နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွေးချယ်ခံထားရသည့် ရိုဟင်ဂျာ ရွာအုပ်ချုပ်ရေးမှူး များနေရာတွင် ရခိုင်များ အစားထိုး

RB News
23.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်းရှိ ကျောက်ပန်ဒို၊ ၀ါးချ နှင့် ဂေါဒူဆာ ရာ ကျေးရွာ များသို့ ၂၀၁၃ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ လာရောက် ခဲ့ပြီး၊ ဆယ်အိမ်မှူး များရွေးချယ် ပေးခဲ့သည်။ ထိုဆယ်အိမ်မှူး များမှ ကော်မရှင် အဖွဲ့ဝင် ၅ ယောက် စီ ရွေး ချယ် ခဲ့သည်။ ထိုကော်မရှင် များမှကျေးရွာ အသီးသီးတွင် ရိုဟင်ဂျာကျေးရွာ အုပ်ချုပ်ရေးမှူး များကို ရွေး ချယ် တင်မြောက် ခဲ့ပါသည်။ 

ရွေးချယ် ခံရသူများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှ သင်တန်း ပေးခဲ့သည်။ ရွေးချယ် ခံရသည့် ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး များမှာ -- 

(၁) ၀ါးချ ကျေးရွာမှ ဦးအဒူကရီးမ်
(၂) ကျောက်ပန်ဒို ကျေးရွာမှ ဦးရဟီမုလ္လာ
(၃) ဂေါဒူဆာရာ ကျေးရွာမှ ဦးကရီမုလ္လာ - တို့ဖြစ်ပါသည်။ 

ယခုအခါ အထက်ပါ ရိုဟင်ဂျာ အုပ်ချုပ်ရေးမှူး များအစား ရခိုင် လူမျိုးများကို အစားထိုး ခန့်အပ် လိုက် ပြီး၊ ကျေး ရွာများမှ လူထု၏ ဆန္ဒဖြင့် ရွေးချယ် တင်မြှောက် ထားသည်ကို လျစ်လျူရှု လိုက်ခြင်း ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ မေးမြန်းသည့် အခါ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ အမိန့်ဖြင့် ယခုကဲ့သို့ အစားထိုး ခန့်အပ်ခြင်း ဖြစ်သည်ဟု ဒေသခံ များက RB News သို့ပြောသည်။ 

အစားထိုး ခန့်အပ်ခံ ရသည့် ရခိုင် လူမျိုး အုပ်ချုပ်ရေးမှူး များမှာ -

(၁) ၀ါးချကျေးရွာတွင် ဦးမောင်မောင်သိန်း (မောရ၀တီရွာသား ဖြစ်သည်)
(၂) ကျောက်ပန်ဒို ကျေးရွာတွင် ဦးကျော်သိန်း 
(၃) ဂေါဒူဆာရာ ကျေးရွာတွင် ဦးသာလှ -- တို့ဖြစ်သည်။ 

ယခုကဲ့သို့ အစားထိုး ခန့်အပ် လိုက်ခြင်း  ကြောင့်ကျေးရွာတွင်း မလိုလားအပ် သည့် ပြဿနာများ ဖြစ် လာ နိုင် သောကြောင့် ဒေသ ခံများက စိုးရိမ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus