ဗြိတိန် အောက်လွှတ်တော် ဥက္ကဌမှ ရိုဟင်ဂျာ၊ ရခိုင် ခေါင်းဆောင်များနှင့် တွေ့ဆုံ
(ဓါတ်ပုံ - ဦးရွှေမောင် Twitter) |
RB News
2.8.2013
ရန်ကုန် ။ ။ မြန်မာ နိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးရောက် ရှိနေသော ဗြိတိန် နိုင်ငံ အောက် လွှတ်တော် ဥက္ကဌ မစ္စတာ ဂျွန်ဘာကိုသည် ယမန်နေ့ နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့ရှိ ရိုဟင်ဂျာနှင့် ရခိုင် ခေါင်းဆောင် များကို ခေါ်ယူ တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။
ထိုသို့ တွေ့ဆုံရာတွင် မစ္စတာ ဂျွန်ဘာကိုနှင့် ကိုယ်စားလှယ် အဖွဲ့ တက်ရောက် ခဲ့ပြီး၊ ရိုဟင်ဂျာ များဘက် မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၊ DHRP ပါတီ ဥက္ကဌ ဦးကျော်မင်း၊ UNDP ပါတီ ဥက္ကဌ ဦးသာအေးနှင့် NDPD ပါတီမှ ဦးခင်မောင်မြင့် တို့တက်ရောက် ခဲ့ကြသည်။ ရခိုင်များ ဘက်မှ ရန်ကုန် တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ RNDP နှင့် ALD ပါတီများမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရှိ ရပါသည်။
တွေ့ဆုံပွဲတွင် ရိုဟင်ဂျာနှင့် ရခိုင် အသိုင်းအ၀ိုင်း နှစ်ခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး အတွက် အကျိုးရှိမည့် ဖြေရှင်းနည်း များကို အမြင်များ ဖလှယ်ကြပြီး၊ ရိုဟင်ဂျာ လူမျိုးများ၏ နိုင်ငံသား ဖြစ်ခွင့်၊ လူ့ အခွင့် အရေးနှင့် ရခိုင် ပြည်နယ် ငြိမ်းချမ်းရေး ကိစ္စ များကို အကျယ်တ၀န့် ဆွေးနွေး ခဲ့ကြကြောင်း ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ Twitter အကောင့်တွင် ရေး သား ဖော်ပြ ထားသည်။