နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတပ်ဖွဲ့ဝင်များ ဓါးပြတိုက်သည်ကို ရဲများဟု မထွက်ဆိုရန် အာဏာပိုင်များ ဖိအားပေးနေ

RB News
10.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်းတွင် စက်တင်ဘာလ (၈) ရက်နေ့နှင့် (၉) ရက်နေ့ ညများတွင် ရဲတပ်ဖွဲ့ဝင် များက ဓါးပြတိုက် ပြီးနောက်၊ တရားလို များကို ရဲတပ်ဖွဲ့ဝင် များဟု မထွက် ဆိုရန် အာဏာပိုင် များက ဖိအားပေး လျက်ရှိ ကြောင်း သတင်း ရရှိပါသည်။ 

စက်တင်ဘာလ (၈) ရက်နေ့ ညသန်းခေါင်ယံ (၉ ရက်နေ့ နံနက်) ၂ နာရီ ခန့်တွင်မောင်တော မြို့ နယ်၊ မြောက် ပိုင်း လောင်း ဒုံး ကျေး ရွာ အုပ်စု၊ ဖော့ကီ တောင် ရွာသို့ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့် ၀င်ရောက်၍ ဦးအဒူရာမန် (ဘ) ဦးလာလူး နှင့် ဦးရှုနာမျာ (ဘ) ဦးရှာကေရ် အဟမတ် တို့၏ နေအိမ်တို့ကို ဓါးပြ တိုက် ခဲ့ သည်။ အိမ်ရှင်များကိုဧည့်စာရင်းစစ်ရန်ဟု မြန်မာလို ပီပီသသ ပြောသဖြင့် တံခါးဖွင့်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိ ရှိ ရ သည်။ ၎င်းအိမ် နှစ်အိမ်မှ ငွေကျပ် သိန်း ၁၁၀ ကျော်တန်ဖိုးရှိ ရွှေ၊ ငွေများ လုယူ ခဲ့ သည် ဟု ဒေ သခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် အိမ်ရှင် များကို ခြိမ်းခြောက် ၍ သေနတ် နှစ် ချက် ပစ်ဖောက် ခဲ့သည်။ 

ဖော့ကီ တောင်ရွာသို့ မရောက်မှီ အဆိုပါ ရဲတပ်ဖွဲ့ဝင် များသည် ကြိမ်ချောင်း မြောက်ရွာကို ဖြတ်သန်း လာရာ အရပ်သား ကင်းသမား များက ဘယ်သူလဲဟု မေးမြန်း သဖြင့် ကင်းသမား (၄) ဦးကို လူမဆန်စွာ ရိုက်နှက်မှု ကြောင့် တစ်ဦးကို ကြိမ်ချောင်း တိုက်နယ် ဆေးရုံမှ တဆင့် မောင်တော ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသ နေရသည်။ ကင်းသမားများ အရိုက်ခံရပြီးနောက် ကင်းသမား တစ်ဦးက ကြိမ်ချောင်း ရဲစခန်းသို့ သွားရောက်၍ အကြောင်းကြား သော်လည်း စခန်းမှူး မရှိသဖြင့် “ဘာမှ မတတ်နိုင်၊ ကိုယ့်နေရာ ကိုယ်ကင်းစောင့်နေ” ဟုသာ ရဲစခန်းမှ ပြောသည် ဟုဆိုသည်။ 

“ကင်းသမားတွေ အရိုက်ခံ ရတာနဲ့ ရဲစခန်းကို အကြောင်းကြား တယ်။ ရဲစခန်းက စခန်းမှူး မရှိလို့ ဘာမှ မတတ် နိုင်ဘူး ဆိုပြီး ခေါင်းရှောင်တယ်။ ကျွန်တော်တို့က အချိန်မှီ အကြောင်းကြား ပေမယ့်လည်း မသိချင် ယောင်ဆောင် နေကတည်းက အားလုံး ကြံရာပါ ဆိုတာ သိသာတယ်။ အခု ဒမြ တိုက်သွားတဲ့ ရဲတွေနဲ့ ကြိမ်ချောင်း ရဲစခန်းက ရဲတပ်သား ဇော်ဇော်အောင်နဲ့ အချိတ် အဆက် ရှိတယ်လို့ သတင်း ထွက် နေတယ်။ ရဲတွေက ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ပါ၊ ဒါပေမယ့် ကျွန်တော် တို့ ပြည်နယ်မှာ ရှိတဲ့ ရဲတွေက တော့ ကျွန်တော်တို့ ရိုဟင်ဂျာ တွေကို ဒမြတိုက်ဖို့၊ လူတွေကို ညှင်း ပန်း နှိပ်စက်ဖို့၊ ငွေညှစ်ဖို့နဲ့ မုဒိန်းကျင့်ဖို့ နိုင်ငံတော် အစိုးရ လစာ ပေးပြီး ထားထားတာ” ဟု ဒေသခံ တစ် ဦးက RB News သို့ပြောပါသည်။ 

ဓါးပြတိုက် ခံရသည့် မိသားစု များကို ရဲစခန်းသို့ ခေါ်ယူ၍ ထွက်ဆိုချက် ယူရာတွင် ရဲဝတ်စုံဖြင့် မြင်သည်ဟု မပြောဘဲ အခြား ၀တ်စုံဖြင့် မြင်သည်ဟု အတင်း ခြိမ်းခြောက်၍ ထွက်ဆို ခိုင်းလျက် ရှိကြောင်း သိရှိ ရသည်။ 

အလားတူပင် မောင်တော မြို့နယ်၊ မြောက်ပိုင်း ငန်းချောင်း ကျေးရွာရှိ ဦးအက်ဘာရ်၏ နေအိမ် ကိုလည်း စက်တင်ဘာလ (၉) ရက်နေ့ ည ၁၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဧည့်စာရင်း စစ်မည်ဟု အကြောင်းပြပြီး၊ ၀င်ရောက် ဓါးပြ တိုက်ခဲ့ ကြောင်း သိရှိ ရပါသည်။ ဦးအက်ဘာရ်၏ နေအိမ်မှ သမီးများ ၀တ်ဆင် ထားသော ရွှေနားကပ် ၂ ရံနှင့် ငွေသား သိန်း ၂၀ ကျော် လုယူ သွားခဲ့သည်။ 

ဦးအက်ဘာရ်၏ မိသားစုကို ကြိမ်ချောင်း ရဲစခန်းနှင့် မောင်တော ရဲစခန်းသို့ ခေါ်ယူ သွားပြီး၊ ဓါးပြ တိုက်သူ များမှာ ရဲများ မဟုတ်ဘဲ၊ တစ်ဖက် နိုင်ငံမှ ၀င်ရောက် လာသူ များဖြစ်ကြောင်း ထွက်ဆိုရန် ဖိအားပေး လျက်ရှိ ကြောင်း စုံစမ်း သိရှိ ရပါသည်။ ဓါးပြ တိုက်သူ များမှာ အမှန် တကယ် ရဲများ ဖြစ်သော်လည်း၊ အာဏာပိုင် များမှ အမှန်တရားကို ဖုံးကွယ်ရန် အာဏာဖြင့် ခြိမ်းခြောက် ဖိအားပေး လျက် ရှိပါသည်။


Comment ရေးရန်

Rohingya Exodus