အလယ်သံကျော်မှ ရိုဟင်ဂျာ နေအိမ်တစ်လုံးကို အမည်မသိ ရခိုင် အကြမ်းဖက် အုပ်စုမှ မီးရှို့
RB News
2.8.2013
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အလယ်သံကျော် ကျေးရွာ အုပ် စု၊ မောင် တိုလာ ရွာရှိ မော်လာနာ ဦးအဒူရရှီဒ်၏ နေအိမ်ကို အင်္ဂါနေ့ (ဇူလိုင်လ ၃၀ ရက်) ည ၁၁ နာရီ ခန့်တွင် အမည်မသိ ရခိုင် အကြမ်းဖက် အုပ်စု တစ်စုမှ မီးရှို့ ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင်လ (၃၀) ရက်နေ့ ည ၁၁ နာရီခန့်တွင် အမည်မသိ ရခိုင် အကြမ်းဖက် အုပ်စုမှ မော်လာနာ ဦးအဒူ ရရှီဒ်၏ နေအိမ်ကို မီးရှို့ခဲ့ပြီး၊ ရွာသား များနှင့် မိသားစုဝင် များ၏ အချိန်မှီ ငြိမ်းသတ်မှုကြောင့် မီးဖိုချောင် သာ လောင်ကျွမ်း သွားခဲ့သည်။ ထိုသို့ မီးရှို့ ခံရမှုနှင့် ပတ်သက်၍ အာဏာပိုင် များမှ လာရောက် ကြည့်ရှု ခဲ့ပြီး ဦးအဒူအာဝဲလ် (ဘ) မော်လာနာ ဦးအဒူရရှီဒ် ကို ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။
“ည ၁၁ နာရီ လောက်မှာ ရှို့တာပါ။ မီးရှို့တာကလည်း ရခိုင် အကြမ်းဖက် သမားတွေ ဆိုတာမြင်တဲ့ သူတွေရှိ တယ်။ အားလုံး မီးဝိုင်းငြိမ်း တော့ မီးဖိုချောင်ဘဲ လောင်သွားတယ်။ အာဏာ ပိုင်တွေ လာ စစ်တော့ မသုံးရသေးတဲ့ ဓါတ်ဆီဗုံး ၄ ဗုံးကို အိမ်နားမှာ တွေ့တယ်။ ဓါတ်ဆီဗုံးတွေကိုထား မီးရှို့ပြီး ထွက်ပြေး သွားတာပါ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။
ရိုဟင်ဂျာ နေအိမ်များကို ယခုကဲ့သို့မီးရှို့ နေခြင်းမှာရခိုင်အစွန်းရောက် အကြမ်းဖက် သမား များသာ ဖြစ်ပြီး၊ မျက်မြင် သက်သေ ရှိသော်လည်း၊ ဓါတ်ပုံ မရှိလျှင် ရိုဟင်ဂျာ များမီးရှို့သည်ဟုသာ အမှု ဖွင့် ပေးနိုင်မည်ဟု ရဲစခန်းမှ ပြောသောကြောင့် ဦးအဒူအာဝဲလ်မှ အမှုဖွင့်ရန် သဘော မတူခဲ့ကြောင်း သိရှိရပါသည်။ ရိုဟင်ဂျာ များမီးရှို့သည်ဟူ၍ အမှုဖွင့်ရန် သဘောမတူ သောကြောင့် ရဲစခန်းမှ ငွေကျပ် ၅ သိန်း ပေးရန် တောင်း ခဲ့ သည်။
နောက်ဆုံးတွင် ရဲစခန်းကို ငွေကျပ် ၃ သိန်း၊ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် အား တစ်သိန်းနှင့် စရဖအား ငွေကျပ် တစ်သိန်း၊ စုစုပေါင်း ငွေကျပ် ၅ သိန်း ပေး ၍ ပေါ့ဆမီး ဟူ၍သာ အမှုပိတ် ခဲ့ရကြောင်း သတင်း ရရှိ ပါသည်။