နောက်ဆုံးသတင်း/ဆောင်းပါးများ

ကွမ်းသီးပင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ ဆက်လက် ငွေညှစ်၊ မူးယစ် ရမ်းကား လျက်ရှိ

RB News
21.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကွမ်းသီးပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ သည် ဒေသခံ ရိုဟင်ဂျာ များထံမှ အကြောင်း အမျိုးမျိုး ပြ၍ ခြိမ်းခြောက် ငွေညှစ်ခြင်း၊ မူးယစ် ရမ်းကား၍ ဆဲဆိုခြင်း များ ဆက်လက် ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိ ပါသည်။ 

ဦးအထွန်းချေသည် စက်တင်ဘာလ (၁၈) ရက်နေ့တွင် နံ့သာတောင် မွတ်စလင်ရွာ နေ ဦးနူရ်အာလမ် (ဘ) ဦး အာဇီ မစ္စတာရီ အား နေအိမ် ပြုပြင် ဆောက်လုပ်သည်ဟု အကြောင်းပြ၍ ငွေကျပ် တစ်သိန်း ညှစ် ယူ ခဲ့ သည်။ ထို့အပြင် ဒေသခံ များအား အဆက် မပြတ် ညှဉ်းပန်း နှိပ်စက်ခြင်း ၊ ငွေညှစ်ခြင်း များ နေ့ စဉ်နှင့် အမျှ ပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

“ညှဉ်းပန်း နှိပ်စက်၊ ငွေညှစ်ရုံ တင်မဟုတ်ဘူး။ အရက်မူးပြီး ရွာထဲမှာ သောင်းကျန်းတယ်။ သူပြောတာက ဒီရွာ အုပ်စုမှာ သူက သမ္မတ သူ့နေရာမှာ ဘယ်သူ့မှ လာပြီး ဆရာ လုပ်လို့ မရဘူး။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တောင် သူ့ကို လာပြောလို့ မရဘူး။ ငါ့မှာ သိန်းစိန်ထက် ဥာဏ်ပညာ မြင့်မားတယ်။ အဲဒီ ပြောင်ကြီး မှာ ငါ့လောက် ဥာဏ်မရှိဘူး ဆိုပြီး နိုင်ငံတော် အကြီးအကဲ ပါမချန် ဆဲဆို ကြိမ်းမောင်း တယ်။ အဲဒီတော့ ကျွန်တော်တို့ ရွာသား တွေကို ဘယ်လို လုပ်လဲ ဆိုတာ စဉ်းစားကြည့်ရင် သိနိုင် ပါတယ်” ဟု အဆိုပါ ဒေသခံ မှ ပြောပါသည်။ 

ကွမ်းသီးပင် ကျေးရွာ အုပ်စု အပိုင်တွင် ရှိသော ကျီးကျွန်း၊ နတ်ကျွန်း၊ ပုဆိုးကျွန်း တို့တွင် နပခ ပိုင် ပုဇွန်ကန် များရှိသည်။ အဆိုပါ ပုဇွန်ကန် လုပ်ငန်း များကို နပခမှ ဒေသခံ အချို့နှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင် လျက်ရှိသော်လည်း ဦးအထွန်းချေမှ လုပ်ငန်း အကျိုးတူ လုပ်ကိုင် နေသည့် ဒေသခံ များကို လုံ ခြုံရေး အကြောင်းပြ ၍ သွားလာခွင့် ကန့်သတ် ထားသည်။ ထိုသို့ ကန့်သတ် ထားခြင်းမှာ ဦးအ ထွန်းချေ၏ ကိုယ် ပိုင် သဘော ဆန္ဒ တစ်ခုသာ ဖြစ်ပြီး ထိုကဲ့သို့ အနှောက် အယှက် ပေးခြင်းသည် ငွေညှစ် ရန် ကြိုး စား ခြင်းသာ ဖြစ်ကြောင်း ဒေသခံ များက ဆိုသည်။ 

နံ့သာတောင်မှ တောင်ပြို လက်ဝဲသို့ သွားသည့် တာပေါင်လမ်းကို အကြောင်းမဲ့ အသုံးပြုခွင့် မပေးဘဲ၊ ဒေသခံ များကို သွားလာခွင့် ကန့်သတ် ထားကြောင်း သိရှိ ရပါသည်။ ဒေသခံ များကို ဦးအ ထွန်းချေ က ၎င်း၏ ကျွန်ကဲ့သို့သာ သဘောထား၍ ၎င်း၏ သဘော ဆန္ဒ အတိုင်း ကန့် သတ် ခြင်း ပေါင်း စုံ ပြုလုပ်နေသောကြောင့် ဒေသခံ များ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပညာရေး ကိစ္စများ ဆောင် ရွက် နိုင်ခြင်း မရှိဘဲ နေ့စဉ်နှင့် အမျှ လူနေမှု ဘ၀ နိမ့်ကျ လာနေကြောင်း ဒေသခံ များ မှ ပြော ပါသည်။ 

ဒေသခံ များမှ ဦးအထွန်းချေ၏ လူမဆန်သော လုပ်ရပ် များကို နိုင်ငံတော် အစိုးရမှ အချိန်မှီ အရေး ယူ ဆောင်ရွက် ပေးရန် လိုလားကြောင်း RB News သို့ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus