တင်ဖို့ ကြိုးစား နေတဲ့ အဖွဲ့ အစည်း တွေအများကြီး ရှိပါတယ်။ အားလုံးက ကုလ သမဂ္ဂ လုံခြုံရေး ကောင် စီရဲ့ ဆုံးဖြတ်ချက်ကို စောင့်စား နေကြတာ ချည်းပါဘဲ။ အဲဒီလို အချိန်မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေ မှူးချုပ် ဘန်ကီးမွန်းရဲ့ ထုတ်ဖော်ပြောဆိုမှုဟာ ဦးသိန်းစိန်ကို တော်တော်လေး တုန် လှုပ် ချောက် ချား စေခဲ့ ပါတယ်။ 

ဘန်ကီးမွန်းရဲ့ ပြောဆိုမှုဟာ ပထမ အဆင့် ဖြစ်ပြီး၊ နောက်တစ်ဆင့် အနေနဲ့ လုံခြုံရေး ကောင်စီ ကိုသာ ဒီပြဿနာ တင်မယ် ဆိုရင် မြန်မာ အစိုးရ တစ်ဖွဲ့လုံး နိုင်ငံတကာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို နာခံရမယ့် အနေ အထားကို ရောက်သွား ပါမယ်။ 

လူ့အခွင့် အရေး စောင့်ကြည့် ရေးအဖွဲ့ရဲ့ “ဆုတောင်းရုံမှ တစ်ပါး အခြား မတတ်နိုင်” ဆိုတဲ့ အစီရင် ခံစာမှာလည်း နစကရဲ့ လူသား မဆန်မှု၊ ရက်စက် ညှင်းပန်း နှိပ်စက်မှု တွေအကြောင်းကို ရေးသား ထားပါတယ်။ အဲဒီ အစီရင်ခံစာက နိုင်ငံတကာ ခုံရုံး အတွက် အကောင်းဆုံး သက်သေ အထောက် အထား တစ်ခု ဖြစ်မယ်လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယူဆ ထားကြတယ်။ အဲဒီတော့ အလျဉ်း မသင့်လို့ ဘန်ကီးမွန်း ဒေါဖောင်းလာ တာရယ်၊ OIC သံအမတ်ကြီး များရဲ့ တွန်းအား တွေဆုံသွားရင် အ လွန် ကြောက်မက်ဖို့ ကောင်းတဲ့၊ ဦးသိန်းစိန် အစိုးရ ဘယ်တုန်း ကမှ မမျှော်လင့် ထားတဲ့ အ ရာ ဖြစ်လာမှာကို ဦးသိန်းစိန် တွေးပြီး အလွန်တရာ သွေးပျက် သွားပါတယ်။ 

ရိုဟင်ဂျာ လူမျိုးများ လူသား ဖြစ်မှု အပေါ် ကျူးလွန်တဲ့ ပြစ်မှု တွေကို နိုင်ငံတကာ ခုံရုံးမှာ စစ်ဆေးမယ် ဆိုရင် နစက က အဓိက ကျတဲ့ အဖွဲ့အစည်း အဖြစ် ပါဝင် ရမှာ ဖြစ်ပါတယ်။ နစက ရဲ့ ဥပဒေမဲ့ လုပ်ရပ် တွေနဲ့ ပတ်သက်ပြီး “သည့်အပြင် လွှတ်တော် စတင်ကတည်း ကကျွန်တော်တို့ မောင်တော ခရိုင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များမှ နစက ၏ ဥပဒေမဲ့ လုပ်ရပ် မျိုးစုံကြောင့် ပြည်သူ များ၏ နစ်နာ ခံစားမှု မျိုးစုံကို ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်း အဝေး များတွင် တင်ပြခဲ့ ကြပါသည်” လို့ ဦးရွှေမောင်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးထား ပါတယ်။ 

အဲဒီတော့ ဦးသိန်းစိန် အနေနဲ့ နစကကို နိုင်ငံတကာ ခုံရုံးကို ဘယ်တော့မှ မရောက်အောင် အခုက တည်းက အပျောက်ရှင်းဖို့ အင်မတန် အရေးတကြီး လိုအပ် နေပါတယ်။ အဲဒီ့ အပြင် ရိုဟင် ဂျာ တွေ ကို ဥပဒေမဲ့ ညှင်းပန်း နှိပ်စက် နေတယ်လို့ နာမည်ကြီး နေတဲ့ နစကကို ဖျက်သိမ်း လိုက်တယ် ဆိုတာက ဗြိတိန် နိုင်ငံကို အ၀င်လှ စေပါတယ်။ 

နောက်ဆုံးတော့ ဦးသိန်းစိန် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို တပြိုင်တည်း ပစ်လိုက်တယ်လို့ ပြောရမှာပါ။

Comment ရေးရန်

Rohingya Exodus