နောက်ဆုံးသတင်း/ဆောင်းပါးများ

WFP ၀န်ထမ်း ဇနီးမောင်နှံကို ခြိမ်းခြောက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ငွေ ၅ သိန်းယူ

မောင်သီဟ
RB News
28.6.2013

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် WFP ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့၌ တာဝန် ထမ်းဆောင် နေသော ဇနီး မောင်နှံ နှစ်ဦးအား ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်တောင်ပိုင်းတွင်နေထိုင်သောWFP ၀န်ထမ်း ဇနီး မောင်နှံ နှစ်ဦး သည် တရားဝင် နယ်စပ် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်၍ တစ်ဖက် နိုင်ငံသို့ ဇွန်လ (၁၃) ရက်နေ့မှ (၁၈) ရက်နေ့ထိ တရားဝင် သွားရောက် လည်ပတ် ခဲ့သည်။ 

အဆိုပါ ဇနီးမောင်နှံသည် ဇွန်လ (၁၈) ရက်နေ့တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့ရာ ရပ်ကွက် အုပ် ချုပ် ရေး မှူးဖြစ်သူ ဦးမောင်လှိုင်စိုးမှ ၎င်းတို့၏ နေအိမ်သို့ ညသန်းခေါင်ယံ (၁၂) နာရီ အချိန်တွင် ရောက်ရှိ လာပြီး၊ ဇနီးမောင်နှံ နှစ်ဦး ဖြစ်သည့် ဦးစလင်းမ်နှင့် ဒေါ်စန္ဒာမိုး တို့အား လူကုန်ကူးမှု ကျူးလွန်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ခြိမ်းခြောက် ပါသည်။ 

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးမှ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ နစကတို့နှင့် ပူးပေါင်း၍ အမြဲ တစေ မဟုတ်မမှန် စွပ်စွဲ ခြိမ်းခြောက်၍ ငွေညှစ် တတ်သူ တစ်ဦးဖြစ်ပြီး၊ ၎င်းတောင်းခံသော ငွေကြေး မပေး လျှင် မဟုတ်မမှန် အမှုဆင်၍ ရဲနှင့်နစက များအား ဖမ်းဆီးခိုင်းခြင်း များပြုလုပ် သောကြောင့် ဦးစလင်း မ်နှင့် ဒေါ်စန္ဒာမိုး တို့မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုး တောင်းသော ငွေကျပ် ၅ သိန်းကို ဇွန်လ (၁၉) ရက်နေ့တွင် ပေးခဲ့ရကြောင်း ဘူးသီးတောင် မြို့နယ်မှ ဒေသခံ တစ်ဦးမှ RB News သို့ပြော ပါသည်။ 

ဦးမောင်လှိုင်စိုးမှ ယခုကဲ့သို့ ဒုက္ခပေး နေသည်မှာ အချိန် အလွန်ကြာပြီ ဖြစ်သောကြောင့် ဒေသခံ ရိုဟင်ဂျာ များမှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးသို့ အကြိမ်ကြိမ် တိုင်ကြား ခဲ့သော်လည်း အရေးယူ ဆောင် ရွက် ခြင်း မပြုလုပ်သည့် အပြင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ၀န်ထမ်းများက ဦးမောင်လှိုင်စိုးနှင့် ပူးပေါင်း ၍ ငွေ ညှစ်ခြင်း လုပ်ငန်းကိုသာ လုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်လျက် ရှိနေကြောင်း သိ ရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus