နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကိုဆိုင်ကယ် ဖြင့်တိုက်ပြီး ဆိုင်ကယ်ကို လူက ၀င်တိုက်သည့်ဟု စွပ်စွဲ၍ ငွေ ၃ သိန်းညှစ်

RB News
23.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ချိန်ခါလီ ကျေးရွာတွင် ဗိုလ်ကြီး အောင်ကျော်ဦးမှ ရိုဟင်ဂျာ တစ်ဦးကို ဆိုင်ကယ်ဖြင့် ၀င်တိုက်ပြီး၊ လူက ဆိုင်ကယ်ကို ၀င်တိုက်သည်ဟု စွပ်စွဲပြီး၊ ငွေကျပ် ၃ သိန်းညှစ် ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၁) ရက်နေ့၊ နေ့လည် ၁ နာရီ တွင် မောင်တော မြို့နယ် တောင်ပိုင်း ချိန်ခါလီ ကျေးရွာတွင် နေထိုင်ပြီး ဈေးဆိုင် လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုနေသော ဦးဟာမိတ် (ဘ) ဦးအဒူဂဖာရ်ကို မောရ၀တီ ကျေးရွာ အခြေစိုက် စစ်စခန်းမှ စခန်းမှူး ဗိုလ်ကြီး အောင်ကျော်ဦးမှ ၎င်း၏ ဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့် ၀င်တိုက် ခဲ့သည်။ 

ထိုသို့ ဆိုင်ကယ်ဖြင့် ၀င်တိုက်ပြီး နောက် ဗိုလ်ကြီး အောင်ကျော်ဦးမှ ၎င်း၏ ဆိုင်ကယ်ကို ဦးဟာမိတ်မှ ၀င်တိုက် သည်ဟု ဆိုကာ ထိုနေရာတွင်ပင် လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သိရှိ ရသည်။ ထို့နောက် မောရ၀တီရှိ စစ်စခန်းသို့ ခေါ်ယူ သွားခဲ့သည်။ 

“ဆိုင်ကယ်နဲ့ ဗိုလ်ကြီး အောင်ကျော်ဦးက ၀င်တိုက်တာ။ အဲဒါကို လူက ဆိုင်ကယ်ကို ၀င်တိုက်တယ် ဆိုပြီး အဲဒီ နေရာမှာ ရိုက်တယ်။ ပြီးတော့ စခန်းကို ခေါ်သွားတယ်။ စခန်းမှာလည်း ရိုက်တယ်။ နောက်နေ့မှာ ငွေ ၃ သိန်း ပေးရင် ပြန်လွှတ် ပေးမယ် ဆိုတော့ ဦးဟာမိတ်လည်း ငွေ ၃ သိန်း ပေးခဲ့ပြီး ပြန်လာ ခဲ့တယ်” ဟု ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။ 

အဆိုပါ စခန်းမှူး ဗိုလ်ကြီး အောင်ကျော်ဦး သည် ယခုကဲ့သို့ နည်းလမ်း ပေါင်းစုံ ရှာကြံပြီး မောရ၀တီ အနီးရှိ ရွာများမှ ရွာသူ ရွာသား များကို မတရား ဖမ်းဆီးပြီး ငွေညှစ် လျက်ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus