နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုက္ခသည်တွေကို ကူညီကြဖို့ ဘာသာရေး ခေါင်းဆောင်တွေကို ဒုသမ္မတ တိုက်တွန်း


1.8.2013

ပဋိပက္ခ ဖြစ်ပွား ခဲ့တဲ့ နေရာ တွေမှာ ဒုက္ခသည် တွေကို အမိုး အကာ အောက် အမြန်ဆုံး ရောက်ရှိအောင် ကူညီဖို့နဲ့ လူဦးရေ သန်းခေါင် စာရင်း ကောက်တဲ့ အခါ အချင်းချင်း ကူညီ ကြဖို့ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့နဲ့ ဒီနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ရုံးမှာ တွေ့ဆုံစဉ် ပြောကြား လိုက်ပါတယ်။ 

ဒုတိယ သမ္မတ အဲဒီလို ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့ ဥက္ကဌ ဦးစိန်ဝင်းအောင်က RFAကို အခုလို ပြောပါတယ်။

"ရခိုင်၊ မိတ္ထီလာ၊ ပဲခူး အနောက်ခြမ်း သာယာ ဝတီ၊ မင်းလှ၊ ဇီးကုန်း၊ ဥက္ကံ၊ လားရှိုးမှာ ပဋိပက္ခ တွေဖြစ် ပြီးတော့ ဒုက္ခရောက် နေတဲ့ သူတွေကို အကူအညီ ပေးဖို့ ကိစ္စတွေ၊ မိုးတွင်း ရောက်လာလို့ အမိုး အကာ အောက်ကို ရောက်ဖို့ ကိစ္စတွေ ဆောင်ရွက် ပေးဖို့၊ လူဦးရေ သန်းခေါင် စာရင်းနဲ့ ပတ်သက်လို့ အကူအညီ ပေးဖို့ ကိစ္စတွေ ဆွေနွေးတယ်၊ ဘာသာ အချင်းချင်း နားလည်မှု ရှိဖို့ အတွက် ပူးပေါင်း ဆောင်ရွက် ကြဖို့၊ ပဋိပက္ခ မပေါ် ပေါက်ဖို့ လုပ်ကြမယ် ကိုင်ကြမယ်၊ ဒါလေးတွေ ဆွေးနွေး တာပါ”

ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး အဖွဲ့နဲ့ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းတို့ အခုလို တွေ့ဆုံ မှုဟာ ပထမဆုံး အကြိမ် မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ တုန်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အဲဒီ အဖွဲ့ကို နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ သိရ ပါတယ်။

ဒီနေ့ ဆွေးနွေး ပွဲမှာ ပဋိပက္ခ ဖြစ်ပွား ခဲ့တဲ့ နေရာတွေ အတွင်း ပြန်လည် ထူထောင်ရေး ကိစ္စ ဆောင်ရွက်တဲ့ အခါမှာ နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့ ဘာသာ ပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့တွေရဲ့ အကူ အညီ တွေလည်း လိုအပ် တယ်လို့လည်း ဒုတိယ သမ္မတက ပြောခဲ့ တယ်လို့ သိရ ပါတယ်။

Comment ရေးရန်

Rohingya Exodus