မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ
30.7.2013
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ မနက် အစောပိုင်း ကစပြီး ရေကြီး နေတဲ့ အတွက် လူ ၆ ဦးထက် မ နည်း သေဆုံးပြီး၊ တချို့ ရပ်ကွက် တွေမှာ ပိတ်မိ နေသူတွေ ရှိတယ်လို့ သတင်း ရရှိ ပါတယ်။
မြဝတီမြို့ ဘေးက သောင်ရင်း မြစ်ရေ ၁၄ ပေ လောက်ထိ တက်တဲ့ အတွက် မြစ်နဲ့ နီးတဲ့ ရပ်ကွက်က အိမ် ငယ် လေးတွေ အိမ်ခေါင်ထိ ရေမြုပ်သလို၊ ကုန်ပစ္စည်း သိုလှောင် ထားတဲ့ ဂိုဒေါင်တွေ၊ ဈေးတွေ လဲ ရေမြုပ် ပြီး ပစ္စည်း ဆုံးရှုံးမှုလည်း များတယ်လို့ သိရ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီမြို့က ကုန်သည် တစ်ဦး က RFA ကို အခုလို ပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီ လောက်ကလဲ မြဝတီ မြို့ထဲမှာ စက်လှေ မှောက်ပြီး အမျိုးသမီး ၃ ဦး ပျောက် ဆုံး နေကြောင်း နဲ့ ကယ်ဆယ်ရေး အတွက် စက်လှေ လုံလောက်မှု မရှိတဲ့ အကြောင်း ရေဘေး ဒုက္ခသည် တွေကို အကူညီ ပေးနေတဲ့ စေတနာ ဝန်ထမ်း လူငယ် တစ်ဦးက အခုလိုေ ပြောပြ ပါတယ်။
ရေးဘေး ဒုက္ခသည် တွေကို မြို့နယ်မှူး အပါ အဝင် ရဲဝန်ထမ်းတွေ ရပ်မိ ရပ်ဖ တွေနဲ့ ဖွဲ့စည်း ထားတဲ့ စည်ပင် သာယာ အဖွဲ့၊ မြဝတီမြို့ နာရေး ကူညီမှု အသင်း စတဲ့ အဖွဲ့အစည်း တွေက ကူညီ နေပြီး မိကျောင်း ကုန်း၊ တောရကျောင်း၊ အဓိဌာန်အောင် ဘုရား ဓမ္မာရုံ၊ တောင်တန်းကျောင်း၊ ဓမ္မာ ရန်အောင် အနီးက စာသင်ကျောင်း၊ ကျောက်လုံးကြီး ဓမ္မရိပ်သာနဲ့ ဖားခြောက်ကောင် ဘုန်းကြီးကျောင်း စတဲ့ နေရာ တွေ မှာ နေရာ ချထားတယ်လို့ သိရပါတယ်။