နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့ ရိုဟင်ဂျာ နှစ်ဦးကို လုံထိန်းမှ ဖမ်းဆီး၍ ငွေကျပ် ၄ သိန်းညှစ်ယူ

RB News
24.7.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလယ်သံကျော် တိုက်နယ်၊ မောင်တူလာ ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ရိုဟင်ဂျာ နှစ်ဦးအား လုံထိန်းရဲ ကျော်ဇေယျမှ ဖမ်းဆီးပြီး ငွေကျပ် ၄ သိန်း ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇူလိုင်လ (၂၁) ရက်နေ့ ညသန်းခေါင်ယံ ဇူလိုင်လ (၂၂) ရက်နေ့ နံနက် ၂ နာရီခန့်တွင် မောင်တူလာ ကျေးရွာ အုပ်စုမှ ဦးရာဗီဇာ အဟမတ်၏ သားဖြစ်သူ ဦးဟာဖီဇုလ္လာ နှင့် ဦးလစ်တျာ အဟမတ် တို့၏ သားဖြစ်သူ (အမည်မသိ) တို့အား လုံထိန်းရဲ ဖြစ်သူ ကျော်ဇေယျမှ လက်နက် ခဲယမ်း သိုလှောင် ထားသည်ဟု စွပ်စွဲ၍ လက်ထိပ်ခတ် ဖမ်းဆီးပြီး ရိုက်နှက်၍ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

ဖမ်းဆီး ခံရသူ နှစ်ဦး စလုံးသည် အပြစ်မဲ့ ဖြစ်သော် ငြားလည်း လုံထိန်းရဲမှ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ခဲ့ခြင်း သာဖြစ်သည်။

“နစက ဖျက်သိမ်း လိုက်တော့ ကျွန်တော်တို့ကို နှိပ်စက်တဲ့ အင်အားကြီး လျော့သွားပြီ ဆိုပြီ ၀မ်းသာ ခဲ့မိတယ်။ ဒါပေမယ့် အခု တာဝန်ယူ ထားတဲ့ လုံထိန်းရဲ တွေက နစက လုပ်တဲ့ အတိုင်း ဆက်လုပ် နေတယ်။ အခု ဖမ်းသွားတဲ့ နှစ်ယောက် မှာလည်း ဘာအပြစ်မှ မရှိဘူး။ ငွေညှစ်ရုံ သက်သက်ပါ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။

ဖမ်းဆီး ခံရသူ နှစ်ဦး စလုံးကို ဇူလိုင်လ ၂၂ ရက်နေ့တွင် လုံထိန်းရဲ ဖြစ်သူ ကျော်ဇေယျမှ ငွေကျပ် နှစ်သိန်းစီ ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း သတင်း ရရှိပါသည်။


Comment ရေးရန်

Rohingya Exodus