နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် ရိုဟင်ဂျာ သက်ကြီးတစ်ဦးကို ရခိုင် ၃ ဦးမှ သတိလစ်သည့် အထိ ၀ိုင်းရိုက်

RB News
4.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား တံတား အနီးတွင် ယနေ့ နံနက် ၁၀ နာရီကျော်တွင် ဇင်ပိုင်ညာ ရွာမှ ရိုဟင်ဂျာ သက်ကြီး တစ်ဦးအား ရခိုင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ၂ ဦး တို့မှ သတိလစ်သည့် အထိ ၀ိုင်းရိုက် ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

အသက် ၆၅ နှစ် အရွယ် ရိုဟင်ဂျာ အမျိုးသားသည် အသက် ၆၀ အရွယ် ၎င်း၏ ဇနီးနှင့် ၂၀ ကျော်အရွယ် သမီး တို့နှင့် အတူယနေ့နံနက်၁၀နာရီ ခန့်တွင် မောင်တော မြို့နယ်တောင်ပိုင်း၊ ဇင်ပိုင်ညာ ရွာ မှ မောင်တော မြို့ပေါ် သို့ဆေးကုရန် လမ်းစရိတ် မတတ်နိုင် သဖြင့် လမ်းလျှောက်၍ သွားခဲ့ သည်။ မောင်တောမြို့ အ၀င် ရွှေဇား တံတား အလွန်တွင် ရခိုင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး တို့မှ ရို ဟင်ဂျာ သက်ကြီးကို သတိလစ် သည့်အထိ တုတ်များဖြင့် ၀ိုင်းရိုက် ခဲ့ကြောင်း သိရှိ ရပါသည်။ 

အတူ လိုက်ပါ လာသော ဇနီးဖြစ် သူနှင့် သမီးတို့မှအနီး အနားရှိ လူများ ကိုအော် ဟစ်အကူအ ညီ တောင်းသော် လည်း အနားတွင် ရခိုင်အိမ် များသာ ရှိပြီး မည်သူ တစ်ဦး တစ်ယောက်မှ လာရောက်၍ ကူ ညီပေးခြင်း မရှိခဲ့ကြောင်း သိရပါသည်။ ၁၁ နာရီ ခန့်တွင် ရိုဟင်ဂျာ သက်ကြီး သတိရသည့် အခါ ရခိုင် တစ်ဦးမှ လာ၍ ရိုက်သူ များမှာ ဦးနှောက် မကောင်းသူ များဖြစ်ကြောင်း၊ အရူးများမှ ရိုက်သည့် အတွက် စိတ်မဆိုးရန် ပြောသည်ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။ 

“တကယ်တော့ ရိုက်တဲ့သူ တွေက အရူးတွေ မဟုတ်ဘူး။ အဲဒီနားက ရခိုင်ရွာ ရှိတော့ တော် ရုံ ဖြတ် သွား ဖြတ်လာ မလုပ်ကြဘူး။ အခုလည်း ဒီမိသားစုက လမ်းစရိတ် မတတ်နိုင်လို့ လမ်းလျှောက် သွားကြ တာမှာ အရိုက်ခံ ရတာပါ” ဟု အဆိုပါ ဒေသခံမှ ပြောသည်။ 

အဆိုပါ ဒေသခံမှ “ကျန်းမာရေး မကောင်းတဲ့သူ ရိုက်ခံရတော့ ပိုဆိုး တာပေါ့။ ၁၂ နာရီ လောက် မှာ မောင်တော က ဆေး ခန်းကို ရောက်ပြီး ဆေး ကုပြီး ပြန် သွားတယ်။ အသက်ကြီးတော့ ရဲစခန်းလည်း သွား မတိုင် တော့ဘူး။” ဟု ဆက်လက် ပြောပါသည်။


Comment ရေးရန်

Rohingya Exodus