နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့ မြောက်ပိုင်း၌ ရခိုင် ဓါးပြများ ဓါးပြတိုက်

RB News
1.10.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ရေတွင်းကျွန်း ရွာသို့ စက်တင်ဘာလ (၂၈) ရက်နေ့ ညပိုင်းတွင် ရခိုင် လူမျိုး ဓါးပြ ၁၅ ဦးခန့် ၀င်ရောက်ပြီး ဓါးပြတိုက် ခဲ့ကြောင်း သတင်း ရရှိပါ သည်။ 

စက်တင်ဘာလ (၂၈) ရက်နေ့ သန်းခေါင်ယံ ည (၁) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ရေ တွင်းကျွန်းကျေးရွာသို့ရခိုင်လူမျိုး ဓါးပြ ၁၅ ဦးခန့် ၀င်ရောက် လာပြီး၊ ဦးဘာဒူမျာ၏ နေအိမ်ကို သွားရောက် ၍ ဧည့်စာရင်း စစ်ရန် တံခါးဖွင့်ဟု ပြောဆို ခဲ့သည်။ အိမ်ရှင် ဖြစ်သူ ဦးဘာဒူမျာက ကျေးရွာ အုပ်ချုပ် ရေး မှူးမပါလျှင် တံခါး ဖွင့်ပေးမည် မဟုတ်ဟု ပြန်ပြောခဲ့သည်။ တစ်နာရီခန့် တိတ်ဆိတ် သွားခဲ့ ပြီးနောက် အ ဆိုပါ ဓါးပြ များက တံခါးကို ရိုက်ချိုး၍ အိမ်ထဲသို့ ၀င်ရောက်ပြီး မိသားစု ၀င်များ အားလုံးကို ကြိုးဖြင့် ချည်နှောင်၍ နေအိမ်ရှိ ရွှေငွေ တန်ဖိုး စုစုပေါင်း ၃၅ သိန်းကျော်ဖိုး လုယက် ယူဆောင် သွား ခဲ့ကြောင်း ဒေ သခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဓါးပြတိုက် နေစဉ် အတွင်း မိသားစု ၀င်များ အားလုံးမှ ပတ်ဝန်းကျင်ကို အော်ဟစ်၍ အကူအညီ တောင်းခံ ခဲ့သော်လည်း မိုးသည်းထန်စွာ ရွာသွန်း နေသဖြင့် ၎င်းတို့၏ အသံများကို ပတ်ဝန်းကျင်မှ မကြားသိ ခဲ့ဟု ဆိုသည်။ ထို့အပြင် ရွာလုံခြုံရေး တာဝန် ယူထားသည့် ကင်းသမား ၄ ဦးကိုလည်း အဆိုပါ ရခိုင် ဓါးပြ များက ရွာထဲသို့ အ၀င်တွင် ရိုက်နှက်ပြီး ခြေလက် များကို ချည်နှောင်၍ ထားခဲ့ကြောင်း သိရှိ ရပါသည်။ 

နံနက် မိုးလင်းသည့် အခါ ကျေးရွာ အုပ်ချုပ် ရေးမှူးမှ တဆင့် နယ်မြေ လုံခြုံရေးသို့ သွားရောက်၍ တိုင် ကြား ခဲ့သော်လည်း ယခု အချိန်ထိ အရေးယူရန် စုံစမ်း စစ်ဆေးခြင်း မရှိသေးဟု ဒေသခံ များက ပြော ပါ သည်။ 

မောင်တော မြို့နယ် မြောက်ပိုင်းတွင် လွန်ခဲ့သည့် လမှစ၍ ဓါးပြတိုက်မှု များအကြိမ်ကြိမ် ဖြစ်ပွား ခဲ့သော် လည်း အာဏာပိုင် များမှ ယခု အချိန်ထိ တရားခံ များကို ဖော်ထုတ် ဖမ်းဆီး၍ မရရှိ သေးပေ။ 

ဒေသခံ များ၏ ပြောကြား ချက်များ အရ အနီး အနားရှိ ရခိုင် ရွာများတွင် အိမ်တိုင်း လိုလို၌ တရားမ၀င် လက်နက် များသိုလှောင် ထားခြင်းကြောင့် ယခု ကဲ့သို့ ဓါးပြ တိုက်မှုများ ဒေသတွင်း ပိုမို များပြား လာမည်ကို ဒေသခံ ရိုဟင်ဂျာ များက အထူး စိုးရိမ်လျက် ရှိကြောင်း RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus