နောက်ဆုံးသတင်း/ဆောင်းပါးများ

သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော်ဥက္ကဌတာဝန် လွှဲပြောင်းရယူ


31.7.2013

မြန်မာ နိုင်ငံ သမိုင်းမှာ ခေတ်အဆက်ဆက် အစိုးရ တွေဟာ နိုင်ငံတော် တိုးတက် ရေးနဲ့ နိုင်ငံသား အကျိုး စီးပွား ဖွံ့ဖြိုး တိုးတက်ဖို့ ဆောင်ရွက် ခဲ့ပေမယ့် ရည်မှန်းချက် အတိုင်း ဖြစ်မလာပဲ နိမ့်ပါး နောက်ကျ ကျန် ရစ် ခဲ့တာ ဖြစ်ကြောင်း ဒီနေ့ စတင်ပြီး ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် တာဝန် ထမ်းဆောင် တဲ့ သူရဦးရွှေမန်းက ပြောလိုက် ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် နာယက အဖြစ် တာဝန် လွှဲပြောင်း ယူတဲ့ အခမ်း အနားမှာ သူရ ဦးရွှေမန်းက အခုလို ပြောခဲ့ ပါတယ်။

ဒါ့အပြင် ဒီကနေ့ လွှတ်တော်ဟာ ပြည်သူ တွေရဲ့ လိုအပ် ချက်တွေကို အမှန် တကယ် ဆောင်ရွက် ပေး ရ မှာ ဖြစ် တယ် လို့လည်း အခုလို သူရဦးရွှေမန်းက ပြောပါတယ်။

"ကာလ အတော်ကြာ ဒီမိုကရေစီ ကျင့်သုံး နိုင်မှု မပြုနိုင်ခြင်း မှာလည်း လွှတ်တော်များ မရှိတာကြောင့် ဖြစ် ပါတယ်၊ လွှတ်တော် များရှိခဲ့သော ကာလ တွင်လည်း လက်ညှိးထောင် ခေါင်းညိမ့် မည်ကာမျှ ဖြစ်ပြီး လွှတ်တော် များသည် ပြည်သူ များအား ကိုယ်စား မပြုနိုင် ခဲ့တာကို သတိပြု ရမှာ ဖြစ်သလို၊ ကနေ့ လွှတ်တော် များသည် ပြည်သူ များကို ကိုယ်စား ပြုသလို ပြည်သူ့ အသံ၊ ပြည်သူ့ ဆန္ဒ၊ ပြည်သူ့ သဘော ထား၊ ပြည်သူ များ၏ လိုအပ်ချက် များကို သိရှိ ခံစားပြီး ပြည်သူများ အတွက် အမှန် တကယ် ဆောင် ရွက် ပေးကြမှာ ဖြစ်ပါတယ်"

ဒီကနေ့ ကျင်းပတဲ့ ပထမ အကြိမ် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့လည်း တက်ရောက် ခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus