နောက်ဆုံးသတင်း/ဆောင်းပါးများ

စက်ဘီးစီးလာသည့် လူငယ်ကို ရဲက ဆိုင်ကယ်ဖြင့် တိုက်ပြီး ရိုက်နှက် ဖမ်းဆီး

RB News
16.8.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ လမ်းမကြီးရှိ ဗလီကြီး ရှေ့ တွင် စက်ဘီးစီး လာသော ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရဲတစ်ဦးက ဆိုင်ကယ်ဖြင့် ၀င်တိုက်၍ ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နံနက် ၁၀ နာရီ ခန့်တွင် မောင်တောမြို့၊ ဗလီကြီးရှေ့တွင် စက်ဘီးစီး လာသော ရိုဟင်ဂျာ လူငယ် မိုဟာမတ် အုစ္စမန် (အသက် ၁၈ နှစ်) ကို မောင်တောမြို့ ရဲစခန်းမှ ဆရာလှမြင့် ဆိုသူက ဆိုင်ကယ်ဖြင့် ၀င်တိုက် ခဲ့သည်။ ဆိုင်ကယ်ဖြင့် တိုက်ခံ ရသော လူငယ်မှာ ခြေထောက်တွင် ဒဏ်ရာ ရရှိ သွားခဲ့သည်။ ဒဏ်ရာရရှိသွားသော လူငယ်ကို ဆရာလှမြင့်ဆိုသည့်ရဲမှ ထိုနေရာတွင်ပင် ရိုက်နှက်၍ ဖမ်း ဆီး ခေါ်ဆောင် သွားကြောင်း သိရှိရသည်။ 

ဆရာလှမြင့် ဆိုသည့် ရဲသည် မောင်တော မြို့ပေါ်တွင် ယခုကဲ့သို့ ပြဿနာ ကြီးငယ် ဖန်တီး၍ ဖမ်းဆီး ငွေညှစ် နေသည်မှာ ကြာနေပြီ ဖြစ်ကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

“ဒီနေ့ မနက် စက်ဘီးစီး တဲ့လူငယ်ကို ဆိုင်ကယ်နဲ့ ၀င်တိုက်တဲ့ ဆရာလှမြင့် ဆိုတဲ့သူက မောင်တောမှာ နည်းအမျိုးမျိုးနဲ့ ပိုက်ဆံ ရှာနေတာ ကြာပါပြီ။ ဖုန်းကိုင်တဲ့သူကိုလည်း ဘာလို့ ဖုန်းကိုင်လဲ ဆိုပြီး ငွေတောင်း တယ်။ မျက်စိရှေ့ တွေ့တဲ့သူ ဆီက အကြောင်း တမျိုး မဟုတ် တမျိုး ဖန်တီးပြီး ငွေညှစ်တဲ့ ရဲပါ။” ဟု မောင်တော မြို့မှ ဒေသခံ တစ်ဦးမှ ပြောပါသည်။ 

လွန်ခဲ့သည့် ဇူလိုင်လ (၃၀) ရက်နေ့ ကလည်း ရိုဟင်ဂျာ ဆိုက်ကား သမား တစ်ဦးက ရခိုင် တစ်ဦး စီး လာသော ဆိုင်ကယ် တစ်စီးကို အနည်းငယ် ပွတ်မိ သမျှ ဆိုက်ကား သမားကို ဖမ်းဆီး ခဲ့သည်။


Comment ရေးရန်

Rohingya Exodus